သံဝေဂ (၂)

385340_332609646850246_7961856_n

စိတ်ကို တည်လိုက်သည် ။
ခါးကို အနည်းငယ် ဆန့်လိုက်သည် ။
အသက်ရှူချက်တွေကို စိတ်မျက်စိဖြင့် စိုက်ကြည့်လိုက်သည် ။
အမှုမဲ့ ရှူနေတဲ့ လေအဝင်အထွက်က ထင်းကနဲ ရှင်းနေသည် ။
သူသည် ဝင်ထွက်ခြင်းဖြင့် စည်းချက် ညီနေသည် ။
ပင်ကိုယ်စိတ်က သူ့ခြေလှမ်းတွေကို လိုက်ကြည့်ရတာ မောနေသည် ။
လိုက်၍ပင် မမှီ ။
သို့သော် သူသည် သူ့အလုပ်သူလုပ်နေသည်သာ ဖြစ်သည်။
ဒါပေမဲ့ စောင့်ကြည့်ရတဲ့အလုပ်သည် တကယ်မောပေသည်။
အားအနည်းငယ်စိုက်၍ သူ့ကို ကြည့်လိုက်တဲ့အခါ တဖြည်းဖြည်း ရှင်းလာသည် ။ ကိုယ်ကိုယ်တိုင်လည်း ငြိမ်သက်လာသည် ။
ပတ်ဝန်းကျင်ကိုလည်း သတိမထားမိလေတော့ ပြီ။
သူ့ခြေလှမ်းတွေကို ထပ်ကြပ်မကွာ လိုက်ထားသည် ။
မှီသည်လည်း ရှိသည် မမှီသည်လည်း ရှိသည် ။
ဤသို့ဖြင့် ထိုခရီးကို ဆက်လျှောက်နေလိုက်သည် ။
တရံတခါ လမ်းလွဲသွားပြန်သည် ။ သတိပြန်ဝင်လာမှ သွားရမဲ့လမ်းပေါ် ပြန်ရောက်သွားပေသည် ။

ထိုခရီးမဆုံးခင် တစ်ထောက်နားတော့ စိတ်ထဲမှာ အဓိကနဲ့ သာမညကို သဲကွဲလာသည် ။
မပုကြွယ်နှင့် ခရုငယ် ဆိုတဲ့ငယ်ငယ်က ကျောင်းစာကိုလည်း သတိရမိသည် ။

(ဘာနေ)


leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s