စိတ်နဲ့ ဘဝ

ထိန်းပါလေ့ ဒီစိတ် .. တဒိတ်ဒိတ်နဲ့ သူခုန် ပါလေရာ သူထိပ်ဆုံးက ရောက်တတ်ပါ့ နေရာစုံမှာ အလိုလိုက် အကြိုက်ဆောင်ပါက ခါးချည့်လို့ ကျန်ခဲ့မှာ ထိပ်ဆုံးက သူနေတာ သူမပါရင်လည်း မဖြစ်သေး ချော့ချော့လေးထိန်းပါမှ ပျော့ပျော့လေး လိုက်ပါမှာ သူ့ကိုယ်သူ သူမြှင့်မှ ထိပ်ဆုံးသို့ တက်လေတာ သူ့ကိုယ်သူ သူနှိမ့်က အောက်ဆုံးသို့ ဆင်းလေတာ ခင်တွယ်စရာ ဖြစ်ပြန်တော့ ရစ်ဖွဲ့လေ့ သူ့ပုံမှာ ခံစရာခံ စံစရာစံ သူစေတဲ့အတိုင်းပေ မို့  .. သတိလေးထားနိုင်မှ ဒီကွေ့က တက်နိုင်မှာ မလွယ်ပြန်ပါ ဒီစကား လူတိုင်းက သုံးပြန်တာ ထိန်းချုပ်လို့ မလွယ်ပါ .. မရဘူးတော့ မရှိသေး အဆင်ပြေ ပြေလည်ရေးကိုပ သိချင်သပ ဆိုရင်ဗျာ ဝေးဝေးကို သင်မကြည့်နဲ့ … More စိတ်နဲ့ ဘဝ

Rate this:

ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ

(ဒီပို့စ်မှာ ဟာသမရှိဘူး ၊ ရသမရှိဘူး ၊ အတွေးအခေါ်ပဲ ရှိတယ် ။ ဒီတော့ လက်ခံမှ ဖတ်ပါ ။) ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ လူတစ်ယောက်ရဲ့ ဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာ သိမှု ရှိပါက အရာရာကို ဖြေရှင်းပြီး ပဲကိုင်လို့ရတတ်ပါတယ် ။ ဘယ်လိုသိမှုလဲဆိုရင် ကိုယ့်မှာ ဖြစ်နေတဲ့ စိတ်အမျိုးမျိုးအထွေထွေ စတဲ့ သောကတွေကို အမှန်သိမှုနဲ့ ခွဲခြားနိုင်ခြင်းပါ  ။ ထိုသို့ခွဲခြားနိုင်တဲ့ လူဟာ လူ့ဘဝမှာ နေတတ်သွားတဲ့ သတ္တဝါ ဖြစ်သွားပါလိမ့်မယ် ။ ဥပမာ – လူတစ်ယောက် စိတ်ဆိုးတယ်ဆိုပါစို့ ထိုသူဟာ သူ့စိတ်ဆိုးခြင်း အကြောင်းအရာကို တကယ်မသိဘူးဆိုရင် စိတ်ဆိုးခြင်ကို မရပ်နိုင်ပဲ ဆက်လက်ဆိုးနေအုံးမှာပါပဲ  ။ ထိုသို့မဟုတ်ပဲ သူစိတ်ဆိုးနေတဲ့ အကြောင်းအရာကို သေချာခွဲခြားနိုင်ပြီဆိုရင်တော့ စိတ်ဆိုးခြင်းဟာလည်း … More ရွှံ့ရုပ်နှလုံးသားနှင့် မသိစိတ်ရဲ့ခြေရာ

Rate this:

ဒေါသော

ဒေါသော ဒေါသအကြောင်းကို ပြောချင်လို့ ဒေါသောဆိုပြီး ခေါင်းစဉ်တပ်လိုက်တာပါ ..။ ဒေါသ အကြောင်း ပြောမယ်ဆိုလို့ .. ကျနော် ငယ်ငယ်က ဒေါသ တော်တော်ကြီးတာပါ ။ သို့သော် ခုတော့ နည်းနည်း ဒေါသနည်းတယ်လို့ ပြောရမလား ဒါမှမဟုတ် ထိန်းထားတယ်လို့ ပြောရမလား ပဲ .. တစ်ခုခုတော့ တစ်ခုခုနဲ့ပါ ။ တခါတခါ ဒေါသထွက်ပါတယ် သို့သော် စိတ်ထဲတင်ပဲ ပြီးသွားတာတွေ ရှိပါတယ် ။ တော်ရုံတန်ရုံ ဒေါသ အပြင်မထွက်လာတတ်ဘူး ။ တချို့ကလည်း သဘောကောင်းတယ် ဆိုပြီး သတ်မှတ်ကြပါတယ် ။ ထိုအထင်ဟာ ဟုတ်ချင်လည်း ဟုတ်ပါမယ် .. ဟုတ်ချင်မှလည်း ဟုတ်ပါမယ် ။ တစ်ခုခုပဲလို့သာ ကိုယ့်ကိုယ်ကို ယူဆပါတယ် ။ … More ဒေါသော

Rate this:

ဂရုစိုက်ခြင်း

ကျနော်တို့တတွေ ဂရုစိုက်ခြင်းဆိုတဲ့ အရာကို ငယ်ငယ်လေးကတည်းက နားလည်လာခဲ့ကြပေမဲ့ သူ့ရဲ့ နက်နဲမှုကို သေချာ မသိခဲ့ကြဘူး ..။ အများအားဖြင့် အပေါ်ယံလောက်ကိုသာ သိပြီး စိတ်ထဲ နှစ်ပြီး မထားတတ်ကြဘူး ..။ တချို့လည်း အပေါ်ယံသာ ဂရုစိုက်သယောင် ရှိတတ်ပြီး စိတ်ထဲ မပါတတ်ကြပြန်ပါဘူး ။ အဲ့ဒီလို အမျိုးမျိုး အထွေထွေ ရှိတတ်ပြန်ရာ အံဝင်ခွင်ကျ ဂရုစိုက်ခြင်း ဆိုတာဟာလည်း ရှားပါနေပါတယ် ။ ဂရုစိုက်ခြင်းဟာ ဘာလဲဆိုရင် သာမန်လုပ်နေကြ ၊ ဖြစ်နေကြ လမ်းကြောင်းကနေ သွေဖီပြီး ဆိုးကျိုး ဖြစ်မှုတွေကို တားဆီးတဲ့ အနေနဲ့ ၊ ပြုပြင်ပေးတဲ့ အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဆိုလိုချင်တာပါ ။ ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ ဂရုစိုက်ခြင်းမှာ .. ကိုယ့်ကိုယ်ကို … More ဂရုစိုက်ခြင်း

Rate this:

ဒီမနက်

နိုးထလာတဲ့အခါ ဒီမနက် ဒီလိုတွေးမိသွားလို့ ခေါင်းစဉ်ကို ဒီမနက် ဆိုပြီး တင်ပြထားတာပါ .. ။ ဘယ်လိုအတွေးမျိုးလဲဆိုရင် .. မနက်စောစော အိပ်ယာအထမှာ ကိုယ်ကိုယ်တိုင် ဘာတွေစဉ်းစားနေမိလဲဆိုတာ သတိထားမိလိုက်တော့ … ချေချေမြစ်မြစ်မရှိတဲ့ အတွေးတွေပဲ တွေးပြီး အိပ်နေသလိုနဲ့ နိုးထနေရင်း  အိပ်ယာပေါ် ပက်လက်လှန်စဉ်းစားနေတဲ့ပုံစံ ။ ဘာစဉ်းစားနေလဲဆိုရင် အရေးမပါတဲ့အတွေးတွေချည်းပဲ .. ခက်တာက .. ဘာလို့မြန်း ဒါတွေပဲ အတွေးထဲ ဝင်နေတာပါလဲ ဆိုတာပါ။ အဲ့ဒီအချိန် ထပ်စဉ်းစားမိပြန်တာကတော့ .. ကိုယ်ကိုယ်တိုင် ပရမ်းပဒါ ဖြစ်နေတဲ့ အတွေးတွေကို လက်ခံစဉ်းစားမိလို့ ဒီအတွေးတွေပဲ မိမိခေါင်းထဲ ဝဲလှည့်နေတယ်ဆိုတာပါ ပဲ ။ ဖြစ်နေကြတာ .. ဒီလို တကယ်တော့ စိတ်ကသာတွေးလေတော့  လက်တွေ့ မှာ … More ဒီမနက်

Rate this: