သူမနှင့်အတူ

လင်းလက်ခဲ့တဲ့ အလင်းတစက် ပျောက်ကွယ် မသွားခင်ထိတော့ သူဟာ နှလုံးသားတစ်ခုလုံး ပိုင်စိုးတယ်…. ပတ်သက်ခဲ့တဲ့ တခဏ ဆုံးခန်း မရောက်ခင်ထိတော့ … သူဟာ .. နတ်သမီးတပါးပဲ … နေမဝင်ခင်တခဏ ဇာတ်သိမ်းခန်း မရောက်ခင်တခဏ ငါ့ကမ္ဘာဟာ အသာယာဆုံးပဲ … ။ (…….)

Rate this:

သင်္ခါရ

…………………. နေ့ရက်တွေနဲ့အတူ လေယူရာ တိမ်းတိမ်းသွားတဲ့ နုပျိုရှင်သန်ခြင်းများ … နေ့ရက်တွေနဲ့အတူ အမာရွတ်တွေ ထပ်ထပ်သွားတဲ့ ခံစားချက် ဒဏ်ရာများ… နေ့ရက်တွေနဲ့အတူ တနေ့တခြား တိုးတိုးလာတဲ့ ဘာသာဗေဒ အသစ်သစ်တွေနဲ့…. စိတ်ကူးများ .. ရွက်လွှင့်ခြင်းများ အသက်မက တန်ဖိုးထားခြင်းများ သံယောဇဉ်တွေ.. ချစ်ခြင်းတရားတွေ မြတ်နိုးခြင်းများ .. နာကျင်ခြင်းများနဲ့ ခံစားချက် အဖုံဖုံတို့တွေသည် … နေ့ရက်အချိန်တို့နဲ့အတူ ဝေလွင့်ပျက်သုဉ်း ကွယ်ပျောက်ခဲ့သည် သာချည်း…။ (2-4-2014)

Rate this:

2013 in review

The WordPress.com stats helper monkeys prepared a 2013 annual report for this blog. Here’s an excerpt: The concert hall at the Sydney Opera House holds 2,700 people. This blog was viewed about 10,000 times in 2013. If it were a concert at Sydney Opera House, it would take about 4 sold-out performances for that many … More 2013 in review

Rate this:

သံဝေဂ (၂)

စိတ်ကို တည်လိုက်သည် ။ ခါးကို အနည်းငယ် ဆန့်လိုက်သည် ။ အသက်ရှူချက်တွေကို စိတ်မျက်စိဖြင့် စိုက်ကြည့်လိုက်သည် ။ အမှုမဲ့ ရှူနေတဲ့ လေအဝင်အထွက်က ထင်းကနဲ ရှင်းနေသည် ။ သူသည် ဝင်ထွက်ခြင်းဖြင့် စည်းချက် ညီနေသည် ။ ပင်ကိုယ်စိတ်က သူ့ခြေလှမ်းတွေကို လိုက်ကြည့်ရတာ မောနေသည် ။ လိုက်၍ပင် မမှီ ။ သို့သော် သူသည် သူ့အလုပ်သူလုပ်နေသည်သာ ဖြစ်သည်။ ဒါပေမဲ့ စောင့်ကြည့်ရတဲ့အလုပ်သည် တကယ်မောပေသည်။ အားအနည်းငယ်စိုက်၍ သူ့ကို ကြည့်လိုက်တဲ့အခါ တဖြည်းဖြည်း ရှင်းလာသည် ။ ကိုယ်ကိုယ်တိုင်လည်း ငြိမ်သက်လာသည် ။ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိလေတော့ ပြီ။ သူ့ခြေလှမ်းတွေကို ထပ်ကြပ်မကွာ လိုက်ထားသည် ။ မှီသည်လည်း ရှိသည် … More သံဝေဂ (၂)

Rate this:

သံဝေဂ (၁)

ဘဝတစ်လျှောက်လုံး ငြိမ်းချမ်းမယ်လို့ အထင်ဖြင့် လျှောက်ခဲ့တဲ့ခရီးများသည် ပန်းတိုင်အရောက်မှာ စိတ်မော လူမောဖြင့်သာ လမ်းလွဲခဲ့လေခြင်းလို့ တစ်ကိုယ်တည်း ညည်းခဲ့ကြသည်သာ ကျန်ခဲ့လေသည် ။ မနက်မော ၊ ညမော ၊ တနေ့လုံး မောနေရခြင်းတွေသည်ပင် အရောင်ပြောင်းလဲထားသော သင်္ခါရ ဓမ္မတွေဟု မမြင်သ၍ မောပြီးရင်း မောနေပါဦးမည် ။ သစ္စာဉာဏ်ဟုခေါ်သော အမှန်အတိုင်း မြင်တဲ့ အသိဉာဏ်ကလေးတစ်ခု မိမိအဇ္ဇျှတ္တမှာ မတည်သေးသ၍လည်း ငြိမ်းချမ်းခြင်းသို့ သွားသောလမ်းသည် ရောက်မလိုလိုနဲ့ ခရီးထောက်နေပါလိမ့်မည် ။ မနက်ဖန်သည် နောက်တစ်နေ့မို့ အချိန်အပို်င်းအခြားကား လိုသေးသည်။ သေခြင်းတရားသည် ဒီဘဝအတွက် နှစ်ခါမထပ်တာမို့ သတိထားဖို့လည်း လိုပေသည် ။ အသိဉာဏ်ရှိသော လူတစ်ယောက်အတွက် မိမိရဲ့အရေးပါဆုံး အကောင်းဆုံး အရာ ဘာဆိုတာ သူ့အသိနဲ့သူ သိနေပါလိမ့်မည် ။ … More သံဝေဂ (၁)

Rate this:

ဘာသာတရားဟာ ဘာအတွက်ပါလဲ

ဘာသာတရားဟာ ဘာအတွက်လဲ .. ဘာသာတရားကို ကိုးကွယ်သူ ရှိသလို ၊ ဘာသာတရားကို မကိုးကွယ်သူလည်း ရှိပါတယ် ။ ဘာသာတရား ကိုးကွယ်သူတွေမှာ ဘာအတွက်ကြောင့် ကိုးကွယ်ကြတာပါလဲ ဆိုတာ စဉ်းစားကြည့်မိတယ် .. ။ လူတစ်ချို့မှာ ငယ်ငယ်ကတည်းကစပြီး  အဖေနဲ့ အမေက ဒါလုပ်၊ ဒါကိုးကွယ် ဆိုလို့ ကိုးကွယ်မှုကို ယူခဲ့ကြတယ် ။ လူတစ်ချို့မှာ ဟာ .. ဒါ ဟာ ၊ ဒီဘာသာဟာ လူအများ ကိုးကွယ်လို့ ငါလည်း ကိုးကွယ်မယ်ဆိုတဲ့ အများကြိုက် ကိုးကွယ်မှုနဲ့ ကိုးကွယ်တာလည်းရှိတယ် ။ လူတစ်ချို့မှာလည်း မိမိပြုလုပ်လိုက်တဲ့ အကောင်းအဆိုး အပြစ်တွေအတွက် စိုးရိမ်ပူပန်စိတ်ဖြစ်လာတဲ့အခါ အားကိုးရာ ရှာတဲ့အနေနဲ့ ဘာသာတရား တစ်ခုခုကို ကိုးကွယ်လိုက်တဲ့ သူတွေလည်း … More ဘာသာတရားဟာ ဘာအတွက်ပါလဲ

Rate this:

မပြည့်သော အိုးတစ်လုံး

ကျွန်နော့်မှာ သူငယ်ချင်း နှစ်ယောက် ရှိတယ် .. ။ သန်းကိုရယ် ဖိုးခင်ရယ် ကျွန်တော်ရယ်ပေါ့ .. ငယ်ငယ်က အဲ့ဒီ .. ကျွန်တော်တို့ သုံးယောက်လုံး တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတယ် .. သူငယ်ချင်းတစ်ယောက်က မိန်းမ ရသွားတယ် သူ့မှာ ကလေးတွေနဲ့ … သုံးယောက်ရှိတယ် မိန်းမရောပေါ့ .. ကျန်တဲ့ နှစ်ယောက် ဖြစ်တဲ့ ကျနော်နဲ့ တခြား တစ်ယောက်ဖြစ်တဲ့ သန်းကိုလို့ခေါ်တဲ့ နှစ်ယောက်မှာတော့ .. အိမ်ထောင်မရှိကြဘူး .. ။ ဖိုးခင်ဆိုတဲ့ သူကတော့ သူ့ မိသားစု အရေးနဲ့ လုံးပန်းရတာမို့ ကျနော်တို့နဲ့ ရံဖန်ရံခါပဲ တွဲလေ့ရှိတယ် .. ။ ဖိုးခင်နဲ့ … သန်းကိုတို့ နှစ်ယောက်ကတော့ … More မပြည့်သော အိုးတစ်လုံး

Rate this: