ကိုယ်သာ သူ့နေရာမှာသာဆိုရင်

အကြောင်းအမျိုးမျိုးကြောင့် မိမိရှေ့မှာ အဆင်မပြေမှုတစ်ခုခုအား  မြင်ရ၊ကြားရ၊တွေ့ရသောအခါ ကျွန်ုပ်တို့ သည် စိတ်တို ဒေါသထွက်ရ၏။ အခဲမကြေဖြစ်ရ၏။ လိပ်ခဲတည်းလည်း ဖြစ်ရ၏။ အပြစ်တင်လိုစိတ်များ ဖြစ်ရ၏။ ရန်ပြန်မူလိုစိတ်များ သာ တဖွားဖွား စိတ်အိမ်အတွင်း၌ မိမိကိုယ်တိုင် သတိမူမိဘဲ ဖြစ်ရ၏။ ထိုသို့သော အချိန်များ၌ မိမိစိတ်တွင်မူ အတွေးစအား သူ့နေရာမှာ ကိုယ်သာဆိုလျှင် ဆိုတဲ့စိတ်ဖြင့် မပြောင်းလဲနိုင်ပါမူ …. ထိုစိတ်သည် မိမိအား ပူလောင်မှုကိုသာ ဖြစ်စေ၏။ ဤနည်းဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်လည်း ထွက်ပေါ်မလာနိုင်။ သူတပါးကိုလည်း ကူညီမှုမပေးနိုင်။ မိမိ၏ အားထုတ်မှုသည် လမ်းမှားဖြင့်သာ အဆုံးသတ်ရ၏။ လူတိုင်း၌ သူ့အခက်အခဲနှင့်သူ ရှိကြ၏ ။ မည်သူမျှ ခက်ခဲ့ခြင်း အရှက်ကွဲခြင်းကို အလိုမရှိ။ ဥပမာ .. ဘတ်စ်ကားပေါ်၌ ခရီးသည်တစ်ယောက်မှ … More ကိုယ်သာ သူ့နေရာမှာသာဆိုရင်

Rate this:

ငါ .. မှားသလား ..

အစေးကပ်နေတဲ့ အတွေးတွေက မြင်မြင်ရာ ပစ်ခွင်းလို့ ခရီးတွေ လျှောက်လိုက်တာ .. လမ်းပျောက်လို့ လမ်းထောက်တဲ့ခါကြမှ ငါ .. လမ်းမှားနေပြီ … တဲ့ ။ ခက်တာပါပဲ … လျှောက်လက်စ ဒီခရီးက အတော်အတန် လမ်းပေါက်ခါမှ အမှောင်အတိ အလင်းမရှိနဲ့ ဘယ်ကို ဆက်လျှောက်ရမယ်မှန်း .. နည်းနည်းမှကို မမြင် … ။ အလင်းရှင် ကယ်တော်မူတဲ့အခါမှ အမှားတွေက ဒင်းကြမ်းလို့ လမ်းတွေက စုတ်ပဲ့နဲ့ ခရီးလမ်းအစကိုပဲ ပြန်တွေးမိတော့တယ် … ငါ … အတွေးမှားလေခြင်း …. ။ ဘာနေ 1st-march-2014

Rate this:

ဘာသာတရားဟာ ဘာအတွက်ပါလဲ

ဘာသာတရားဟာ ဘာအတွက်လဲ .. ဘာသာတရားကို ကိုးကွယ်သူ ရှိသလို ၊ ဘာသာတရားကို မကိုးကွယ်သူလည်း ရှိပါတယ် ။ ဘာသာတရား ကိုးကွယ်သူတွေမှာ ဘာအတွက်ကြောင့် ကိုးကွယ်ကြတာပါလဲ ဆိုတာ စဉ်းစားကြည့်မိတယ် .. ။ လူတစ်ချို့မှာ ငယ်ငယ်ကတည်းကစပြီး  အဖေနဲ့ အမေက ဒါလုပ်၊ ဒါကိုးကွယ် ဆိုလို့ ကိုးကွယ်မှုကို ယူခဲ့ကြတယ် ။ လူတစ်ချို့မှာ ဟာ .. ဒါ ဟာ ၊ ဒီဘာသာဟာ လူအများ ကိုးကွယ်လို့ ငါလည်း ကိုးကွယ်မယ်ဆိုတဲ့ အများကြိုက် ကိုးကွယ်မှုနဲ့ ကိုးကွယ်တာလည်းရှိတယ် ။ လူတစ်ချို့မှာလည်း မိမိပြုလုပ်လိုက်တဲ့ အကောင်းအဆိုး အပြစ်တွေအတွက် စိုးရိမ်ပူပန်စိတ်ဖြစ်လာတဲ့အခါ အားကိုးရာ ရှာတဲ့အနေနဲ့ ဘာသာတရား တစ်ခုခုကို ကိုးကွယ်လိုက်တဲ့ သူတွေလည်း … More ဘာသာတရားဟာ ဘာအတွက်ပါလဲ

Rate this:

ငြိမ်ချမ်းရေး အော်သံ

ဒီနယ်မြေ ဒီ အပိုင်းအခြားထဲမှာ ရောင်စုံလူများရဲ့ စကားသံများ .. ကျယ်လောင်ခြင်းတဖုံ တိုးတိုးတိတ်တိတ် တဖုံနဲ့ အာဃာတ ဒေါသတွေ ဖုံးကာချ ကိုယ့်အရေးသာ ကိုယ်ကြည့် အများအရေးကို ထည့်မရှုနဲ့ တစ်ဘို့တည်းသွား ထင်ရာစိုင်းနေကြတာ အဲ့ဒီအချိန် အဲ့ဒီကာလ ငြိမ်းချမ်းရေး ဆိုတဲ့စကား ဘုရားချေးထက်တောင် ရှားတတ်နေပါလိမ့်မယ်…။ တနပ်စားရေး … တနေ့ကောင်းစားရေးနဲ့ ရေတိုတွေ …  မမြင်ကြစေဖို့ အရှည်ကိုသာကြည့် ပညာတွေရှိကြပါမှ လူ့ရွာစခန်း သာာယာတဲ့လမ်းကို လက်တွဲညီညီ ချီတက်ခြင်းတွေက လှပတဲ့ ပန်းများအဖြစ် .. အလိုလိုပွင့်လာပါလိမ့်မယ်။ လိုရာကို စေနိုင်စေဖို့ တစ်ဦးချင်းရဲ့ … ကိုယ်ပိုင်နားများအား ပညာရှိတွေရဲ့ … စကားသံအောက်မှာ ပညာဓါတ်တွေ လျှံဝေတောက်ပစေ … ဒီကမ္ဘာကြီးလည်း သာယာလှပစေ … တွဲလက်များလည်း … More ငြိမ်ချမ်းရေး အော်သံ

Rate this:

အမှိုက်မကြိုက်သူ

အမှိုက်မကြိုက်သူ …………………………….. လူတိုင်း နံနံစော်စော် အမှိုက်သရိုက်အနံ့ကို မကြိုက်ကြပေ ။ ကျွန်ုပ်သည်လည်း … အမှိုက်နံ့ကို မကြိုက်၍ အမှိုက်ပုံထဲ မဆင်းခြင်း ဖြစ်လေသည်.. ။ ထိုသို့ နေနိုင်ဖို့မူကား အမှိုက်ကို အမှိုက်မှန်းသိဖို့သာ လိုပေသည် ။ အမှိုက်ကို အမှိုက်မှန်းမသိသော သူများကား အမှိုက်နံ့များဖြင့်သာ .. ရှူရမှန်းမသိ ရှူမိကြလေသည် ။ ထိုသူတို့သည် ထို့သို့ ရှူရခြင်းကိုမူ မနှစ်သက်ကြ သို့ပေမဲ့ အမှိုက်ကန် အမှိုက်ပုံများကိုသာ ဝင်ဝင်ခွေ့တတ်ကြလေသည် ။ လူ့ပတ်ဝန်းကျင်မှာလည်း ထို့အတူပင်ဖြစ်ပေသည် ။ အမှိုက်နှင့်တူသော စရိုက်မကောင်းသော နယ်ပယ်ထဲသို့ မရောက်ရလေအောင် သတိထားပြီး ရှောင်းရှားဖို့ပင်ဖြစ်ပေသည် ။ ( အက်ဆေး တို .. ) ဘာနေ 1/19/2013

Rate this:

ဖြတ်တောက်ခြင်း

အာရုံများ စေစားရာဖြစ်သော လူ့သဘာဝမှာ .. အချိန်တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေသော စိတ်အစဉ်တန်းကို .. ဖြတ်တောက်နိုင်ခြင်းမရှိပဲ … ရေဆုံး ကုန်းဆုံးအထိ လိုက်တွေးတတ်လေသည် ။ မနက်သည် ၊ ပြီးခဲ့တဲ့ မနေ့သည် ၊ ဟိုး အတိတ်တွေသည်  စသဖြင့် မလိုအပ်တဲ့ စိအာရုံတွေပေါ်မှာ မောဟ ဟုခေါ်သော ကိုယ်ဘာတွေးလို့ တွေးနေမှန်းမသိတဲ့ စိတ်များဖြင့် ကုန်ဆုံးခဲ့လေသည် ။ ထိုအရာတွေသည်ပင် ယခု ကျွန်ုပ်တို့တတွေ ရောက်ရှိနေသာ နေရာ၏ ၊ ရောက်ရှိနေသော စိတ်နေစိတ်ထား၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်လေသည် ။ မိမိတို့ဘဝတွေနဲ့ ပတ်သက်လို့ လူတိုင်း ကြီးမြတ်ချင်သည် ။ ကြီးပွားချမ်းသာလိုကြသည် ။ ဇိမ်ခံပစ္စည်း မြောက်များစွာဖြင့် ဇိမ်ခံပြီး နေချင်ကြသည် ။ … More ဖြတ်တောက်ခြင်း

Rate this:

လောင်းရိပ်လွတ်ပြီ

လောင်းရိပ်လွတ်ပြီ ကမ္ဘာကို နေပြောက်ထိုးတော့ လှိုင်းထနိုင်သတဲ့ မဖြစ်နိုင်တာ .. အဲ့ဒါက နေပြောက်ရဲ့ အောက်မှာ ကမ္ဘာရှိကြောင်း သိသွားစေတယ်လေ မြန်မာကို နေပြောက်ထိုးတော့ လှိုင်းထသွားပြန်သတဲ့ ဟုတ်သတဲ့လား ဒါကလည်း နေပြောက်ရဲ့အောက်မှာ မြန်မာ ရှိကြောင်း ပြသလိုက်တာလေ မှန်ပါ့ …  ဒီကမ္ဘာမှာ မြန်မာ ရှိတယ် .. ဟုတ်တယ် ဒို့မြန်မာရှိတယ်….။ လူတိုင်း လေချွန်နေတဲ့ခေတ်ကြမှ ဒို့တတွေ ငိုနေရမတဲ့လား  မဖြစ်နိုင်တာ လေချွန်တာ အသာထား အသက်ရှူဝဖို့ အားယူလိုက်ကြစမ်းဘာ ငါတို့သမိုင်းမှာ စိတ်ဝင်စားစရာ အတိပါပဲ နောက်လူတွေ  သြချကြလိမ့်မယ် ငါတို့ခြေရာတွေ လှစေဖို့ ငါတို့ ခြေထောက်တွေ လှမ်းရမယ် .. ရိုးသားရလိမ့်မယ်.. စစ်တယ်လို့ လက်ခံထားတဲ့ ငါတို့ တကယ်စစ်အောင် အဟုတ်အားထုတ်ကြရမှာ ကမ္ဘာက … More လောင်းရိပ်လွတ်ပြီ

Rate this: