သင်္ခါရ

…………………. နေ့ရက်တွေနဲ့အတူ လေယူရာ တိမ်းတိမ်းသွားတဲ့ နုပျိုရှင်သန်ခြင်းများ … နေ့ရက်တွေနဲ့အတူ အမာရွတ်တွေ ထပ်ထပ်သွားတဲ့ ခံစားချက် ဒဏ်ရာများ… နေ့ရက်တွေနဲ့အတူ တနေ့တခြား တိုးတိုးလာတဲ့ ဘာသာဗေဒ အသစ်သစ်တွေနဲ့…. စိတ်ကူးများ .. ရွက်လွှင့်ခြင်းများ အသက်မက တန်ဖိုးထားခြင်းများ သံယောဇဉ်တွေ.. ချစ်ခြင်းတရားတွေ မြတ်နိုးခြင်းများ .. နာကျင်ခြင်းများနဲ့ ခံစားချက် အဖုံဖုံတို့တွေသည် … နေ့ရက်အချိန်တို့နဲ့အတူ ဝေလွင့်ပျက်သုဉ်း ကွယ်ပျောက်ခဲ့သည် သာချည်း…။ (2-4-2014)

Rate this: