သုံးလီ

သုံးလီ လူ့လောကကြီးအတွက် အရေးကြီးသော အရာ .. အရေးအပါဆုံးသော အရာ .. အသုံးပြု အများဆုံးသောအရာ သုံးခုကို ဖော်ပြရရင်ဖြင့် .. ကိုယ် ၊ နှုတ် ၊ စိတ် သုံးခုပါ ပဲ ။ ကျနော် ဆိုလိုတဲ့ သုံးလီဆိုတာ အဲ့ဒါပါ ။ ကံ ဆိုတာ အလုပ် သို့မဟုတ် ပြုမူလုပ်ဆောင်ခြင်းပါ ။ ကာယ ဆိုတာက ကိုယ်ခန္ဓာလို့ အဓိပ္ပါယ်ရပြီး ကာယကံ ဆိုတာကတော့ ကိုယ်ဖြင့် ပြုမူခြင်း ဆိုတဲ့ အနက်ပါ .။ ငယ်ငယ်က အဲ့ဒါလို့ ဆိုခြင်းကို မသိခဲ့တာ အမှန်ပါ ။ နောက်မှ သိလာရတာပါ ။ ဝစီ ဆိုတာကတော့ နှုတ်ကို … More သုံးလီ

Rate this:

လောဘရဲ့ နောက်ကွယ်

လူသားသက်ရှိတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဆိုပြီး ထိုနှစ်ခုနှင့် သက်ဆိုင်ချက်များဖြင့် တနေ့တာကို ဖြတ်သန်းရင်း ဘဝကို အချိန်ကုန်လွန်စေခဲ့တာပါ။ လူသာမန် တစ်ယောက်မှာ လောဘ ရှိမယ်၊ ဒေါသရှိမယ်၊ မောဟရှိမယ်။ လူတိုင်း သူတို့ကိုသူတို့မှာ ဒါတွေ ရှိမှန်းသိကြပါတယ်။  ဒါတွေရှိတာ မကောင်းမှန်းလည်းသိပါတယ် ။ ဒါပေမဲ့ အဲ့ဒါတွေကို မညည်းမငြူ လိုလိုလားလား ကျင့်သုံးနေကြတာကတော့ မိုက်မဲတာလား ဒါမှမဟုတ် လောဘ၊ ဒေါသ၊ မောဟ ကလွဲလို့ တခြားအရာတွေနဲ့ ဖြတ်သန်းလို့ ရတယ်ဆိုတာကို မသိတာလား ဆိုတာ တွေးတောစရာပါ ။ ကျနော်တို့ နေ့စဉ်  ကျင့်သုံးနေတဲ့ အဲ့ဒီအရာသုံးခု ဟာဖြင့် မတူပေမဲ့  အတူယှဉ်တွဲပြီး မိမိတို့ အကျင့်သိက္ခာကို  ချိုးဖဲ့တတ်ကြပါတယ် ။  အများဆုံးဖြစ်လေ့ရှိတာ … More လောဘရဲ့ နောက်ကွယ်

Rate this: