ငါ .. မှားသလား ..

အစေးကပ်နေတဲ့ အတွေးတွေက မြင်မြင်ရာ ပစ်ခွင်းလို့ ခရီးတွေ လျှောက်လိုက်တာ .. လမ်းပျောက်လို့ လမ်းထောက်တဲ့ခါကြမှ ငါ .. လမ်းမှားနေပြီ … တဲ့ ။   ခက်တာပါပဲ … လျှောက်လက်စ ဒီခရီးက အတော်အတန် လမ်းပေါက်ခါမှ အမှောင်အတိ အလင်းမရှိနဲ့ ဘယ်ကို ဆက်လျှောက်ရမယ်မှန်း .. နည်းနည်းမှကို မမြင် … ။   အလင်းရှင် ကယ်တော်မူတဲ့အခါမှ အမှားတွေက ဒင်းကြမ်းလို့ လမ်းတွေက စုတ်ပဲ့နဲ့ ခရီးလမ်းအစကိုပဲ ပြန်တွေးမိတော့တယ် … ငါ … အတွေးမှားလေခြင်း …. ။   ဘာနေ 1st-march-2014 Advertisements

Rate this:

အောင်ဘုရဲ့ ဥပေက္ခါ

ဟန်ပျက်နေတဲ့ .. နင် မာန်ထနေတဲ့ ….. နင် စမာန်လည်း …. မထနဲ့ ဟန်လည်း ….. မပြနဲ့ .. မျက်နှာလွှဲ … ခေါင်းငဲ့ခဲ့တဲ့ငါ ယောက်ျားမာနကို … အသက်သွင်းပြီး . ဘုရင့်နောင် ဖောင်ဖျက်သလို .. ပြန်လမ်း မရှိတော့ဘူး .. နင်လည်း … နင်လိုရာစေ .. ငါလည်း .. …ငါလိုရာနေ… ရေကြည်ရာ .. မြက်နုရာသို့ .. စုန်ဆန်လို့ …. စုန်ကန်မယ် ဒီ့အတွက် ……. ဒုန်ပြန်လို့ ….. အထိနာရင်လည်း .. ကိုယ့်ထိုက်နဲ့ .. ကိုယ့်ကံ စံစရာရှိစံ … ခံစရာရှိခံပဲမို့ … နင့်အောင်ပွဲအတွက် ငါ … More အောင်ဘုရဲ့ ဥပေက္ခါ

Rate this:

ဝင်ထွက်ခြင်းရဲ့ ခြေသံ

                ငါတစ်ခုအတွက်နဲ့ သူများကို မထိခိုက်စေချင်ပါဘူး အဆင်ပြေတာတွေရှိသလို နာကျင်တာတွေလည်း ရှိခဲ့တယ်လေ .. လျှောက်လှမ်းဆဲ ခရီးတထောက်မှာ .. သာယာမှုတွေ ရှိရလေအောင် နင်းချမဲ့ နင့်ဖ၀ါးတိုင်းအတွက် လှပတဲ့ ပန်းလေးများ ပွင့်စေချင်တာပါ …. ။   နင်နဲ့ပတ်သက်လို့ ပေးဆပ်မှုတိုင်းမှာလည်း လူ့သဘာဝအရ တုံ့ပြန်မှုတွေ လိုချင်ပေမဲ့ အသွားလမ်းတွေအဖို့ …  အပြန်လမ်းမရှိခဲ့ရင်လည်း … ဖြေသာအတွေးနဲ့ နေသာအောင် နေပါ့မယ် ….။   နင်နဲ့ပတ်သက်လို့ ……. နာကျင်ခဲ့ရတိုင်း .. ငါ့အတွက် အရှုံးလို့ မမြင်ပဲ  အရာရာ တန်ဖိုးထားခဲ့ရတာ ခု .. အဲ့ဒီ့ … … More ၀င်ထွက်ခြင်းရဲ့ ခြေသံ

Rate this:

လောင်းရိပ်လွတ်ပြီ

လောင်းရိပ်လွတ်ပြီ ကမ္ဘာကို နေပြောက်ထိုးတော့ လှိုင်းထနိုင်သတဲ့ မဖြစ်နိုင်တာ .. အဲ့ဒါက နေပြောက်ရဲ့ အောက်မှာ ကမ္ဘာရှိကြောင်း သိသွားစေတယ်လေ   မြန်မာကို နေပြောက်ထိုးတော့ လှိုင်းထသွားပြန်သတဲ့ ဟုတ်သတဲ့လား ဒါကလည်း နေပြောက်ရဲ့အောက်မှာ မြန်မာ ရှိကြောင်း ပြသလိုက်တာလေ   မှန်ပါ့ …  ဒီကမ္ဘာမှာ မြန်မာ ရှိတယ် .. ဟုတ်တယ် ဒို့မြန်မာရှိတယ်….။   လူတိုင်း လေချွန်နေတဲ့ခေတ်ကြမှ ဒို့တတွေ ငိုနေရမတဲ့လား  မဖြစ်နိုင်တာ လေချွန်တာ အသာထား အသက်ရှူဝဖို့ အားယူလိုက်ကြစမ်းဘာ   ငါတို့သမိုင်းမှာ စိတ်ဝင်စားစရာ အတိပါပဲ နောက်လူတွေ  သြချကြလိမ့်မယ် ငါတို့ခြေရာတွေ လှစေဖို့ ငါတို့ ခြေထောက်တွေ လှမ်းရမယ် .. ရိုးသားရလိမ့်မယ်..   စစ်တယ်လို့ … More လောင်းရိပ်လွတ်ပြီ

Rate this:

စိတ်ကူးမိလေသောအခါ

ကဗျာ အဖြစ်ဆိုပြီး ရေးခြစ်လိုက်တာ ထွက်လာသမျှ စာမျက်နှာမှာ တင်ဖြစ်သွားတော့ ခုအောက်ဘက်က လိုလေးတွေ ဖြစ်ပေါ်လာပါတယ် … ။ ခလုတ်နဲ့ ငြိမ်းချမ်းရေး ……………………………………….. ခလုတ်တွေ အမြဲတိုက်မိမိနေလို့ တိုက်တဲ့ ခလုတ် ဖဲ့ထုတ်လိုက်သောအခါ . အမြစ်ဆုံကို ထိလေသောကြောင့် ခလုတ်များ နာကျင်ကြောင်း ပြလေသည် သူတိုက်လို့ ပဲ့တဲ့ ခြေထောက်မှာတော့ အံကိုခဲ ကြိတ်မှိတ်ခံရ များ မနာကျင်ရတော့ ဘူးတဲ့ လား …။ ဒီတော့ ကိုယ့်နေရာ ကိုယ်နေ ကိုယ့်စည်း ကိုယ်ထိန်းရင်း နေပါလေတော့ … သွားလမ်းတစ်လျှောက် ခြေကိုထိမဲ့ ခလုတ်ဆိုရင်တော့ ရှင်းထုတ်ရမှာက ထုံးစံပါလေ အရှင်းထုတ်မခံချင်ရင် လွတ်လွတ်နေပေါ့ .. ခြေထောက်တွေကို မထိစေနဲ့ ထိလာတဲ့ ခလုတ် တူးထုတ်ဖို့ … More စိတ်ကူးမိလေသောအခါ

Rate this:

အမေ

အမေ ကျနော့် အသက်တွေကြီးလာပေမဲ့ ကျနော့ နှလုံးသားထဲမှာ အမေ မအိုသေးပါဘူး အမေ.. ။ အမေ ကျနော့် အပေါ်မျာ အမေ့ကျေးဇူး ကြီးမားပေမဲ့ ကျနော် ကြေအောင် မဆက်နိုင်သေးဘူး အမေ……။ အမေ ကျနော်နဲ့ ဒီသံသရာမှာ ဆုံဖြစ်ပေမဲ့ သံသရာ တဖက်ကမ်းကို လမ်းမပြနိုင်သေးဘူး အမေ .. (ခွင့်လွှတ်ပေးပါ နော် ) အမေ .. ကျနော့် နှလုံးသားရပ်ဝန်းမှာ ကြယ်စင်တွေ ပတ်ပတ်လည်ရှိပေမဲ့ အားလုံးဟာ လမင်း မေမေကို မမှီနိုင်ပါဘူး မေမေ.. အမေ အမေ့ဂုဏ်ကျေးဇူးအတွက် ခိုင်းနှိုင်းစရာတွေရှိပေမဲ့ ပမာပြုပြီး တင်စားရတာ ကျနော် အားမရဘူး အမေ .. အမေ အမေ့မေတ္တာ အစုန်သာ ရှိတယ် ဆိုပေမဲ့ … More အမေ

Rate this:

ဘဝမိတ်ဆွေ

ဘဝမိတ်ဆွေ ထင်မှတ်မထားပဲ နှလုံးသားနှစ်ခု ရင်းနှီးမှုပြုကြပါတယ် ဘယ်တော့မှ မပျက်သုဉ်းမဲ့ .. သံယောဇဉ်ကြိုးလေးနဲ့တဲ့ တစ်ယောက်အပူ တစ်ယောက်ကူလို့ ခင်မင်ရင်းနှီး တမိတည်းဖွားအလား ထိခိုက်မှုရင်ခွင်တွေ အလဲအလှယ်လုပ်ကြ ပခုံးတွေ ဆက်ကာထားပြီး .. လဲလှယ်ကြ အဲ့ဒီဘဝ .. ခုံမင်နှစ်သက် ငါမမေ့ရက်နိုင်ပါဘူး တသက်တာအတွက် သတ်မှတ်ကာထားလျှက် အားပေးတယ် ဖေးမတယ် ကူညီမယ်တဲ့ ကြင်နာလိုက်တဲ့စကား .. အနားကကို မခွါချင်သလို သြော် .. ဘဝမိတ်ဆွေ . ဘဝမိတ်ဆွေ တိုင်းတာရတာ … တန်ဖိုးက တယ်ကြီးပါလားနော် … ။ ဘာနေ 21.မတ်လ.2012

Rate this: