အောင်ဘုရဲ့ ဥပေက္ခါ

ဟန်ပျက်နေတဲ့ .. နင်

မာန်ထနေတဲ့ ….. နင်

စမာန်လည်း …. မထနဲ့

ဟန်လည်း ….. မပြနဲ့ ..

မျက်နှာလွှဲ … ခေါင်းငဲ့ခဲ့တဲ့ငါ

ယောက်ျားမာနကို … အသက်သွင်းပြီး .

ဘုရင့်နောင် ဖောင်ဖျက်သလို .. ပြန်လမ်း မရှိတော့ဘူး ..

နင်လည်း … နင်လိုရာစေ ..

ငါလည်း .. …ငါလိုရာနေ…

ရေကြည်ရာ .. မြက်နုရာသို့ ..

စုန်ဆန်လို့ …. စုန်ကန်မယ်

ဒီ့အတွက် …….

ဒုန်ပြန်လို့ ….. အထိနာရင်လည်း ..

ကိုယ့်ထိုက်နဲ့ .. ကိုယ့်ကံ

စံစရာရှိစံ … ခံစရာရှိခံပဲမို့ …

နင့်အောင်ပွဲအတွက် ငါ .. မျက်နှာမညိုးသလို

နင့်ကျရှုံးမှုအတွက်လည်း … မပြုံးရယ်ဘူး ..

အဟောင်းတိုင်း … အသစ်မဖြစ်ပေမဲ့ ..

အသစ်တိုင်းတော့ …. ဟောင်းသွားလိမ့်မယ် …

နင်နဲ့ ငါ့ကြား .. စကားတစ်ခု ငါ့မှာချင်မိတယ်

ကံ ကံရဲ့ အကျိုးဆိုတာ နေရာတိုင်းမှာ ရှိတယ်

ကောင်းလည်းကိုယ် … ဆိုးလည်း ကိုယ်ပဲမို့

ကိုယ့်အရေး .. ကိုယ်ရှု … ထင်သလို မင်းပြုပါ …

 

ပုံ …

အောင်ဘု

 

ဘာနေ

၅ရက် ၊ ဒီဇင်ဘာ ၊ ၂၀၁၂

 

 

 

 

Advertisements

2 thoughts on “အောင်ဘုရဲ့ ဥပေက္ခါ

  1. တကယ်ထိမိတဲ့ စာသားတွေပါပဲ ကြိုက်တယ် ကူးယူခွင့် ပြုပါ

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s