မပြည့်သော အိုးတစ်လုံး

Image

ကျွန်နော့်မှာ သူငယ်ချင်း နှစ်ယောက် ရှိတယ် .. ။ သန်းကိုရယ် ဖိုးခင်ရယ် ကျွန်တော်ရယ်ပေါ့ .. ငယ်ငယ်က အဲ့ဒီ .. ကျွန်တော်တို့ သုံးယောက်လုံး တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတယ် .. သူငယ်ချင်းတစ်ယောက်က မိန်းမ ရသွားတယ် သူ့မှာ ကလေးတွေနဲ့ … သုံးယောက်ရှိတယ် မိန်းမရောပေါ့ .. ကျန်တဲ့ နှစ်ယောက် ဖြစ်တဲ့ ကျနော်နဲ့ တခြား တစ်ယောက်ဖြစ်တဲ့ သန်းကိုလို့ခေါ်တဲ့ နှစ်ယောက်မှာတော့ .. အိမ်ထောင်မရှိကြဘူး .. ။ ဖိုးခင်ဆိုတဲ့ သူကတော့ သူ့ မိသားစု အရေးနဲ့ လုံးပန်းရတာမို့ ကျနော်တို့နဲ့ ရံဖန်ရံခါပဲ တွဲလေ့ရှိတယ် .. ။ ဖိုးခင်နဲ့ … သန်းကိုတို့ နှစ်ယောက်ကတော့ .. ငယ်ငယ်က အရမ်းခင်ကြပေမဲ့ … ။ ဖိုးခင်မိန်းမ ဖြစ်သူ … မိပိုးကို လူပျိုအရွယ်မှာ .. နှစ်ယောက်သား ကြိတ်ပိုးခဲ့သူတွေလေ .. ။ ဖိုးခင်က .. သန်းကိုထက် လက်ဦးသွားလေသလား မသိ ဒါမှမဟုတ် .. မိပိုးကပဲ .. ဖိုးခင်ကို ရွေးလိုက်သလားမသိ .. သန်းကို တစ်ယောက် ကျန်ရစ် ဖြစ်နေခဲ့တာပေါ့ .. ။ သန်းကိုအတွက်တော့ ကျန်ရစ်ဖြစ်ခဲ့သူ ဆိုပေမဲ့ အချစ်ပိုးက မသေဘူး .. အညှိုးလေးနဲ့ ရှိနေဆဲ … ။  ငါ့အပေါ် ကြောသွားတဲ့ ကောင်ကိုတော့ မှတ်လောက်သားလောက် ဆုံးမပေးရမှာပေါ့ ဆိုပြီး.. သူ့စိတ်ထဲမှာ .. တေးထားလာခဲ့တာ .. ဖိုးခင်ကို ဘာမှ နာနာကြီးကြီး မလုပ်နိုင်ခဲ့ခင် အချိန်ထိပေါ့ .. ။

သန်းကိုက အရက်ကလေးသောက်တတ်တယ် … နောက် .. လူတဖက်သားကို .. ရက်စက်ချင်စိတ် ရှိတယ် .. သူလုပ်မယ်ဆို လုပ်မယ်ပဲ .. တခြား သိပ်တွေးတတ်တဲ့သူမဟုတ်ဘူး .. ။ ဒါပေမဲ့ .. သူ့ကိုယ်သူတော့ ကိုယ်လွတ်ရုံးချင်တဲ့ စိတ်ရှိတယ် .. ။ သူ့ အတွက် အကွက်ကျ အဆင်ပြေမယ်ဆိုရင် တခြားသူ ဘာဖြစ်ဖြစ် သူ စိတ်ထဲ တွေးပူလေ့မရှိဘူး ..။

ကျွန်တော် … ကျွန်တော့ စရိုက်ကတော့ .. ခပ်အေးအေး ၊ ခပ်ရိုးရိုးပါပဲ ။ စကားနည်းသလို .. စကားလည်း တည်တတ်တယ် ..။ ယေဘုယျ ပြောရရင်တော့ .. လူဖြောင့်သမားပေါ့ …။ ဒါပေမဲ့ အသောက်အစားကိုတော့ အပေါင်းအသင်းအကန့်နဲ့ သောက်ဖြစ်တာလောက်တော့ ရှိတယ် ..။ ရံဖန်ရံခါ ဖိုးခင်တို့ မိသားစုဆီကိုတော့ .. အလည်သွားဖြစ်ပေမဲ့ .. နောက်ပိုင်း သူလည်း သူ့အလုပ်နဲ့ ကိုယ်လည်း ကိုယ့် အလုပ်ဖြစ်တဲ့ စာသင်တဲ့ အလုပ်နဲ့ပဲ နပန်းလုံးနေရတာမို့ .. မတွေ့ဖြစ်ဘူး ..။ သန်းကိုဆိုတဲ့ ကောင်နဲ့တော့ .. မကြာခဏဆိုသလို တွေ့ဖြစ် ဆုံဖြစ်ပါတယ် …။ တနေ့ .. သန်းကိုနဲ့ ကျွန်တော် နှစ်ယောက် .. မတွေ့တာ ကြာတော့ .. သန်းကိုက ဒီနေ့ ဝိုင်းထောင်ရအောင် ဆိုပြီး စကားစလေတယ် .. ။ ကျွန်တော်ကလည်း ဘာသားနဲ့ ထုထားတာ မို့လို့လဲ .. အရက်ဆိုတာကလည်း ကိုယ်နဲ့ သိပ်ပြီး … စိမ်းကားတာမှ မဟုတ်တာ .. ဒီတော့ .. ကြာသလားလို့ပေါ့ .. မသောက်ဖြစ်တာလည်း နည်းနည်း ခြေလှမ်းကျဲနေတော့ .. သောက်မယ်ဆိုပြီး ခေါင်းဆတ်ပြလိုက်တယ် ..။

အလုပ်တွေဘာတွေပြီး အေးဆေးဖြစ်တော့ နှစ်ယောက်သား .. အရက်ဝိုင်းစကြလေတယ်ပေါ့ …။ သန်းကိုဆိုတဲ့ကောင်ကလည်း အရက်သောက်ပြီဆို ပြီးစလွယ် သောက်လေ့မရှိတာမို့ .. အရက်ရယ် အမြီးရယ် ဝိုင်းတော်မှာ ပနံသင့်လေသည်ပေါ့ .. ။ နှစ်ယောက်သား သူတခွက် ကိုယ်တခွက် .. စကားသွက်လောက်တဲ့ စံချိန်ထိ သောက်ကြတာပေါ့ …။ စကားပြောကောင်းတဲ့အချိန် အာသွက် လျှာသွက်လောက်ခါမှ .. နှစ်ယောက်သား ရှေးဖြစ်နှောင်းဖြစ်တွေကို စပြီး အထုပ်တွေ ဖြီကြတာပေါ့ .. ။ ဟိုအကြောင်းရောက်လိုက် ဒီအကြောင်း ရောက်လိုက်နဲ့ … စကားတွေ သွက်နေတုန်း .. သန်းကိုက .. စကားဖောက်လာတယ်။ ဟကောင် သူငယ်ချင်း .. ငါ တို့တတွေ ဘယ်လိုခင် ဘယ်လိုချစ် ဘယ်လို အနစ်နာခံကြတာပေါ့ .. ။ စသဖြင့် သူ့ရဲ့ အတိတ်က စိတ်ဒဏ်ရာ အညိုးဘက်ဆီ မသိမသာ လှည့်သွားလေရဲ့ .. ။ အဲ့ဒါ .. သူ့ရဲ့ မကျေနပ်ကြောင်းတွေ စလေတော့တယ်လေ .. ။ ပြီး စကားဖို့တာက .. ငါ မင်းအတွက်ဆို .. ဘာမှ မငဲ့ဘူး လိုက်လုပ်ပေးတယ်ဆိုတာ မင်းသိတယ်နော်တဲ့ .. ။ ကျွန်တော်ကလည်း ဒါပေါ့ကွ .. ဒို့တတွေ ငယ်ငယ်ကတိုင် လက်တွဲလာတာ တစ်ယောက် အကြောင်း တစ်ယောက်အသိ ပြီး အနစ်နာခံပြီး လက်တွဲလာတာ ငါ မသိပဲ ဘယ်နေပါ့မလဲဆိုပြီး ထောက်ခံ ပြောရင်း ပြောရင်း …။ အေးတဲ့ .. မင်း ငါ့အတွက် တစ်ခု လုပ်ပေးမလားဆိုပြီး စကားစလာတာ .. ကျွန်တော်ကလည်း .. ဟ ကောင်ရ .. မင်းနဲ့ငါ သူငယ်ချင်းတွေပဲဟာ .. ဘာမလုပ်ပေးစရာ အကြောင်းရှိလဲပေါ့ မင်း ဘာလုပ်ခိုင်းလုပ်ခိုင်း ငါလုပ်ပေးမယ်ကွာဆိုပြီး စကားက ကျွန်သွားလေတယ်လေ .. ။ သူကလည်း သဘောကျပေါ့ .. ဒါမှ ငါ့သူငယ်ချင်းကွ ဆိုပြီး ဖက်လှဲတကင်း သဘောကျသွားလေရဲ့ ..။

ကျွန်တော်လည်း သူကူညီခဲ့တာတွေအတွက် ငါတော့ ပြန်ကူညီနိုင်ပြီပေါ့ ဆိုပြီး တွေးနေရင်း ဒီကောင် ဘာအကူအညီတောင်းပြီး ငါ့ကို လုပ်ခိုင်းမှာလည်းဆိုတဲ့ အတွေးနဲ့ … သူ့မျက်နှာကို သေချာ ကြည့်နေလိုက်တယ်လေ … ။ သူကတော့ .. သူလုပ်ခိုင်းချင်တာကို မပြောသေးပဲ .. ကျွန်တော့ကို စကား ဆက်ပြောတာပေါ့ ..။ အေး မင်း ငါ့အတွက် တကယ် လုပ်ပေးနိုင်တယ်ဆိုတော့ ငါက ပြောရတာပေါ့ကွာ ဆိုပြီး သူရဲ့ စီမံကိန်းကို အစဖော်တော့တာပေါ့ ..။ နှစ်ယောက်သားကလည်း သောက်ထားတာ နည်းနည်း များပြီဆိုတော့ .. ကိုယ့်အရေးပဲ မှုတော့တယ် ဘယ်သူ့အရေးမှ မမှုတော့ဘူး .. ။ အရက် အရှိန်ကြောင့် သွေးကလည်း ဆူနေတာပေါ့ .. ပြီး .. လုပ်ရဲကိုင်ရဲ စိတ်တွေကလည်း မနည်းထိန်းထားရတယ် ။

ဒီလိုကွ တဲ့ ..။ ငါတို့ ငယ်ငယ်ကတိုင် .. ငါ့စိတ်ထဲ မကျေခဲ့တာ မင်းသိတယ်မလားဆိုပြီး မေးတာ ..။ ကျွန်တော်ကလည်း သူကျန်ရစ်ဖြစ်ခဲ့တဲ့ အချက်ကို သိသိကြီးနဲ့ .. ဘာ မကျေခဲ့တာလည်းပေါ့ .. စကားရော ဖောရော လိုက်လိုက်ပါတယ် ..။ နောက် သူ စကား ဆက်ပြောတယ် .. ငါ ဖိုးခင်ကို မကျေနပ်ခဲ့တာ မင်းသိတယ် မလားဆိုပြီး ပြောရော .. ။ ကျွန်တော်ကလည်း .. အေး ငါသိတယ် ပေါ့ ..။ ဒီတော့ ဘာဖြစ်လဲပေါ့ .. ။ အဲ့ဒီအခါ ..သူက . ငါ အဲ့ကောင်ကို မကျေနပ်ဘူးကွာ တဲ့ မင်း အဲ့ဒီကောင်ကို သတ်ပေးကွာတဲ့ .. စပါလေရော …။ ကျွန်တော်က .. ဟာ . မင်းဟာက သူလည်း ငါတို့သူငယ်ချင်းပဲကွ မလုပ်ပါနဲ့ကွာ .. မသင့်တော်တာ .. သတ်လည်း မသတ်သင့်တာပဲဟာကို ပြီး ငါတို့က လူလွတ်တွေ ကူညီလို့ ရတာတွေရှိတောင် ကူညီရမှာ .. စသဖြင့် တားမြစ်ခြင်း စတင်ရတာပေါ့ ..။

ဒါပေမဲ့ သန်းကိုက .. ကျွန်တော့အပြောကို နားမဝင်ဘူး .. ။ သူကလည်း သူ လုပ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်ချင်တဲ့ကောင့် .. မဖြစ်လွန်းမှသာ .. ဖြေသာအတွေးနဲ့ .. အဲ့ဒါ ငါနဲ့ မထိုက်လို့ပါဆိုးပြီး နေလိုက်တဲ့ကောင် ။ ဒီကိစ္စမှာလည်း သူက ဆက်ပြောတာပေါ့ .. မင်းငါ့ကို ကတိပေးထားတယ်မလား .. ငါ့အတွက် တစ်ခုခု လုပ်ပေးမယ်ဆို .. ခု ငါခိုင်းတာ လုပ်ပေးကွာဆိုပြီးပြောတော့ ကျွန်တော့ခမျာမှာ .. စဉ်းစားရလေသည်ပေါ့ ။ ဟေ့ရောင် မဖြစ်ဘူးထင်တယ်နော် .. ပြောလည်း မရ .. ။ နောက်သူက မင်းက ငါ့သူငယ်ချင်းကောင်းပဲဟာ ဟိုကောင်က .. ငါတို့အတွက် သူငယ်ချင်းကောင်းမဟုတ်ဘူး .. ခုလည်း သူ့ဘာသာနေတာ လာမတွေ့ဘူး ဘာညာ အဆိုးဘက်ကချည်း လှမ့်ပြောတာပေါ့ . ။ ဒီတော့ အရက်အရှိန်တွေကလည်း မြင့်ဆိုတော့ .. အမှားအမှန် သိပ်မတွေးတော့ဘူး .. နောက်ပြီး ကျွန်တော်ဆိုတဲ့ကောင်ကလည်း ကိုယ့်မာနနဲ့ ကိုယ်ဆိုတော့ ဖြစ်နိုင်ရင် တဖက်သားအကျောတော့ မခံဘူးဗျ .. ။  အဲ့ဒီလို အကဲတွေနဲ့ပေါ့ .. ။

အဲ့ဒါနဲ့ ခဏနေတော့ … မပေးသင့်တဲ့ ကတိ ကို ပေးလိုက်မိတယ် …။ ငါ့သူငယ်ချင်းအတွက်ပဲ ငါလုပ်ပေးမှာပေါ့ ဆိုပြီး ပြောလိုက်မိတယ် .. ။ အဲ့အချိန် သန်းကိုက .. မှိုရထားတဲ့ မျက်နှာနဲ့ ပြုံးပျော်လို့ပေါ့ .. ပြီးတော့ တဖွဖွ ပြောနေတာက ဒါမှ ငါ့သူငယ်ချင်းကွ ဆိုပြီး ပါးစပ်က တဖွဖွ ပြောနေတယ်လေ ..။ ကျွန်တော့်မှာတော့ သူ့ပြောနေတဲ့ ဒါမှ ငါ့သူငယ်ချင်းကွ ဆိုတဲ့ ချီးမွမ်းချက်အတွက် ပြုံးပေးရပေမဲ့ .. စိတ်ထဲကနေ ကတိပေးလိုက်တဲ့ အချက်အတွက် စိတ်ထင့်နေတာပေါ့ .. ဘာလို့လဲဆို နှစ်ယောက်လုံးက သူငယ်ချင်း .. ။ စိတ်ထဲမကောင်းဘူး .ဖြစ်သွားတယ် .. ။ ဒါပေမဲ့ ကျွန်တော် ကတိပေးလိုက်မိပြီဆိုတာတော့ သိလိုက်မိတယ် ။ ဒါကြောင့် အရက်ဝိုင်း သိမ်းတဲ့အထိ စကားရော ဖောရောနဲ့သာ အဆုံးသတ်လိုက်တယ် …။

အရက်ဝိုင်း သိမ်းအပြီး ..သန်းကိုက မပြန်ခင် မှာသွားတာက .. ဟေ့ကောင်ကြီး .. မင်းကတိ မင်း မမေ့နဲ့နော်တဲ့ .. ။ ဒီလိုနဲ့ သူလည်း သူနေတဲ့ အိမ်ကိုပြန် ကျွန်တော်လည်း ကျွန်တော်နေတဲ့ အခန်းကို ပြန်လိုက်တာပေါ့ ..  ။ အခန်းကို ပြန်ရောက်ပေမဲ့ အတွေးထဲက ကတိပေးချက်ကိုတော့ တွေးနေဆဲ ..။ ဒီကိစ္စအတွက် ငါ မဖြစ်ဘူးနော် .. ငါ မလုပ်သင့်ဘူးဆိုပြီး တွေးလိုက်မိတယ် ..။ ပြီးတော့တခါ .. သန်းကိုဘက်လှည့်သွားတယ် .. သူ ငါ့ကို ကူညီထားတာတွေများပြီ .. သူ ငါ့ကို အကူအညီတောင်းတာ ရှားတယ် ဒီတစ်ခုပဲ ပေါ့ .. ။ ဒီကတိဟာ သူ့ကို ပြန်ကျေးဇူးဆပ်ရာလည်း ရောက်တာပေါ့ ကွာဆိုပြီး ကတိအတွက် .. အားထည့်ထားလိုက်မိတယ် .။ စိတ်ကတော့ သာယာသည်မဟုတ် ..။ ဘယ်သာယာမလဲ .. သတ်ခိုင်းတဲ့သူက .. လည်း သူငယ်ချင်း .အရင်းခေါက်ခေါက် .. မိသားစုနဲ့ .. ရှာဖွေ စားသောက်နေရတာ .. ။ ဒီတော့ အကြပ်ရိုက်ပြီပေါ့လေ ..။

ဒီလိုနဲ့ စိတ်ထဲက အကြံအစည်ကို တွေးရင်း ကြံရင်း စိတ်ကမပျော် .. အစားကလည်း ပျက် ..နောက် အရက်ဘက်ကို ဦးတည်လာလိုက်တာ .. နှစ်ပတ်လောက် ကြာသွားတယ် …။ နောက် တွေးမိတာက .. ကတိဖျက်ဖို့အတွက်ကလည်း မဖြစ် ဘာလို့လဲဆို ကျွန်တော်က ကျောင်းဆရာဆိုတော့ ဆရာမာနကလည်း ရှိဆိုတော့ ..  ကတိ တလုံးကို လွယ်လွယ်နဲ့ မပေးသလို ပေးခဲ့တဲ့ ကတိကိုလည်း လွယ်လွယ်နဲ့ မဖျက်ဘူး .။ ဒီတော့ ခုလို အချိန်ကြာကြာလုပ်နေလို့တော့ မဖြစ်ဘူးဆိုပြီ .. ဖိုးခင်စီမံကိန်းကို စတင်လိုက်ပါတော့တယ် …။

တနေ့ .. မိုးတွေလည်း သည်းနေတုံး .. ဖိုးခင်ဆီ ဖုန်းဆက်လိုက်တယ် ..။ ဟေ့ကောင် ငါ အခု မင်းနဲ့တွေ့ချင်တယ် အရမ်းအရေးကြီးတယ်ဆိုပြီး ဆက်လိုက်တာ ..။ ဟိုဘက်က ဖိုးခင်ကလည်း သူ့အလုပ်နဲ့သူ မအားဖြစ်ဘဲ .. သူငယ်ချင်းဆီလည်း မလာဖြစ်ခဲ့တော့ .. ငါ့သူငယ်ချင်း ဘာဖြစ်တယ်မသိဘူးပေါ့ .. မိုးရွာကြီး .. အောက်က ကြက်ပေါင်ရှည်ဖိနပ်အပြာကို စီးပြီး ထီးကလေးနဲ့ လာတာပေါ့ ..။ သူရောက်လာတဲ့အချိန် ကျွန်တော်က အရက် သုံးခွက်လောက်နဲ့ ရဲဆေးတင်ပြီးနေပြီ ။ စိတ်သွက် ကိုယ်သွက်ပေါ့ … ။ နောက် ကျွန်တော့ရဲ့ အဆောင်အဖြစ် .. ပန်းပဲဖိုက သီးသန့် မှာယူထားတဲ့ … ၈ လက်မအရှည် .. ဓါးမြှောင်တစ်ချောင်းကို အသာလေး ဘေးနားမှာ ကပ်ထားလိုက်တယ် … ။ ဖိုးခင်ရောက်လာတော့ မိုးတွေလည်း နည်းနည်း စိုရွဲနေတာနဲ့ … အေး ငါမင်းကို စကားပြောစရာရှိတယ် လာကွာဆိုပြီး မိုးရေထဲ လျှောက်ရင်း အတူတူ ထွက်လာခဲ့မိလိုက်တယ် ..။ လမ်းတစ်ယောက် မဆိုင်တဲ့ စကားတွေပြောရင်း .. လျှောက်လာလိုက်တာ ပေါ့ ..။

နေရာက .. မြစ်ကမ်းဘေးက ရွာ တစ်ရွာပေါ့ .. မြစ်ကလည်း မိုးရာသီဆိုတော့ ရေတက်ရေကျက ရှိ ။ ဒီတော့ .. မြစ်ဘေး ရေစပ်မှာတော့ နှုံးတွေက ထူပြစ်ပြစ် ဒူးခေါင်းမြုပ်လောက်တဲ့အထိ .. ။ မြစ်ဘေးမှာတော့ ရွာတွေကို အမှီပြုပြီး တံငါလုပ်နေတဲ့ တဲလေးငါးလုံးလောက်ရှိတယ် .။ တဲလေးတွေထဲမှာလည်း တံငါလုပ်သူတွေနဲ့ သူတို့ မိသားစု .. ။ မိုးကလည်း သဲသဲမဲမဲ ရွာနေတဲ့အချိန် ။ ညနေမှောင်ရီကလည်း ပျိုးနေတဲ့အချိန် ..။ လမ်းပေါ်မှာကလည်း လူမှန်းသူမှန်းမသိတော့တဲ့အချိန် …။ ကျွန်တော်နဲ့ ဖိုးခင် စကားပြောလာကြရင်း မြစ်ဘေး ရောက်လာတဲ့အချိန် ..။ ကျွန်တော်က ကျွန်တော်ပေးခဲ့တဲ့ ကတိအတွက် .. ထွက်မလာခင်က လက်ဘေးကပ်ပြီး ဖွက်လာခဲ့တဲ့ ဓါးမြှောင်ကို ထုတ်လိုက်ပါတော့တယ် ။

ဖိုးခင်ကတော့ ကျွန်တော် သူ့ကို သတ်မယ်ဆိုတာ ဘယ်တုံးကမှ မတွေးမိခဲ့ဘူး ..။ တွေးလည်း တွေးထားပုံ မရဘူးထင်တယ် ..။ အဲ့ဒီအချိန် .. ကျွန်တော့လက်ထဲက ဓါးက .. ဖိုးခင်လည်ပင်းဆီသို့ .. လှစ်ကနဲ ရောက်သွားမိတယ် .. ဖိုးခင်ကတော့ ပထမ ဘာဖြစ်လိုက်မှန်းသိပုံမပေါ်ဘူး နောက်မှ .. လည်ပင်းကို ကိုင်ရင်း ထွက်နေတဲ့ သွေးတွေကို ပိတ်ရင်း .. မင်း…. မင်း …. ငါ့ .. ငါ့ .. ကို .. ဆိုပြီး .. အသံလည်း မပီ .. စကားလည်း မဆုံးပဲ ဗွက်အိုင်ထဲကို လဲကျသွားတော့တယ် ။  ဓါးချက်က လည်မျိုကို ထိချက်မိတော့ .. အပြင်က လေဝင်သွားတာနဲ့ .. အသက်ပျောက်တော့တာပဲ .. ။ အဲ့ဒီအချိန် ကျွန်တော် ခေါင်းလည်း ထူပူသွားတော့တယ် .။

ဟာ … ငါ ဘာလုပ်ရမလဲ .. ငါဘာလုပ်ရမလဲ .. ငါသတ်လိုက်မိပြီ .. ဆိုပြီး ထူပူသွားတယ် ။ စိတ်ထဲက တရားခံကိုလိုက်ရှာမိတော့ .. ဟိုကောင် သန်းကိုကြောင့်ပေါ့ဆိုပြီး အလိုလို သိလိုက်မိတယ် ။ အဲ့ဒါနဲ့ လုပ်မိမှတော့ မထူးဘူးကွာဆိုပြီး .. လက်ထဲက ဓါးနဲ့ ဖိုးခင်အလောင်းကို စိတ်ရှိလက်ရှိ ကိုင်လိုက်တယ် ။ ပြီး ခေါင်းကို ဖြတ်ယူလိုက်တယ် ။ ဒါဆို ဘယ်သူမှန်းသိမှာ မဟုတ်ဘူးပေါ့ .. ။ ကျွန်တော်လည်း ခေါင်းပြတ်ကြီးကို ယူပြီး .. သန်းကို အိမ်ဘက်ကို ဦးတည်ထွက်လာလိုက်တယ် .. ။ သန်းကို အိမ်ကိုရောက်တော့ .. သူရှိမနေဘူး .ဒီတော့ သူ့အိပ်ယာပေါ်မှာ အဲ့ဒီခေါင်းကို တင်ပြီး ထားပစ်ခဲ့လိုက်တယ် ..။ ကျွန်တော်လည်း ကိုယ့်နေရာကို ကိုယ်ပြန်ခဲ့တာပေါ့ .. ။

နောက်နေ့ရောက်တော့ ဘာသံမှ တော့ မကြားသေးဘူး .. ဖိုးခင်မိသားစုတွေ ကျွန်တော့ကို လှမ်းမေးတယ် .. ဖိုးခင် ကျွန်တော့ဆီမှာ အိပ်တာလားပေါ့ .. မေးတော့ ..။ ကျွန်တော် ပြန်ဖြေလိုက်တာက .. မနေ့ကပဲ ပြန်သွားတာလေ .. အိမ်ပြန်မရောက်ဘူးလားပေါ့ .. ။ စကားကို တိုတိုနဲ့ အဆုံးသတ်လိုက်တယ် …။ စိ်တ်ထဲကလည်း ဂဏာမငြိမ်ဘူးပေါ့ ..။ ငါ့လုပ်တဲ့ အမှု ပေါ်သွားမလား ဆိုပြီး တွေးနေမိတာ .. ။ နောက် တွေးမိတာက .. ဖိုးခင် အလောင်းကို သူတို့ မတွေ့တာဖြစ်မယ်ပေါ့ ..။ ပြီးတော့ ..ဘယ်လိုဆက်ဖြစ်မလဲဆိုပြီး ဖိုးခင်ကို ကူအရှာထွက်တဲ့ ပုံစံနဲ့ ကမ်းနားဘက် ထွက်လာလိုက်တယ် …။ ကမ်းနားဘက်ရောက်တော့ .. ညက ဖိုးခင် စီးတဲ့ ဖိနပ်အပြာရောင် တစ်ရံက တဲခြေရင်းမှာ ရှိနေပြီး အလောင်းကောင်က ဘယ်နေလို့ ဘယ်ရောက်မှန်းမသိ .. ။ ကျွန်တော့အမြင်တော့ .. တံငါသည်တွေဟာ သူတို့ အမှုပတ်မှာ စိုးတာနဲ့ .. ။ ပြီး ဘယ်သူဘယ်ဝါမှန်းလည်း မသိတာနဲ့ .. အလောင်းကို .. နွံတွေထဲ အပြီးပိုင်မြုပ်ပစ်လိုက်ကြတယ် ထင်ပါရဲ့ ဆို တွေးလိုက်မိတယ် ..။ အေး ကောင်းတယ်ဆိုပြီး စိတ်သက်သာသလို ဖြစ်သွားတယ် ။

ဒီလိုနဲ့ နေလာလိုက်တာ ရက်အတော်ကြာသွားတယ် ။ ဖိုးခင်မိသားစုကလည်း သူပျောက်သွားတယ်လောက်ပဲ သိတာဆိုတော့ ရဲကို လူပျောက်ကြောင်း တိုင်လိုက်ရုံပဲ ။ ရဲကလည်း လူပျောက်မှတ်သားခြင်းလောက်နဲ့သာ ဘာမှ ထူးခြားမလာဘူးပေါ့ …. ။ သန်းကိုဆိုတဲ့ကောင်ကလည်း ကြောက်နေတဲ့ပုံပါပဲ .. ဘာလို့လဲဆို ဖိုးခင်ခေါင်းက သူ့ဆီ ရောက်နေတာကိုး … ။ ခုလောက်ဆို သည်းချေတောင် ခိုင်မှ ခိုင်ပါ့မလားပေါ့ ။ နောက်ရက်တွေကြတော့ … သူနဲ့ ဆုံဖြစ်တယ် ။ သူက မင်းလုပ်ချက် ပီပြင်တယ်ဆိုပြီး ချီးကြူးတာပေါ့ ..။ ကျွန်တော့မှာတော့ မချိအပြုံးနဲ့သာ .. ပြုံးပြရင်း ရင်ထဲက မကောင်းမှု အပူကိုတော့ .. ဖျောက်လို့မရ ဖြေသိပ်လို့မရ နဲ့ …ဘယ်အချိန် ရဲက အမှုကို စစ်နိုင်ပြီး လာဖမ်းမလဲဆိုတဲ့ အတွေးနဲ့ .. လိပ်ပြာမလုံဖြစ်နေရတယ် ။ ကြောက်လည်း ကြောက်နေရ ။ နောက် ငါ အမှုမှန်ကို ဖော်လိုက်ရရင် ကောင်းမလားဆိုတဲ့ အတွေးလည်း ဖြစ်မိတယ် ..။ အမှုမှန်ကိုသာ ဖော်လိုက်ရရင်တော့ .. ငါလည်း ထောင်ထဲရောက်မှာပဲ .. ထောင်ထဲမှာ တသက်တကျွန်းမကျတောင် ဆယ့်လေးငါးနှစ်လောက်ကတော့ နေရမှာ သေချာပဲ ..။ နောက် .. ဖိုးခင်မိသားစုကလည်း ငါ့ကို လူယုတ်မာ လူစိတ်မရှိတဲ့ အကောင်ကြီးလို့ စွတ်စွဲမှာ သေချာပဲ … ။ အခုအခြေအနေမှာ အမှုအမှန်လည်း ဘယ်သူမှ မသိ .. သူနဲ့ သန်းကိုသာ သိသည်ဆိုတော့ ဘာမှ မထုတ်ဖော်ပဲ ဆက်နေဖို့ရာ အခွင့် ရှိသေးဆိုပြီး ကောက်ချက်ချလိုက်တော့တယ် .။

နေ့တိုင်းနေ့တိုင်းပါပဲ .. ငါ့ကို ဘယ်သူလာဖမ်းမလဲ ဆိုတဲ့ ကြောက်စိတ်က ကြီးစိုးနေလေရဲ့ …။ ရဲကိုမြင်တိုင်းလည်း အသားတဆတ်ဆတ်တုံနေအောင် ကြောက်နေရတဲ့အဖြစ် …။ အရင်ကဆို ရဲကို ကြောက်မဲ့အစား ကျောင်းဆရာဆိုတဲ့ ဂုဏ်နဲ့ ဟောက်လို့တောင် ရနိုင်သေး …။ ခုများတော့ဖြင့် … ကြောက်စိတ်တွေကြောင့် စိတ်မော လူမော စိတ်ပင်ပန်းပြီး အကြိမ်ကြိမ် သေနေရသလိုပဲ ။ ဖိုးခင်ကတော့ တခါပဲ သေရတယ် ငါ့ကြ အကြိမ်ကြိမ် နေ့ရှိသ၍ သေနေရတယ် …။ ကိုယ့်ကိုယ်ကိုလည်းတွေးမိလိုက်တယ် ငါမှားသွားပြီ .. ။ ငါဘာလုပ်ရမလဲ .. နေရတာလည်း အဓိပ္ပါယ်မရှိသလိုပဲ ..။ အကုသိုလ်စိတ်တွေ အမြဲဖြစ်ဖြစ်နေတာ ..။ မလုပ်သင့်တာကို လုပ်လိုက်မိပြီ .. ။

ဒီလိုနဲ့ လူက စိတ်ထဲ ပူပန်ခြင်းတွေနဲ့အပြည့် .. သွားရတာလည်း မပျော် … ။ စားရတာလည်း မပျော်…။ အိပ်ရတာလည်း မပျော်နဲ့ .. အဲ့ဒီစိတ်တွေနဲ့သာ ..နေရင်း ..။ ငါခုလိုဖြစ်တာရဲ့ တရားခံကို စစ်လိုက်တော့ .. အရက်ကြောင့်လား .. ငါ့ကိုယ်ငါကြောင့်လား ဆိုတာ စဉ်းစားမိတော့ … အဖြေထွက်လာတယ် .. ငါထားခဲ့မိတဲ့ စေတနာကံကြောင့်သာ သူ့ရဲ့ အကျိုးဆက်တွေ ဖြစ်ဖြစ်လာတာပဲ ဆိုတာသိလိုက်မိတယ် ..

ဒီလိုနဲ့ ….. အိပ်နေစဉ်မှာ … အိပ်ခန်းတံခါး ခေါက်သံကြားလိုက်မိတယ် ဟာ .. ငါ့ကို လာဖမ်းတာများလားဆိုပြီး ကြောက်သွားမိတယ် … လူလည်း မွမ်းကျပ်လို့ .. အတွေးများ … ဝေနေတုန်း … ဒုန်းကနဲ ထုလိုက်တဲ့အသံကြောင့် … လူက အိပ်ယာထဲကနေ လန့်နိုးသွားတယ် .. ။

( တကယ်တော့ ဒီအကြောင်းအရာက တကယ်အဖြစ်အပျက်မဟုတ်ပဲ စိုးရိမ်ဖွယ် အိမ်မက်တစ်ခု ဖြစ်နေလို့သာ .. အိပ်ယာအထမှာ ဖြေသာသွားတယ် .. အိမ်မက်သာ မဟုတ်ခဲ့ရင်တော့ ကျွန်တော့အဖြစ်က ရင်လေးစရာပါ ..  အဲ့ဒီလို နောင်တများနဲ့ ဘဝသေနေသူအဖြစ်ကနေ လွတ်မှာကို မဟုတ်တော့ဘူးလေ … )

ရွှင်လန်းချမ်းမြေ့ပါစေ ..

ဘာနေ

၁၃ရက် ၊ ဇန်နဝါရီ ၊၂၀၁၃


2 thoughts on “မပြည့်သော အိုးတစ်လုံး

  1. တော်သေးတာပေါ့ အကိုရာ အိမ်မက်မို့လို့ပေါ့ …..:D

  2. ​ဖတေ်​လို​ကောင်းသလို သံ​ဝေဂရစရာပါ but ​ခေါ့င်းစဉ်​နဲ့ ဆက်​စပ်​ မရဘူး bro

Leave a Reply to ​ဇော်​မင်း Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s