ငါ .. မှားသလား ..

အစေးကပ်နေတဲ့ အတွေးတွေက မြင်မြင်ရာ ပစ်ခွင်းလို့ ခရီးတွေ လျှောက်လိုက်တာ .. လမ်းပျောက်လို့ လမ်းထောက်တဲ့ခါကြမှ ငါ .. လမ်းမှားနေပြီ … တဲ့ ။ ခက်တာပါပဲ … လျှောက်လက်စ ဒီခရီးက အတော်အတန် လမ်းပေါက်ခါမှ အမှောင်အတိ အလင်းမရှိနဲ့ ဘယ်ကို ဆက်လျှောက်ရမယ်မှန်း .. နည်းနည်းမှကို မမြင် … ။ အလင်းရှင် ကယ်တော်မူတဲ့အခါမှ အမှားတွေက ဒင်းကြမ်းလို့ လမ်းတွေက စုတ်ပဲ့နဲ့ ခရီးလမ်းအစကိုပဲ ပြန်တွေးမိတော့တယ် … ငါ … အတွေးမှားလေခြင်း …. ။ ဘာနေ 1st-march-2014

Rate this:

အတိုဆုံးလမ်း

လေပြေက အေးအေးလေး အလာလမ်းက ညင်ညင်ကလေး ရင်တွင်းဗဟိုချက်သို့ ခဏ နားပြီးတဲ့အခိုက် အပြန်လမ်းအတွက် လေပြေက နွေးသွားတယ် ဒီလိုနဲ့ အကြိမ်ကြိမ် မရေတွက်နိုင်အောင် သူလာတယ် သူပြန်တယ် …… အဲ့ဒီ ဝေါဟာရ နှစ်ခုကြားမှာ .. လူးလွန့်နေတဲ့ စိတ်ကလေးက တစစ အနည်ထိုင်လာတယ် တဖြည်းဖြည်း ကြည်လင်လာတယ် တရေးရေးနဲ့ အေးချမ်းစပြုလာတယ် ငြိမ်းချမ်းခြင်းကို စတင်တွေ့လာတယ် ဒီလိုနဲ့ အတွင်းစိတ်ရဲ့ အသိက ဘာက ဘာဆိုတာ သိလာတယ် အဲ့ဒါဟာ ငြိမ်းချမ်းခြင်းကို သွားတဲ့ အတိုဆုံးလမ်းပဲ .. ။ ဘာနေ

Rate this:

ငြိမ်ချမ်းရေး အော်သံ

ဒီနယ်မြေ ဒီ အပိုင်းအခြားထဲမှာ ရောင်စုံလူများရဲ့ စကားသံများ .. ကျယ်လောင်ခြင်းတဖုံ တိုးတိုးတိတ်တိတ် တဖုံနဲ့ အာဃာတ ဒေါသတွေ ဖုံးကာချ ကိုယ့်အရေးသာ ကိုယ်ကြည့် အများအရေးကို ထည့်မရှုနဲ့ တစ်ဘို့တည်းသွား ထင်ရာစိုင်းနေကြတာ အဲ့ဒီအချိန် အဲ့ဒီကာလ ငြိမ်းချမ်းရေး ဆိုတဲ့စကား ဘုရားချေးထက်တောင် ရှားတတ်နေပါလိမ့်မယ်…။ တနပ်စားရေး … တနေ့ကောင်းစားရေးနဲ့ ရေတိုတွေ …  မမြင်ကြစေဖို့ အရှည်ကိုသာကြည့် ပညာတွေရှိကြပါမှ လူ့ရွာစခန်း သာာယာတဲ့လမ်းကို လက်တွဲညီညီ ချီတက်ခြင်းတွေက လှပတဲ့ ပန်းများအဖြစ် .. အလိုလိုပွင့်လာပါလိမ့်မယ်။ လိုရာကို စေနိုင်စေဖို့ တစ်ဦးချင်းရဲ့ … ကိုယ်ပိုင်နားများအား ပညာရှိတွေရဲ့ … စကားသံအောက်မှာ ပညာဓါတ်တွေ လျှံဝေတောက်ပစေ … ဒီကမ္ဘာကြီးလည်း သာယာလှပစေ … တွဲလက်များလည်း … More ငြိမ်ချမ်းရေး အော်သံ

Rate this:

နိဂုံးသို့ …

နိဂုံးသို့ … လူ တစ်ယောက်ဖြစ်လာသည် လူတစ်ယောက် သေသွားသည် ။ထိုသို့ သေသွားသော အဆုံးနိဂုံးသို့ လမ်းကြောင်းကို မိမိရဲ့ အသိဉာဏ်အတွင်းမှာ နားလည်သလောက် ရှင်းပြ ဆွေးနွေးပြခြင်းသာပါ ။ ဓမ္မ ဓမ္မ ဆိုသည်မှာ .. တရား .. .. ဘယ်လိုတရားလဲဆိုရင် အမှန်တရား …။ ဘယ်လိုမှန်တာကို ဆိုလိုသလဲ ဆိုရင်ဖြင့် . လောကီ ရော လောကုတ္တရာရော နည်းလမ်းနှစ်သွယ်ဖြင့် .. စစ်စစ်ပေါက်ပေါက် တွက်ချက် စစ်ဆေးနိုင်တဲ့ တရားပင်ဖြစ်သည်  ။ အဲ့ဒီလို စစ်ဆေးတဲ့အခါမှာလည်း လုံးဝ မှန်ကန်နေမှ ဓမ္မ လို့ ခေါ်ဆိုပါလိမ့်မည်  ။ လောကီ ဆိုသည်မှာ.. လူမှုရေးလောကထဲက သားရေး သမီးရေး စီးပွားရေး လူမှုရေးတွေကို … More နိဂုံးသို့ …

Rate this:

မြင်နိုင်ကြစေ..

တနေ့တာကို တနေ့တာလို့ မြင်တာထက် ဒါဟာလည်း ကိုယ့်ဘဝပါပဲလို့ မြင်လိုက်တာက မိမိဘဝမှာ တန်ဖိုးထားဖို့ သတိလေး ပို ထင်ရှားသွားစေပါတယ် ….။ ကျွန်ုပ်တို့တတွေ အားလုံး  နေ့တိုင်း … နေရေး ၊ စားရေးတွေအတွက် ဝတ်မပျက်အောင် နေထိုင်ရင်းနဲ့  ကိုယ့်ပိုင်ဘဝအသီးသီးတွေကို သတိတရား ထားပြီးနေဖို့ ကြိုးစားတဲ့အခါ .. အရှိတရားတွေကိုသာ သတိထားပြီး မြင်တတ် နှလုံးသွင်းတတ်ဖို့ လိုပါတယ် .. ။ သတိတရားနဲ့ ပြည့်စုံဖို့မှာ မရှိတဲ့အရာကို မကြည့်ပဲ ရှိတဲ့အရာကိုသာ ကြည့်မှ .. သိသာထင်ရှား ခရီး အပေါက်ဆုံး  ဖြစ်ပါလိမ့်မယ် .. ။ ယခု ကျွန်ုပ်တို့ ဖြတ်သန်းနေတဲ့ တနေ့ချင်း … လူ့တဘဝထဲမှာပင်ကိုပဲ ကံကံရဲ့ အကျိုး သက်ရောက်မှု … More မြင်နိုင်ကြစေ..

Rate this:

မေရရာဘူး

လျှောက်လက်စ လမ်းတစ်ခု သောက်လက်စ ဆေးလိပ်တတို မိုးမလုံတဲ့ ဒီဇရပ်အိုထဲ ဆက်နေဖို့လည်း မရေရာဘူး …….။   ခဲသေးသေးလေး တစ်လုံး ရေပြင်ပေါ် ရောက်သွားတဲ့ အခိုက် ကြာရှည်ရှည် ကြည့်နိုင်ဖို့ရာ မရေရာဘူး ……။   အတွေးမတူကြတဲ့ ဒီလောကထဲ သူ့အမြင်ကိုယ့်အမြင် ယှဉ်ကြည့်တဲ့အခါ ညီညွတ်ကြေအေးဖို့ရာ မရေရာဘူး ……။   လူနှစ်ယောက် ဘဲဥတစ်လုံး … ထမင်းတ၀ိုင်းထဲ ဆုံတဲ့အခါမှာလည်း .. ညီတူညီမျှ စားတတ်ဖို့လည်း မရေရာဘူး …..။   မပြည့်စုံတဲ့ ဒီဘ၀ထဲမှာ . အချိန်တွေကုန်လို့ နေ၀င်သွားပြန်တော့ နားခိုရာအစစ် လက်ဝယ်ရရှိဖို့ရာမှာ မရေရာဘူး …. ။   ဘာနေ 24-11-2012

Rate this:

ဘဝလှေငယ်

မနက်ခင်းနိုးထလာလို့ … ရောက်လာတဲ့ ဒီနေ့ ငါဘာတွေလုပ်မလဲ စဉ်းစားမိပါသည် ။ ဖြတ်သန်းခဲ့တဲ့ နေ့တွေမှာ အသုံးမကျခဲ့တာတွေ ရှိခဲ့သည် ။ စိတ်အလိုမကျခဲ့တာတွေ ရှိခဲ့သည်။ .. ဒါတွေကို ပြန်စဉ်းစားမိရင် ကိုယ့်ကိုယ်ကိုပဲ အပြစ်မြင်မိသည် ။ သို့ပေမဲ့ ပြီးခဲ့တာတွေက ပြီးခဲ့ပြီ .. ရှေ့ဆက်ရမဲ့ တာဝန်က ကိုယ့်တာဝန် ပဲဖြစ်သည် .. ။ ထို့ကြောင့် ကျနော်သည် ကျနော့်အတွက် တာဝန်အရှိဆုံး လူတစ်ယောက်ဖြစ်သည် ။ ဒီတနေ့ .. နေ့သစ်ဖြစ်သည် ။ ဒီတော့ ကိုယ့်ကိုယ်ကို ဘာတွေလုပ်ချင်လဲ မေးရပြန်သေးသည် ။ ဘာတွေလုပ်ချင်တာပါလိမ့်ပေါ့ .. ။ ငါ ဒီနေ့ကို သတိတရားနဲ့ နေမယ် .. စိတ်ကောင်းလေးမွေးနေမယ် .. … More ဘဝလှေငယ်

Rate this: