သူမနှင့်အတူ

လင်းလက်ခဲ့တဲ့ အလင်းတစက် ပျောက်ကွယ် မသွားခင်ထိတော့ သူဟာ နှလုံးသားတစ်ခုလုံး ပိုင်စိုးတယ်…. ပတ်သက်ခဲ့တဲ့ တခဏ ဆုံးခန်း မရောက်ခင်ထိတော့ … သူဟာ .. နတ်သမီးတပါးပဲ … နေမဝင်ခင်တခဏ ဇာတ်သိမ်းခန်း မရောက်ခင်တခဏ ငါ့ကမ္ဘာဟာ အသာယာဆုံးပဲ … ။ (…….)

Rate this:

လူပ်ိဳၾကီးဇာတာ

လူပျိုကြီးဇာတာ ဘယ်သူမှ မသိအောင်လို့ ဟန်ဆောင်ချင်ပါတယ်ဆိုမှ နှလုံးသားထဲ အကြေအမွတွေကို … ကဗျာက ထုတ်ထုတ်ယူပြ နေပြန်ပြီ .. ခက်တော့ ခက်နေပြန်ပါပြီ … ရှုံးပါတယ်ဆို လှည့်အထွက်  .. အနားနားကပ်ပြီး .. ပြောလိုက်တဲ့စကားလေး ငါ့အတွက် နှစ်သိမ့်ဆုအဖြစ် သိမ်းထားပါတယ် အဲ့ဒါက .. နင်ပျော်ရွှင်ပါစေတဲ့ .. ငိုချင်လျှက် ပြုံးတဲ့ အပြုံးနဲ့ .. အသံအက်အက်ပြုကာ နင်ရောပဲနော်လို့ . အားအင်းပြုလို့ ခွန်းတုံ့ပြန်ခဲ့မိတယ် .. တကယ်တော့ ဒီဇာတ်လမ်းမှာ အောင်နိုင်သူနင်ဖြစ်သွားတာလား   ဟင် တကိုယ်တည်း တိတ်တိတ်လေး ပြောရင်း … ထီးတည်း ငါ့ဘဝအား … အားမငယ်ရလေအောင် သူပေးခဲ့ နှစ်သိမ့်ဆုအား ကော်ခြောက်တစ်ခုလို ပါးစပ်ထဲငုံကာ … ခွန်အားတွေ … More လူပျိုကြီးဇာတာ

Rate this:

ချစ်တတ်သည်

အင်း ကဗျာတွေ တန်းစီ တင်တယ်ဆိုပြီး ခံစားချက်တွေ အရင်းပြင်းထန်နေတယ် မထင်နဲ့ ..း) .. ။ တကယ်တော့ ခံစားတတ်တဲ့ နှလုံးသားမရှိပဲ ကဗျာဆိုတာ ထွက်မလာတတ်ဘူးဗျ .. ။  ခု ကဗျာဖတ်သူကို သတိပေးချင်တာက သိုသိုသိပ်သိပ်ပဲ ဖတ်သွားပါ ..  ဖတ်ပြီးလို့ တစ်ခုခုဆို ဘာနေ ကို အမှု မပတ်နဲ့ .. ။  ကဗျာတွေ သိပ်မရေးတတ်ဘူးဗျ ဒါပေမဲ့လည်း ကဗျာကို ချစ်တတ်တော့ ရေးတတ်သလောက်သာ ရေးလိုက်တာပါ .. ။ ဟတ်မထိရင်လည်း မထိထိအောင် ကဗျာကို ကိုင်ပြီး ဟတ် ကို ထိပေးဗျာ နော် .. 🙂 ။ ထားခဲ့ရက်တဲ့ သူ တစ်လုံးနှစ်လုံး … More ချစ်တတ်သည်

Rate this:

အချစ်ကဗျာ ရေးပြန်ပြီ

ခုတလော .. စိတ်က ကဗျာဘက်လှည့်သွားပြန်တယ် ကဗျာကလည်း အချစ်ကဗျာ ဖြစ်နေပြန်ပါတယ် .. ဒီဘလော့ ရေးသူကိုတော့ ခပ်ရူးရုးလို့ မထင်စေချင်ဘူးနော် .. ဘာလို့လဲဆို .. တရားနဲ့ ပတ်သက်တာလည်း ရေး ၊ အချစ်နဲ့ ပတ်သက်တာလည်းရေးဆိုတော့ကာ .. နည်းနည်း လမ်းလွဲနေသလားလို့ပါ .. ။ ဘာပဲဖြစ်ဖြစ်ဗျာ .. ပုထုဇဉ် ကျနော့်အဖြစ်မှာတော့ အချစ်ရေးနဲ့ မကင်းသေးတာမို့ .. တခါတခါ အချစ်ပါလာပါလိမ့်မယ် .. ပြီးတော့ လေ့လာထားစရာ ဗဟုသုတနဲ့ ၊ လူတိုင်း အတွက် ဓမ္မဆိုတာလည်း ပါချင်ပါပါမယ် ..။  တကယ်တော့ ကျနော့်ဘလော့ဟာ  ကျနော့်အတွေး ပေါ်တာတွေအဖြစ် ချပြခြင်းဖြစ်တာမို့ .. ဘလော့ပိုင်ရှင်ဟာ စိတ်မငြိမ်တဲ့ သူလို့ ယူဆနိုင်ပါတယ် … More အချစ်ကဗျာ ရေးပြန်ပြီ

Rate this:

နှလုံးသားကြွေးကြော်သံ

ဘာကိုမှ ထည့်မတွက်ပဲ ချစ်လို့ရမယ်ဆိုရင် ဆင်ခြင်တုံ အသိတရားတွေ ဘေးထားပြီး အချစ်ချည်း သက်သက်ဖြင့် ချစ်လိုက်ချင်ပါသည် ။ ခက်သည်က ခက်သည်မို့ မလွယ်ခြင်းတွေ ရှင်သန်နေလေတော့ ခံစားမှု ချစ်ခြင်းသည်လည်း ကန့်သတ်ချက်နယ်မြေအတွင်းမှာ လိုင်စင်နဲ့သာ လှုပ်ရှားခွင့် ရှိလေတော့သည်။ တဖျတ်ဖျတ်ခါနေတဲ့ နှလုံးသားက ရံဖန်ရန်ခါ အိပ်စက်ချင်တယ်လို့ ဆိုပေမဲ့ အသိဥာဏ်ရဲ့ထိန်းချုပ်မှုအောက်မှာ စက်ရုပ်တစ်ခုဖြစ်နေခဲ့တာတော့ မကျေနပ်နိုင်စရာ  ..။ အဟောင်းကိုဖုန်သုတ် အသစ်လုပ်လို့ မရသလို .. အသစ်ကို ဖုန်ပက်ပြီး အဟောင်းကြီးပါလို့လည်း ဆိုလို့မရလေတော့ တကယ်တမ်း နှလုံးသားရဲ့ စစ်ချက်ထုတ်လိုက်မယ်ဆိုရင် ..  ချစ်သည်က ချစ်သည်ပါပဲလေ… ။ ချစ်တာကြီးကို မလိုချင်ပါဘူးဆိုပြီး အဝေးကို လွှင့်ပစ်ချင်နေပေမဲ့လည်း နှလုံးသားက အသေတပ်ဆင်ထားလေတော့ ရိုက်ချိုးမှပဲ  အဆင်ပြေမယ်ထင်ပါတယ် ..။ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုလည်း … More နှလုံးသားကြွေးကြော်သံ

Rate this: