သံဝေဂ (၁)

Image

ဘဝတစ်လျှောက်လုံး ငြိမ်းချမ်းမယ်လို့ အထင်ဖြင့် လျှောက်ခဲ့တဲ့ခရီးများသည် ပန်းတိုင်အရောက်မှာ စိတ်မော လူမောဖြင့်သာ လမ်းလွဲခဲ့လေခြင်းလို့ တစ်ကိုယ်တည်း ညည်းခဲ့ကြသည်သာ ကျန်ခဲ့လေသည် ။

မနက်မော ၊ ညမော ၊ တနေ့လုံး မောနေရခြင်းတွေသည်ပင် အရောင်ပြောင်းလဲထားသော သင်္ခါရ ဓမ္မတွေဟု မမြင်သ၍ မောပြီးရင်း မောနေပါဦးမည် ။

သစ္စာဉာဏ်ဟုခေါ်သော အမှန်အတိုင်း မြင်တဲ့ အသိဉာဏ်ကလေးတစ်ခု မိမိအဇ္ဇျှတ္တမှာ မတည်သေးသ၍လည်း ငြိမ်းချမ်းခြင်းသို့ သွားသောလမ်းသည် ရောက်မလိုလိုနဲ့ ခရီးထောက်နေပါလိမ့်မည် ။

မနက်ဖန်သည် နောက်တစ်နေ့မို့ အချိန်အပို်င်းအခြားကား လိုသေးသည်။
သေခြင်းတရားသည် ဒီဘဝအတွက် နှစ်ခါမထပ်တာမို့ သတိထားဖို့လည်း လိုပေသည် ။

အသိဉာဏ်ရှိသော လူတစ်ယောက်အတွက် မိမိရဲ့အရေးပါဆုံး အကောင်းဆုံး အရာ ဘာဆိုတာ သူ့အသိနဲ့သူ သိနေပါလိမ့်မည် ။

အချိန်သည်ကား … မရပ်နားသော ရထားတစ်စင်းပင်တည်း ။

ဘာနေ


leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s