အမေ

အမေ ကျနော့် အသက်တွေကြီးလာပေမဲ့ ကျနော့ နှလုံးသားထဲမှာ အမေ မအိုသေးပါဘူး အမေ.. ။ အမေ ကျနော့် အပေါ်မျာ အမေ့ကျေးဇူး ကြီးမားပေမဲ့ ကျနော် ကြေအောင် မဆက်နိုင်သေးဘူး အမေ……။ အမေ ကျနော်နဲ့ ဒီသံသရာမှာ ဆုံဖြစ်ပေမဲ့ သံသရာ တဖက်ကမ်းကို လမ်းမပြနိုင်သေးဘူး အမေ .. (ခွင့်လွှတ်ပေးပါ နော် ) အမေ .. ကျနော့် နှလုံးသားရပ်ဝန်းမှာ ကြယ်စင်တွေ ပတ်ပတ်လည်ရှိပေမဲ့ အားလုံးဟာ လမင်း မေမေကို မမှီနိုင်ပါဘူး မေမေ.. အမေ အမေ့ဂုဏ်ကျေးဇူးအတွက် ခိုင်းနှိုင်းစရာတွေရှိပေမဲ့ ပမာပြုပြီး တင်စားရတာ ကျနော် အားမရဘူး အမေ .. အမေ အမေ့မေတ္တာ အစုန်သာ ရှိတယ် ဆိုပေမဲ့ … More အမေ

Rate this:

Good Bye 2011 And Happy New Year 2012

နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကို ရောက်ရှိတဲ့အခါ လူတိုင်းလို စိတ်တွေထဲမှာ လတ်ဆတ်ခြင်း တွေ အနည်းအများဖြစ်ကြပါတယ် …  ထို့အတူ သင်လည်း ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် … ။ ပြီးခဲ့တဲ့ နှစ် 2011 မှာ ကျနော့်ဘလော့ရဲ့ အမှတ်တရ အဖြစ် ယခုပို့စ်ကို တင်လိုက်တာပါ … ။ ကွန့်မန့် အများဆုံးပေး သူများကိုလည်း ရွေးချယ်ထားပါတယ် ..း) ။ ဒီအောက်က ပုံကတော့ .. 2011 ရဲ့ Annual report အဖြစ် ယခုတင်ထားတဲ့ wordpress ဆိုဒ်မှ Cheer လုပ်ထားတာပါ ။ ဘလော့ပိုင်ရှင်တိုင်း ကိုယ့်ဘလော့ကို လူကြည့်များရင် သဘောကျလေ့ရှိပါတယ် .. ကျနော်လည်း ထို့အတူပါပဲ … More Good Bye 2011 And Happy New Year 2012

Rate this:

အဖေ

အဖေ အမေကိုသာ အများစု ခေါ်ဝေါ်တာများလို့ တမ်းတတာ များလို့ အဖေဆိုတာရော မတမ်းတဘူးလား ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း မေးမိပါတယ် ။ တကယ်တွေးကြည့်လိုက်ရင်တော့ အဖေဟာလည်း အမေ့လိုပါပဲ ကျနော့်နှလုံးသားမှာ အမြဲ အုပ်ချုပ် ပဲ့ကိုင်ပေးတဲ့ ကျေးဇူးရှင်ပါ။ အဖေ့မှာ ကျနော့အတွက် ငယ်ငယ်ကတိုင် ကျနော့်ဘဝတစ်လျှောက်လုံးအတွက် ကျနော်နဲ့ သင့်လျှော်မယ်ထင်တာတွေကို သူ ကြိုတင်စဉ်းစားထားပြီးသား တွေးတောထားပြီးသား ။ ငယ်ငယ်ကတိုင် အဖေဟာ ကျနော့အတွက် အားအကိုးရဆုံးသော ပညာရှင်ကြီးပါ ။ ပညာကို သူသိသလောက် ချွင်းချန်ခြင်းမရှိ သင်ပေးတဲ့ ဆရာတစ်ဆူပါ ။ ငယ်ငယ်က သိချင်တာ အရာခပ်သိမ်းအတွက် ခပ်လို့မကုန်နိုင်တဲ့ ရေချိုအိုးကြီးပါ ။ ကျနော်ငယ်ငယ်ကဆိုရင် သိချင်တဲ့ အရာအားလုံးကို အဖေ အဖြေထုတ်ပေးဆဲ ။ အမေနဲ့ … More အဖေ

Rate this:

အမေသို့ အလွမ်း

အမေသို့ အလွမ်း အမှတ်ရစရာ သတိရမှုများက ခပ်ဝေးဝေး ဝေးနေမှ ပုံပေါ်လာတတ်ကြတာပါ ။ နီးနေတုန်းက သူတို့ လှုပ်ရှားမှု မရှိ ဝေးကွာခါမှ တမ်းတခြင်း ၊ သတိရခြင်းတွေက ထကြွလာကြတာ သဘာဝပဲ လို့ပဲ ထင်မိပါတယ် ။ ငယ်ငယ်ကဆို အမေနဲ့ ပုံပြောတမ်း ကစားခဲ့တာလည်း အမောပါပဲ ။ အမေက အမြဲ သားငယ်-ကျနော် ပြောသမျှ မငြီးညူပဲ နားထောင်ပေးတယ် ။ ထိုစဉ်အချိန် အမေ့မျက်နှာမှာ အပြုံးပီတိနဲ့ ဖုံးလွှမ်းနေတာ ခုထိ ပြန်မြင်ယောင်မိပါတယ် ။ ကျနော်ပျော်လို့ အမေပျော်တယ် ။ အမေအားပေးလို့ ကျနော်ပျော်ခဲ့တယ် ။ အဲ့ဒီအချိန် အမေနဲ့သား တော်တော် သဘောတွေ့ ပျော်မွေ့မိခဲ့တယ် ။ ဟုတ်ပါတယ် ခုထိ … More အမေသို့ အလွမ်း

Rate this:

အမေ …

“အမေ” အမေဆိုတဲ့ စကားလုံးတစ်လုံးကို ကျနော်တို့ စိတ်မှာပဲ. ထင်ထင်.. နှုတ်ကပဲ …ရွတ်ရွတ် အမေ့မျက်နှာက စိတ်မျက်နှာပြင်မှာ ပီပြင်တဲ့ အပြုံးနဲ့ ပေါ်လာစမြဲပါပဲ . ကျနော်တို့ ဘယ်အချိန် ဘယ်ကာလ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမေဆိုတာ ကျနော်တို့ရင်ခွင်မှာ  ပြောင်းလဲခြင်းမရှိခဲ့ဘူး ဘာလို့လဲဆို ဘာပဲဖြစ်ဖြစ် နောက်ဆုံး အမေ့ကိုပဲ တမ်းတမိတဲ့ လူသားတွေလေ . ကျနော်တို့ အခက်အခဲကြုံတိုင်း တမ်းတမိတာ အမေပဲ ဘာလို့လဲဆိုရင် မဖြစ်နိုင်လွန်းလို့နောက်ဆုံး ရင်ထဲမှာ မှီခိုရာကတော့ အမေ့အရိပ်ဆိုတဲ့ မှီခိုခြင်း ကျောက်တိုင်ဆီကိုပဲ ကျနော်တို့ ချဉ်းကပ်သွားကြစမြဲ ဦးခိုက်စမြဲပါ တစ်ခုခု အမှား လုပ်မိချိန် သို့မဟုတ် ပျက်စီးချိန် သို့မဟုတ် စိတ်ခံစားချက် များ ဖိစီးချိန်မျိုးမှာ ကျနော်တို့  တမ်းတမိတယ်  အမေ့ကိုလေ…………. … More အမေ …

Rate this: