သူမနှင့်အတူ

လင်းလက်ခဲ့တဲ့ အလင်းတစက် ပျောက်ကွယ် မသွားခင်ထိတော့ သူဟာ နှလုံးသားတစ်ခုလုံး ပိုင်စိုးတယ်…. ပတ်သက်ခဲ့တဲ့ တခဏ ဆုံးခန်း မရောက်ခင်ထိတော့ … သူဟာ .. နတ်သမီးတပါးပဲ … နေမဝင်ခင်တခဏ ဇာတ်သိမ်းခန်း မရောက်ခင်တခဏ ငါ့ကမ္ဘာဟာ အသာယာဆုံးပဲ … ။ (…….)

Rate this:

သင်္ခါရ

…………………. နေ့ရက်တွေနဲ့အတူ လေယူရာ တိမ်းတိမ်းသွားတဲ့ နုပျိုရှင်သန်ခြင်းများ … နေ့ရက်တွေနဲ့အတူ အမာရွတ်တွေ ထပ်ထပ်သွားတဲ့ ခံစားချက် ဒဏ်ရာများ… နေ့ရက်တွေနဲ့အတူ တနေ့တခြား တိုးတိုးလာတဲ့ ဘာသာဗေဒ အသစ်သစ်တွေနဲ့…. စိတ်ကူးများ .. ရွက်လွှင့်ခြင်းများ အသက်မက တန်ဖိုးထားခြင်းများ သံယောဇဉ်တွေ.. ချစ်ခြင်းတရားတွေ မြတ်နိုးခြင်းများ .. နာကျင်ခြင်းများနဲ့ ခံစားချက် အဖုံဖုံတို့တွေသည် … နေ့ရက်အချိန်တို့နဲ့အတူ ဝေလွင့်ပျက်သုဉ်း ကွယ်ပျောက်ခဲ့သည် သာချည်း…။ (2-4-2014)

Rate this:

ငါ .. မှားသလား ..

အစေးကပ်နေတဲ့ အတွေးတွေက မြင်မြင်ရာ ပစ်ခွင်းလို့ ခရီးတွေ လျှောက်လိုက်တာ .. လမ်းပျောက်လို့ လမ်းထောက်တဲ့ခါကြမှ ငါ .. လမ်းမှားနေပြီ … တဲ့ ။ ခက်တာပါပဲ … လျှောက်လက်စ ဒီခရီးက အတော်အတန် လမ်းပေါက်ခါမှ အမှောင်အတိ အလင်းမရှိနဲ့ ဘယ်ကို ဆက်လျှောက်ရမယ်မှန်း .. နည်းနည်းမှကို မမြင် … ။ အလင်းရှင် ကယ်တော်မူတဲ့အခါမှ အမှားတွေက ဒင်းကြမ်းလို့ လမ်းတွေက စုတ်ပဲ့နဲ့ ခရီးလမ်းအစကိုပဲ ပြန်တွေးမိတော့တယ် … ငါ … အတွေးမှားလေခြင်း …. ။ ဘာနေ 1st-march-2014

Rate this:

2013 in review

The WordPress.com stats helper monkeys prepared a 2013 annual report for this blog. Here’s an excerpt: The concert hall at the Sydney Opera House holds 2,700 people. This blog was viewed about 10,000 times in 2013. If it were a concert at Sydney Opera House, it would take about 4 sold-out performances for that many … More 2013 in review

Rate this:

သံဝေဂ (၂)

စိတ်ကို တည်လိုက်သည် ။ ခါးကို အနည်းငယ် ဆန့်လိုက်သည် ။ အသက်ရှူချက်တွေကို စိတ်မျက်စိဖြင့် စိုက်ကြည့်လိုက်သည် ။ အမှုမဲ့ ရှူနေတဲ့ လေအဝင်အထွက်က ထင်းကနဲ ရှင်းနေသည် ။ သူသည် ဝင်ထွက်ခြင်းဖြင့် စည်းချက် ညီနေသည် ။ ပင်ကိုယ်စိတ်က သူ့ခြေလှမ်းတွေကို လိုက်ကြည့်ရတာ မောနေသည် ။ လိုက်၍ပင် မမှီ ။ သို့သော် သူသည် သူ့အလုပ်သူလုပ်နေသည်သာ ဖြစ်သည်။ ဒါပေမဲ့ စောင့်ကြည့်ရတဲ့အလုပ်သည် တကယ်မောပေသည်။ အားအနည်းငယ်စိုက်၍ သူ့ကို ကြည့်လိုက်တဲ့အခါ တဖြည်းဖြည်း ရှင်းလာသည် ။ ကိုယ်ကိုယ်တိုင်လည်း ငြိမ်သက်လာသည် ။ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိလေတော့ ပြီ။ သူ့ခြေလှမ်းတွေကို ထပ်ကြပ်မကွာ လိုက်ထားသည် ။ မှီသည်လည်း ရှိသည် … More သံဝေဂ (၂)

Rate this:

သံဝေဂ (၁)

ဘဝတစ်လျှောက်လုံး ငြိမ်းချမ်းမယ်လို့ အထင်ဖြင့် လျှောက်ခဲ့တဲ့ခရီးများသည် ပန်းတိုင်အရောက်မှာ စိတ်မော လူမောဖြင့်သာ လမ်းလွဲခဲ့လေခြင်းလို့ တစ်ကိုယ်တည်း ညည်းခဲ့ကြသည်သာ ကျန်ခဲ့လေသည် ။ မနက်မော ၊ ညမော ၊ တနေ့လုံး မောနေရခြင်းတွေသည်ပင် အရောင်ပြောင်းလဲထားသော သင်္ခါရ ဓမ္မတွေဟု မမြင်သ၍ မောပြီးရင်း မောနေပါဦးမည် ။ သစ္စာဉာဏ်ဟုခေါ်သော အမှန်အတိုင်း မြင်တဲ့ အသိဉာဏ်ကလေးတစ်ခု မိမိအဇ္ဇျှတ္တမှာ မတည်သေးသ၍လည်း ငြိမ်းချမ်းခြင်းသို့ သွားသောလမ်းသည် ရောက်မလိုလိုနဲ့ ခရီးထောက်နေပါလိမ့်မည် ။ မနက်ဖန်သည် နောက်တစ်နေ့မို့ အချိန်အပို်င်းအခြားကား လိုသေးသည်။ သေခြင်းတရားသည် ဒီဘဝအတွက် နှစ်ခါမထပ်တာမို့ သတိထားဖို့လည်း လိုပေသည် ။ အသိဉာဏ်ရှိသော လူတစ်ယောက်အတွက် မိမိရဲ့အရေးပါဆုံး အကောင်းဆုံး အရာ ဘာဆိုတာ သူ့အသိနဲ့သူ သိနေပါလိမ့်မည် ။ … More သံဝေဂ (၁)

Rate this:

အတိုဆုံးလမ်း

လေပြေက အေးအေးလေး အလာလမ်းက ညင်ညင်ကလေး ရင်တွင်းဗဟိုချက်သို့ ခဏ နားပြီးတဲ့အခိုက် အပြန်လမ်းအတွက် လေပြေက နွေးသွားတယ် ဒီလိုနဲ့ အကြိမ်ကြိမ် မရေတွက်နိုင်အောင် သူလာတယ် သူပြန်တယ် …… အဲ့ဒီ ဝေါဟာရ နှစ်ခုကြားမှာ .. လူးလွန့်နေတဲ့ စိတ်ကလေးက တစစ အနည်ထိုင်လာတယ် တဖြည်းဖြည်း ကြည်လင်လာတယ် တရေးရေးနဲ့ အေးချမ်းစပြုလာတယ် ငြိမ်းချမ်းခြင်းကို စတင်တွေ့လာတယ် ဒီလိုနဲ့ အတွင်းစိတ်ရဲ့ အသိက ဘာက ဘာဆိုတာ သိလာတယ် အဲ့ဒါဟာ ငြိမ်းချမ်းခြင်းကို သွားတဲ့ အတိုဆုံးလမ်းပဲ .. ။ ဘာနေ

Rate this: