ဘဝမိတ်ဆွေ

ဘဝမိတ်ဆွေ ထင်မှတ်မထားပဲ နှလုံးသားနှစ်ခု ရင်းနှီးမှုပြုကြပါတယ် ဘယ်တော့မှ မပျက်သုဉ်းမဲ့ .. သံယောဇဉ်ကြိုးလေးနဲ့တဲ့ တစ်ယောက်အပူ တစ်ယောက်ကူလို့ ခင်မင်ရင်းနှီး တမိတည်းဖွားအလား ထိခိုက်မှုရင်ခွင်တွေ အလဲအလှယ်လုပ်ကြ ပခုံးတွေ ဆက်ကာထားပြီး .. လဲလှယ်ကြ အဲ့ဒီဘဝ .. ခုံမင်နှစ်သက် ငါမမေ့ရက်နိုင်ပါဘူး တသက်တာအတွက် သတ်မှတ်ကာထားလျှက် အားပေးတယ် ဖေးမတယ် ကူညီမယ်တဲ့ ကြင်နာလိုက်တဲ့စကား .. အနားကကို မခွါချင်သလို သြော် .. ဘဝမိတ်ဆွေ . ဘဝမိတ်ဆွေ တိုင်းတာရတာ … တန်ဖိုးက တယ်ကြီးပါလားနော် … ။ ဘာနေ 21.မတ်လ.2012

Rate this: