အရိုင်းနဲ့ အယဉ်

အရိုင်းအစိုင်းတို့ သဘောသည် သက်ရှိအား ဒုက္ခကိုသာ ပေးတတ်သည်။ သိမ်မွေ့ယဉ်ကျေးသူမှာကား သက်ရှိအား သုခကိုသာ ပေးလေ့ရှိသည် ။ ပစ္စုပ္ပန်၌ တည်ရှိနေသော ကျွန်ုပ်တို့သက်ရှိလူတွေမှာ မိမိတို့စရိုက် ဖြစ်တည်မှု အရိုင်းနဲ့ အယဉ်ကို ရွှေးဖို့ရာအတွက် .. အခွင့်အရေးတွေ ရှိနေပါသည်။ ရွေးချယ်ခွင့်ဆိုသည်မှာလည်း  မိမိလိုချင်သော အရာကို ရွေးလုပ်ဖိုရန်သာ လိုပေသည် ။ ထို့ကြောင့် မိမိစိတ်ဆန္ဒသာ အဓိကဖြစ်သည် ။ လက်တွေ့ လုပ်ဆောင်ခြင်းသည် မိမိရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်လေသည် ။

ဤလောကကြီးအတွင်းရှိ လူအပါအ၀င် သတ္တ၀ါအားလုံးတို့တွင် ရိုင်းစိုင်းတဲ့ သတ္တ၀ါရှိသလို .. စိတ်ထားဖြောင့်မတ်ကောင်းမွန်တဲ့ သတ္တ၀ါလည်း ရှိပေသည် ။ ထိုသတ္တ၀ါချင်းအတူတူ မွေးဖွားလာတဲ့ ပုံစံတူ ၊ နေထိုင်ပုံခြင်း တူတူ ကြီးပြင်းလာကြပြီးမှ အယဉ်နဲ့အရိုင်း ဘာကြောင့် နှစ်မျိုး ကွဲသွားကြသလဲဟု မေးရန်ဖြစ်နေမည် ။ မေးလည်း မေးသင့်ပါသည်  ။ သိလည်း သိထားသင့်ပါသည် ။

ရိုင်းစိုင်းတဲ့ သတ္တ၀ါတွေသည်  အသိပညာ ဖွံ့ဖြိုးမှု နည်းလို့လည်း ဖြစ်မည် ။ ထိန်းသိမ်းမှုကင်းမဲ့လို့လည်း ဖြစ်မည် ။ အမှန်မှာ သာမန်အကြောင်းအရာတစ်ခုက သူတို့ရဲ့ အသိဥာဏ်အတွင်းသို့ .. ပညာအလင်း မထွင်းဖောက်နိုင်လို့ သို့မဟုတ် မပြည့်မှီလို့ စဉ်းစားဆင်ခြင်ဥာဏ်နည်းပါးကာ အရိုင်းစိတ်ရဲ့ တုံ့ပြန်ချက်တွေအတိုင်း . တုံ့ပြန်တတ်ကြသည် ။ ဤသည်မှစ တဖက်နဲ့တဖက် အထိန်းအကွတ်လွှတ်ကာ တိုက်ခိုက်ခြင်း ၊ ရန်လိုခြင်း စသည့်ဆင်ခြင်မှု ကင်းမဲ့တဲ့ လုပ်ရပ်များ ဖြစ်လာပေသည်။

သတ္တ၀ါအားလုံးတို့တွင် မူလသဘာဝ အတိုင်း ခံစားတတ်သော နှလုံးသားများ ရှိကြလေသည် ။ထို့အထဲက အရိုင်းနဲ့ အယဉ်သည်လည်း တူတူပင်ဖြစ်သည် ။ သို့သော်လည်း .. စိတ်ဓါတ် အခံ ညံ့တဲ့ သတ္တ၀ါတွေမှာမူ သာယာမှုတွေဖြင့် ကြုံတဲ့အခါ သာသာယာယာပင် ခံစားလေ့ရှိပြီး မသာယာမှုများဖြင့် ကြုံတွေ့တဲ့အခါမှာမူ ခံစားမှု အပိုင်းမှာ မခံမရပ်နိုင်ဖြစ်ကာ ရန်ပွဲတွေ အလီလီဖြစ်ပွားလေသည် ။ စိတ်ဓါတ်အခံကောင်းသော ၊ အသိဥာဏ်ရှိသော သတ္တ၀ါတွေမှာ မူ  စိတ်ဓါတ်အခံမကောင်းသော အရိုင်းစိတ်ရှိသော သူတွေနှင့် မတူကွဲပြားချက်ရှိသည် ။ ထိုအရာကား .. ဖြစ်ပေါ်လာတဲ့ အကြောင်းရပ်အပေါ်မှာ .. အကျိုးအပြစ်ကို စဉ်းစားဆုံးဖြတ်ပြီး လုပ်ဆောင်ခြင်းပင် ဖြစ်လေသည် ။ ထိုသဘောတရားများဖြင့် နှိုင်းဆကာ လူအချင်းချင်းတွေမှာတောင် အသိဥာဏ်ပညာကို အသုံးပြုသူနဲ့ မပြုသူတွေအတွက် လူမိုက်နဲ့ လူလိမ္မာဟူ၍ ကွဲပြားသွားကြသည် ။

ပညာမဲ့သူသည် သာမန်သက်ရှိသတ္တ၀ါရဲ့မူအတိုင်း .. တွေ့ကြုံလာတဲ့ အကြောင်းရပ်အပေါ်မှာ .. ချမှတ်တဲ့ ယူဆချက်သည် အပျက်ဘက်ဖြင့်သာ တွေးယူတတ်ကြလေ့ရှိသည် ။ ပညာရှိသော သူတို့မှာမူ … အပြုသဘောဖြင့်သာ တွေးယူဖြေရှင်းလေ့ရှိသည် ။ ဥပမာ .. အဖွဲ့အစည်းတိုင်းတွင်မူ လူနှစ်ယောက်မှသည်   မြောက်များစွာ တွဲ၍ လုပ်ကိုင်ရလေသည် ။ ထို့အထဲမှာ တစ်ဦးချင်းဖြစ်သော လူတစ်ယောက်ချင်းမှာသည် .. အမှားလေးတွေ ရှိနေပေလိမ့်မည် ။ လူဟူသည် အမှားမကင်းတတ်သော သတ္တာဝါဖြစ်သည့် အလျောက် အချိန်တိုင်းမှာ အမှားလည်း လုပ်မိနိုင်သလို အမှန်လည်း လုပ်ဖြစ်ပေလိမ့်မည် ။ မည်သို့ပင် ဖြစ်စေ အမှားတွေ့တိုင်း ပြစ်တင် ဝေဖန်တတ်ခြင်းထက် ထိုသူတစ်ယောက်ရဲ့ ကောင်းကွက်ကိုသာ ကြည့်ပြီး  ဖေးမကူညီရင်းသည်သာ  .. လူတော်လူကောင်း ပညာရှိတို့ရဲ့ လုပ်ရပ်ပင်ဖြစ်သည် ။

အတိုချုံ့ ပြောရရင် မကောင်းတာ မတွေးနဲ့ ကောင်းတာပဲ တွေး ….

မကောင်းတွေရင် စိတ်အိမ်ထဲ မကောင်းတာတွေနဲ့ ပြည့်သွားတတ်ပြီး မကောင်းတဲ့ စရိုက် ပြောင်းတတ်လေသည်။

ကောင်းတဲ့ အရာ တွေးရင် စိတ်အိမ်ထဲ ကောင်းတာတွေ တဖြည်းဖြည်း ပြည့်သွားတတ်ပြီး ကောင်းတဲ့ စရိုက် ပြောင်းတတ်လေသည် ။

ဆေးရောင် မြောက်များစွာ ချယ်သခွင့် ရှိသည့် .. မိမိစုတ်ချက်တိုင်းက မိမိရဲ့ ပန်းတိုင် ပန်းချီကားတစ်ချပ် ဖြစ်လာပါလိမ့်မည် ။

 

ဘာနေ

၈ရက် . ဖေဖော်ဝါရီ . ၂၀၁၇ ။

 

 

 

 

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s