ဖြတ်တောက်ခြင်း
အာရုံများ စေစားရာဖြစ်သော လူ့သဘာဝမှာ .. အချိန်တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေသော စိတ်အစဉ်တန်းကို .. ဖြတ်တောက်နိုင်ခြင်းမရှိပဲ … ရေဆုံး ကုန်းဆုံးအထိ လိုက်တွေးတတ်လေသည် ။ မနက်သည် ၊ ပြီးခဲ့တဲ့ မနေ့သည် ၊ ဟိုး အတိတ်တွေသည် စသဖြင့် မလိုအပ်တဲ့ စိအာရုံတွေပေါ်မှာ မောဟ ဟုခေါ်သော ကိုယ်ဘာတွေးလို့ တွေးနေမှန်းမသိတဲ့ စိတ်များဖြင့် ကုန်ဆုံးခဲ့လေသည် ။ ထိုအရာတွေသည်ပင် ယခု ကျွန်ုပ်တို့တတွေ ရောက်ရှိနေသာ နေရာ၏ ၊ ရောက်ရှိနေသော စိတ်နေစိတ်ထား၏ မြစ်ဖျားခံရာ ဇစ်မြစ်ဖြစ်လေသည် ။ မိမိတို့ဘဝတွေနဲ့ ပတ်သက်လို့ လူတိုင်း ကြီးမြတ်ချင်သည် ။ ကြီးပွားချမ်းသာလိုကြသည် ။ ဇိမ်ခံပစ္စည်း မြောက်များစွာဖြင့် ဇိမ်ခံပြီး နေချင်ကြသည် ။ … More ဖြတ်တောက်ခြင်း