သစ်ကြို (၂ )

ပထမပိုင်း ကို ဒီနေရာကနေ ( သစ်ကြို ) အရင် ဖတ်ပါ ကျွန်ုပ်သည် ငယ်ငယ်က လှည်းမောင်းရာတွင် လမ်းဘေး သစ်ပင်ဖြစ်ဖြစ် အိမ်အဝင် တံခါးတိုင်ကိုဖြစ်ဖြစ် လှည်းဝန်ရိုးဖြင့် ချိတ်လေ့ရှိသည် ။ နွားများကို မထိန်းတတ်ပါက ပိုပြီး ဆိုးလေသည် ။ လမ်းအဖြောင့်ဆိုရင် ကိစ္စမရှိ လမ်းအကွေ့ရောက်ရင်ဖြင့် သတိထားရလေသည် ။ ယခုသစ်တိုက်ထွက်ရာမှာ မနက် လေးနာရီမို့ ပတ်ဝန်းကျင်ကို ဘာမျှ မမြင်။ အပင်အုပ်အုပ်ဆိုင်းဆိုင်း နေရာရောက်ရင်ဖြင့် ဘာမှန်းမသိတဲ့ တစ္ဆေသရဲကိုလည်း ကြောက်လိုက်ရသေးသည် ။ကြောက်သည်ဟုဆိုသော်လည်း မျက်စိက အငြိမ်မနေ မဲမဲမြင်ရာ လိုက်ကြည့်တတ်ပြန်သည် ။ သူများပြောစကားကြားပြီး လန့်ရတဲ့ နေရာမျိုးတွေလည်း ရှိသည်။  လှည်းအဖွဲ့တောင့်သည်မို့ ထိုအချိန်တွင် မည်သည့် သုတ်သာန်နေနရာက ဖြတ်ဖြတ် ကြောက်စိတ်တော့ … More သစ်ကြို (၂ )

Rate this:

သစ်ကြို

တောရွာတစ်ရွာမှ ကျွန်ုပ် ကြီးပြင်းခဲ့ရသည် ။ ဒါကြောင့် တောသားဟု ကျွန်ုပ် မိမိကိုယ်ကို အသိအမှတ်ပြုသည် ။ တောရွာတွင် တောင်ယာလုပ်ငန်းတွေဖြင့် အသက်မွေးသည်မို့ ကျွဲနွားတွေဖြင့် ရင်းနှီးမှု ရှိခဲ့သည် ။ ကျွန်ုပ်မွေးနယ်သည် နွားများကိုသာ အများအားဖြင့် ခိုင်းလေ့ရှိသည် ။ အိမ်တိုင်းတွင် နွားထီး နှစ်ကောင်နှင့် ထို့ထက်ပို၍ ထားလေ့ရှိကြသည် ။ ထို့ပြင် နွားမအုပ်တွေလည်း မွေးမြူထားကြသေးသည် ။ ဤအရာသည် ကျွန်ုပ် မွေးဖွားခဲ့သော ကျေးရွာဓလေ့ရဲ့ သဘာဝပင်ဖြစ်သည် ။ တနေ့ ကျွန်ုပ် စိုက်ခင်းတွေကနေ အလုပ်လုပ်ပြီး အပြန် မောပန်းတာမို့ အိမ်ကို အမြန်ရောက်ရန် စိတ်ကူးဖြင့် မျှော်ကိုးတကြီးဖြင့် ဝင်လာလိုက်သည် ။ ရေဆာနေသဖြင့် ရေအိုးနားသို့ ရောက်လေသည် ။ ရေတခွက်ခပ်ပြီး … More သစ်ကြို

Rate this: