အတိုဆုံးလမ်း

လေပြေက အေးအေးလေး အလာလမ်းက ညင်ညင်ကလေး ရင်တွင်းဗဟိုချက်သို့ ခဏ နားပြီးတဲ့အခိုက် အပြန်လမ်းအတွက် လေပြေက နွေးသွားတယ် ဒီလိုနဲ့ အကြိမ်ကြိမ် မရေတွက်နိုင်အောင် သူလာတယ် သူပြန်တယ် …… အဲ့ဒီ ဝေါဟာရ နှစ်ခုကြားမှာ .. လူးလွန့်နေတဲ့ စိတ်ကလေးက တစစ အနည်ထိုင်လာတယ် တဖြည်းဖြည်း ကြည်လင်လာတယ် တရေးရေးနဲ့ အေးချမ်းစပြုလာတယ် ငြိမ်းချမ်းခြင်းကို စတင်တွေ့လာတယ် ဒီလိုနဲ့ အတွင်းစိတ်ရဲ့ အသိက ဘာက ဘာဆိုတာ သိလာတယ် အဲ့ဒါဟာ ငြိမ်းချမ်းခြင်းကို သွားတဲ့ အတိုဆုံးလမ်းပဲ .. ။ ဘာနေ

Rate this:

ဖြတ်တောက်ခြင်း

အာရုံများ စေစားရာဖြစ်သော လူ့သဘာဝမှာ .. အချိန်တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေသော စိတ်အစဉ်တန်းကို .. ဖြတ်တောက်နိုင်ခြင်းမရှိပဲ … ရေဆုံး ကုန်းဆုံးအထိ လိုက်တွေးတတ်လေသည် ။ မနက်သည် ၊ ပြီးခဲ့တဲ့ မနေ့သည် ၊ ဟိုး အတိတ်တွေသည်  စသဖြင့် မလိုအပ်တဲ့ စိအာရုံတွေပေါ်မှာ မောဟ ဟုခေါ်သော ကိုယ်ဘာတွေးလို့ တွေးနေမှန်းမသိတဲ့ စိတ်များဖြင့် ကုန်ဆုံးခဲ့လေသည် ။ ထိုအရာတွေသည်ပင် ယခု ကျွန်ုပ်တို့တတွေ ရောက်ရှိနေသာ နေရာ၏ ၊ ရောက်ရှိနေသော စိတ်နေစိတ်ထား၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်လေသည် ။ မိမိတို့ဘ၀တွေနဲ့ ပတ်သက်လို့ လူတိုင်း ကြီးမြတ်ချင်သည် ။ ကြီးပွားချမ်းသာလိုကြသည် ။ ဇိမ်ခံပစ္စည်း မြောက်များစွာဖြင့် ဇိမ်ခံပြီး နေချင်ကြသည် ။ … More ဖြတ်တောက်ခြင်း

Rate this:

သုံးလီ

သုံးလီ လူ့လောကကြီးအတွက် အရေးကြီးသော အရာ .. အရေးအပါဆုံးသော အရာ .. အသုံးပြု အများဆုံးသောအရာ သုံးခုကို ဖော်ပြရရင်ဖြင့် .. ကိုယ် ၊ နှုတ် ၊ စိတ် သုံးခုပါ ပဲ ။ ကျနော် ဆိုလိုတဲ့ သုံးလီဆိုတာ အဲ့ဒါပါ ။ ကံ ဆိုတာ အလုပ် သို့မဟုတ် ပြုမူလုပ်ဆောင်ခြင်းပါ ။ ကာယ ဆိုတာက ကိုယ်ခန္ဓာလို့ အဓိပ္ပါယ်ရပြီး ကာယကံ ဆိုတာကတော့ ကိုယ်ဖြင့် ပြုမူခြင်း ဆိုတဲ့ အနက်ပါ .။ ငယ်ငယ်က အဲ့ဒါလို့ ဆိုခြင်းကို မသိခဲ့တာ အမှန်ပါ ။ နောက်မှ သိလာရတာပါ ။ ဝစီ ဆိုတာကတော့ နှုတ်ကို … More သုံးလီ

Rate this:

လူမှာ တပ်မဲ့ ဘရိတ်

ဘရိတ် တဲ့ ဘာဘရိတ်လဲ ဆိုတာ သိချင်နေပါလိမ့်မယ် ။ ကားတွေ ၊ စက်ဘီးတွေ ၊ လေယဉ်တွေ စသဖြင့် အရှိန်နဲ့ သွားလာတဲ့ ယဉ်မှန်သမျှမှာ အရှိန်ထိန်း ဘရိတ်တွေ တပ်ထားကြတာ သိကြမှာပါ ။ ထို့အတူပဲ ကျနော်ဆိုလိုတဲ့ ဘရိတ်ဟာလည်း လူမှာ တပ်ဆင်တဲ့ ဘရိတ်တမျိုးပါပဲ ။ ဘရိတ်ဆိုတာဟာ စီးဆင်းနေတဲ့ အရှိန်ကို အရှိန်နှေးနှေးသွားပြီး ရပ်တန့်စေဖို့ ထိန်းတဲ့ ကိရိယာပါ။ ထူးဆန်းတယ်လို့ မဆိုလိုချင်ပါဘူး ။ ဒါပေမဲ့ ထူးဆန်းသလိုဖြစ်အောင် ဘရိတ်ဆိုပြီး သုံးနှုန်းလိုက်တာပါ။ ကျနော်တို့တတွေ နေ့စဉ် နိစ္စဓူဝ နယ်ပယ်မှာ .. အတွေးအမျိုးမျိုး ၊ အမြင်အမျိုးမျိုး ၊ အာရုံအမျိုးမျိုး စသဖြင့် တွေ့ကြုံနေရပါတယ် ။ အဲ့ဒီအရာတွေကြားထဲမှာ … More လူမှာ တပ်မဲ့ ဘရိတ်

Rate this:

သိနေပြီးသားတွေပါ… သို့သော်..

လောကကြီးထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ မှန်သမျှ အစရှိသလို အဆုံးဆိုတာလည်းရှိပါတယ် ..။ စလိုက်မိတဲ့ အစတစ်ခုဟာ သူ့ပင်ကို တစ်ခုလုံးရဲ့ သက်ေ၇ာက်မှု အရှိန်ကုန်သွားရင် ဆုံးသွားတာပါပဲ .. ။ ထို့အတူ လူ့ဘဝဟာလည်း တူတူပါပဲ .. ကျနော်တို့ လုပ်ရပ်တွေရဲ့ သက်ရောက်မှုကြောင့်သာ သံသရာကြောမှာ မဆုံးနိုင်ပဲ မျှောနေရတာပါပဲ ..။ လူသားဆိုတဲ့ ကျနော်တို့ ယခုဘဝမှာ အသိဥာဏ် ဓမ္မတံခါး မဖွင့်နိုင်ရင်ဖြင့် အဆုံးသတ်နိုင်မည်မထင်ပါဘူး …။ တကယ်တော့ ဖြစ်စဉ်တွေက ရိုးရိုးလေးပါ ..။ ဒါလုပ်လို့ ဒါဖြစ်လာတာ…။ ဒါမလုပ်ရင် ဒါမဖြစ်ဘူး ။ အဲ့ဒီလိုပဲ ပုံစံအမျိုးမျိုး ခံစားမှု အမျိုးမျိုးတွေဟာလည်း ပြုလုပ်လိုက်တဲ့ ကံကြောင့်  အကျိုးအဖြစ် ထင်ပေါ်လာတာတွေပါပဲ ..။  စိတ်ခံစားမှု အပိုင်းမှာ … More သိနေပြီးသားတွေပါ… သို့သော်..

Rate this:

လက်ဦးမှု ရှိပြီးသား

  ကျနော်တို့တတွေ ယခု ကျနော်တို့ ရနေတဲ့ ဘဝအတွက် ကျေနပ်ပါပြီလို့ ဆိုတဲ့သူ ခပ်ရှားရှားပါ ။ မလိုချင် ဖြစ်နေတဲ့သူ နဲ့ ရနေတဲ့ အခြေအနေကနေ ဒီ့ထက်ကောင်းတာကို ရလို့ရငြား ဆက်လှမ်းနေတဲ့သူတွေဆိုပြီး အများအားဖြင့်ရှိကြပါတယ် ။ တချို့ကလည်း ဘဝအတွက် ကောင်းမွန်တဲ့ အားထုတ်မှုတွေကို လုပ်ဖို့ အချိန်မရဘူးဆိုပြီး ပြောတတ်ကြသေး ။ ဟုတ်တော့လည်း ဟုတ်ပါတယ် အလုပ်ဝင်နေတဲ့သူတွေမှာ သာမန်အမြင်အားဖြင့် ကြည့်မယ်ဆိုရင် အားဖို့နေနေသာသာ နိစ္စဒူဝအလုပ်တွေနဲ့ မအားလပ်ကြပါဘူး ။ လက်ရှိ ဖြစ်ပျက်နေတဲ့ ဘဝအကြောင်း တွေးဖို့နေနေသာသာ ယားလို့တောင် ကုပ်နိုင်တာ မဟုတ်ဘူးဟု တချို့က ဆိုကြပြန်လေတော့ … မိမိအမြင်မှာဖြင့် ..ခက်သည်ထက် ခက်သည်ပဲ ပြောချင်ပါတော့တယ် ။ အဲ့ဒီလို သေသည်အထိ မအားဘူး၊ … More လက်ဦးမှု ရှိပြီးသား

Rate this: