ဘာသာတရားဟာ ဘာအတွက်ပါလဲ

ဘာသာတရားဟာ ဘာအတွက်လဲ ..RELNL060-heading4

ဘာသာတရားကို ကိုးကွယ်သူ ရှိသလို ၊ ဘာသာတရားကို မကိုးကွယ်သူလည်း ရှိပါတယ် ။ ဘာသာတရား ကိုးကွယ်သူတွေမှာ ဘာအတွက်ကြောင့် ကိုးကွယ်ကြတာပါလဲ ဆိုတာ စဉ်းစားကြည့်မိတယ် .. ။

လူတစ်ချို့မှာ ငယ်ငယ်ကတည်းကစပြီး  အဖေနဲ့ အမေက ဒါလုပ်၊ ဒါကိုးကွယ် ဆိုလို့ ကိုးကွယ်မှုကို ယူခဲ့ကြတယ် ။

လူတစ်ချို့မှာ ဟာ .. ဒါ ဟာ ၊ ဒီဘာသာဟာ လူအများ ကိုးကွယ်လို့ ငါလည်း ကိုးကွယ်မယ်ဆိုတဲ့ အများကြိုက် ကိုးကွယ်မှုနဲ့ ကိုးကွယ်တာလည်းရှိတယ် ။

လူတစ်ချို့မှာလည်း မိမိပြုလုပ်လိုက်တဲ့ အကောင်းအဆိုး အပြစ်တွေအတွက် စိုးရိမ်ပူပန်စိတ်ဖြစ်လာတဲ့အခါ အားကိုးရာ ရှာတဲ့အနေနဲ့ ဘာသာတရား တစ်ခုခုကို ကိုးကွယ်လိုက်တဲ့ သူတွေလည်း ရှိတယ် ။

လူတစ်ချို့မှာတော့  စားဝတ်နေရေးကြောင့် ထောက်ပံ့တဲ့အဖွဲ့အစည်းတွေရဲ့ စည်းရုံးမှုကို မလွန်ဆန်နိုင်ပြီး ကိုးကွယ်မှုကို ပြောင်းလImageည်းသွားရတာလည်းရှိတယ် ။

တချို့တွေမှာတော့ .. ပူလောင်တဲ့ ဒီကမ္ဘာလောကထဲကနေ အေးချမ်းရာ အေးချမ်းကြောင်း အပူကယ်ရာ ၊ အရိပ်ခိုရာ ၊ အပူသက်သာရာအဖြစ် ရှာဖွေချင်လို့ ၊အကျိုးရချင်လို့ ကိုးကွယ်တာ ရှိတယ် ။

လူအချို့ကတော့ .. ဘာသာတရားကို ကိုးကွယ်ရာမှာ ဘာသာတရားထဲက အဆုံးအမတွေက လက်ရှိလူ့လောကအတွက် ပစ္စုပ္ပန်အတွက် လက်တွေ့ အကျိုးဖြစ်ထွန်းတာကိုသိလို့ စိတ်ထဲက နှလုံးသားထဲကနေ လက်ခံ ယုံကြည် ကိုးကွယ်တာလည်းရှိတယ် ။

လူတစ်ချို့ကတော့ .. ဘာသားတရားကြောင့် ၊ အဆုံးအမကြောင့် ၊ နားလည်လက်ခံတတ်တဲ့ ပညာရှိဥာဏ်ကြောင့် ၊ အပူအပင်တွေ ထူပြောတဲ့ လူ့လောက ဒုက္ခတောထဲကနေ ငြိမ်းချမ်းရာ အစစ်ကို ရှာဖွေ တွေ့ရှိသွားတတ်ကြတယ် .. ။ ဒါဟာလည်း မွန်မြတ်ခြင်း ဖြစ်တယ် ။

ဘယ်နေရာ ၊ ဘယ်ဘာသာ ၊ ဘယ်လူမျိုး ၊ ဘယ်လိုလူတွေ ဖြစ်နေပါစေ .. ဘာသာ အယူဝါဒ ဘယ်လိုပင် ကွဲပြားပါစေ ၊ ခုလို လူ့လောက မှာ ကျင်လည်ရသည့်အခိုက် .. မိမိစိတ်နှလုံး ပူပင်မှုအစား အေးချမ်းမှုတွေ ရှိစေချင်တယ် ၊ ဒုက္ခတောထဲမှာ နစ်မျောမှုအစား လွတ်မြောက်အောင် ကြိုးစားစေချင်တယ် ၊ လောကရဲ့ သဘောတရားတွေထဲကနေ မိမိကိုယ်ကိုယ် အားထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ် တန်ဖိုးထားစေချင်တယ် ၊ မိမိအသိဥာဏ်ကိုလည်း လွတ်လပ်စွာ အသုံးချစေချင်တယ် ၊ သူတပါးလောင်းရိပ်အောက်မှာ သူတပါးကခိုင်းတဲ့ ကကွက်ဟောင်းတွေနဲ့တင် မနေပျော်ပါပဲ လွတ်လပ်တဲ့ ကကွက်ဆန်း တွေကိုလည်း ကိုယ်ပိုင်တီထွင်နိုင်ပြီး ဘဝ ဇာတ်အိမ်ထဲမှာ ကကြိုးဆင်စေချင်တယ် ။ ခုလို တင်ပြနေခြင်းဟာလည်း မေတ္တာတရားကို အခြေခံပြီး လူလူချင်းရိုင်းပင်းတဲ့သဘောပဲ ဖြစ်တယ် ။

ဒီတော့ ဘာသာ အယူဝါဒထက် ကိုယ်ကျင့်ရမဲ့ ကိုယ်ကျင့်တရားကို ဦးစွာ စီစစ်သင့်ပါတယ် ၊ ကိုယ်ကျင့်တရားတွေဟာ ကောင်းတဲ့ အကျင့်တွေဆိုရင် မိမိအတွက် ကောင်းမွန်မှာ သေချာပါပဲ ။ အကယ်၍ မကောင်းမှုတွေဆီ ရောက်စေမဲ့အရာများဆိုပါလျှင်လည်း အသက်ရှင်နေစဉ် အချိန်မှီသေးတဲ့အခိုက် ပြင်နိုင်ခွင့် ရစေချင်တယ် … ။

တကယ်တော့  သတ္တဝါတိုင်းရဲ့ ဘေးရန်အပေါင်းကို ကင်းငြိမ်းစေချင်ပါတယ် ၊ ကင်းငြိမ်းပါစေလို့လည်း ဆန္ဒပြုပါတယ်… ။ ငြိမ်းချမ်းမှုကို ရှာဖွေသူများလည်း အစဉ်ငြိမ်းချမ်းကြပါစေလို့ အချိန်တိုင်း တောင်းဆုပြုပါတယ် ။

သင် . ယခု .. ယခု .. သင်သည် .. ယခုအချိန်မှစ .. သာယာချမ်းမြေ့ပါစေ … … ။

ကမ္ဘာလောက အကျိုးကိုလည်း ကောင်းစွာ ရွက်ဆောင်နိုင်ပါစေ … ။

ဘာနေ

3-5-2013

Advertisements

4 thoughts on “ဘာသာတရားဟာ ဘာအတွက်ပါလဲ

    1. ကျနော် ဗမာ လူမျိုးပါ . ကျနော် မြန်မာလိုပဲ ရေးထားတာမို့ နားမလည်တဲ့ စကားလုံးကို ပြန်မေးစေချင်ပါတယ် ။

      ကျေးဇူးတင်ပါတယ် ။

      1. အကို ရေးတဲ့စာလေးတွေဖတ်ရတာ စိတ်နဲ့ အသိဥာဏ်အတွက် တိုးတက်မှုတွေ ဖြစ်စေလို့ ကျေးဇူးတင်ပါတယ်နော်

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s