ငြိမ်ချမ်းရေး အော်သံ

dawn

ဒီနယ်မြေ ဒီ အပိုင်းအခြားထဲမှာ

ရောင်စုံလူများရဲ့ စကားသံများ ..

ကျယ်လောင်ခြင်းတဖုံ တိုးတိုးတိတ်တိတ် တဖုံနဲ့

အာဃာတ ဒေါသတွေ ဖုံးကာချ

ကိုယ့်အရေးသာ ကိုယ်ကြည့်

အများအရေးကို ထည့်မရှုနဲ့

တစ်ဘို့တည်းသွား ထင်ရာစိုင်းနေကြတာ

အဲ့ဒီအချိန် အဲ့ဒီကာလ

ငြိမ်းချမ်းရေး ဆိုတဲ့စကား

ဘုရားချေးထက်တောင် ရှားတတ်နေပါလိမ့်မယ်…။

တနပ်စားရေး … တနေ့ကောင်းစားရေးနဲ့

ရေတိုတွေ …  မမြင်ကြစေဖို့

အရှည်ကိုသာကြည့် ပညာတွေရှိကြပါမှ

လူ့ရွာစခန်း သာာယာတဲ့လမ်းကို

လက်တွဲညီညီ ချီတက်ခြင်းတွေက

လှပတဲ့ ပန်းများအဖြစ် .. အလိုလိုပွင့်လာပါလိမ့်မယ်။

လိုရာကို စေနိုင်စေဖို့

တစ်ဦးချင်းရဲ့ … ကိုယ်ပိုင်နားများအား

ပညာရှိတွေရဲ့ … စကားသံအောက်မှာ

ပညာဓါတ်တွေ လျှံဝေတောက်ပစေ …

ဒီကမ္ဘာကြီးလည်း သာယာလှပစေ …

တွဲလက်များလည်း ဆက်လက်ခိုင်မာကြစေ …။

ခန္တီတွေ .. သူတော်ကောင်းတရားတွေ

ဘယ်တွေဆီမှ မပျောက် …

ရင်တွင်းတိုင်းမှာ တည်ရှိ …

လူတိုင်း ရင်မှာ ထွန်းညှိ ..

လက်နက်တွေအစား …

ပန်းပွင့်လေးများ ဖြစ်စေသားလို့ …

အာခေါင်ကိုခြစ် သံကုန်ဟစ်ကာ

ကြွေးကြော်လိုက်ပါရစေ … အိုဘယ့် လူသားတို့ …. ။

ဘာနေ

21/3/2013


leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s