ဟန်ပျက်နေတဲ့ .. နင်
မာန်ထနေတဲ့ ….. နင်
စမာန်လည်း …. မထနဲ့
ဟန်လည်း ….. မပြနဲ့ ..
မျက်နှာလွှဲ … ခေါင်းငဲ့ခဲ့တဲ့ငါ
ယောက်ျားမာနကို … အသက်သွင်းပြီး .
ဘုရင့်နောင် ဖောင်ဖျက်သလို .. ပြန်လမ်း မရှိတော့ဘူး ..
နင်လည်း … နင်လိုရာစေ ..
ငါလည်း .. …ငါလိုရာနေ…
ရေကြည်ရာ .. မြက်နုရာသို့ ..
စုန်ဆန်လို့ …. စုန်ကန်မယ်
ဒီ့အတွက် …….
ဒုန်ပြန်လို့ ….. အထိနာရင်လည်း ..
ကိုယ့်ထိုက်နဲ့ .. ကိုယ့်ကံ
စံစရာရှိစံ … ခံစရာရှိခံပဲမို့ …
နင့်အောင်ပွဲအတွက် ငါ .. မျက်နှာမညိုးသလို
နင့်ကျရှုံးမှုအတွက်လည်း … မပြုံးရယ်ဘူး ..
အဟောင်းတိုင်း … အသစ်မဖြစ်ပေမဲ့ ..
အသစ်တိုင်းတော့ …. ဟောင်းသွားလိမ့်မယ် …
နင်နဲ့ ငါ့ကြား .. စကားတစ်ခု ငါ့မှာချင်မိတယ်
ကံ ကံရဲ့ အကျိုးဆိုတာ နေရာတိုင်းမှာ ရှိတယ်
ကောင်းလည်းကိုယ် … ဆိုးလည်း ကိုယ်ပဲမို့
ကိုယ့်အရေး .. ကိုယ်ရှု … ထင်သလို မင်းပြုပါ …
ပုံ …
အောင်ဘု
ဘာနေ
၅ရက် ၊ ဒီဇင်ဘာ ၊ ၂၀၁၂
တကယ်ထိမိတဲ့ စာသားတွေပါပဲ ကြိုက်တယ် ကူးယူခွင့် ပြုပါ
ကူးနိုင်ပါတယ်ညီ ..