ငယ် ငယ်က ကြားဖူး မှတ်သားဖူး ယုံခဲ့ဖူးတဲ့ စကားတစ်ခွန်း …
ပထမအရွယ် ပညာရှာ
ဒုတိယအရွယ် စီးပွားရှာ
တတိယအရွယ် တရားရှာ တဲ့ ။
တရားတွေ နာပြီး တဲ့ အခိုက် … အသိထဲ ပေါ်လာတဲ့ အတွေးကတော့ ငယ်ရွယ်စဉ် စိတ်ဉာဏ်သွက်လက်တဲ့ အချိန်မှာ တရားကို ပြီးပြတ်အောင် ရှာထားတာက အကောင်းဆုံးလို့ သိရှိလက်ခံမိလိုက်တယ် … ။
ယခုအချိန်မှာ အရွယ်လွန်သည်ဖြစ်စေ မလွန်သည်ဖြစ် .. သေမင်းရန်က အေးတယ် မထင်လိုက်ကြပါနဲ့ … ။
အမှည့်တဝင်းဝင်း အကင်းတဖြုတ်ဖြုတ် တဲ့ .. အရွယ်မရွေးပါ ။
စေတနာ များစွာဖြင့်
ဘာနေ
ဟုတ်တယ် ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ရတော့မှ သေခြင်းတရားဟာ တကယ်နီးနီးလေးပါလားလို့ ပိုပိုသိလာတယ်။