ငါတစ်ခုအတွက်နဲ့ သူများကို မထိခိုက်စေချင်ပါဘူး
အဆင်ပြေတာတွေရှိသလို နာကျင်တာတွေလည်း ရှိခဲ့တယ်လေ ..
လျှောက်လှမ်းဆဲ ခရီးတထောက်မှာ .. သာယာမှုတွေ ရှိရလေအောင်
နင်းချမဲ့ နင့်ဖဝါးတိုင်းအတွက် လှပတဲ့ ပန်းလေးများ ပွင့်စေချင်တာပါ …. ။
နင်နဲ့ပတ်သက်လို့ ပေးဆပ်မှုတိုင်းမှာလည်း
လူ့သဘာဝအရ တုံ့ပြန်မှုတွေ လိုချင်ပေမဲ့
အသွားလမ်းတွေအဖို့ … အပြန်လမ်းမရှိခဲ့ရင်လည်း …
ဖြေသာအတွေးနဲ့ နေသာအောင် နေပါ့မယ် ….။
နင်နဲ့ပတ်သက်လို့ ……. နာကျင်ခဲ့ရတိုင်း ..
ငါ့အတွက် အရှုံးလို့ မမြင်ပဲ အရာရာ တန်ဖိုးထားခဲ့ရတာ
ခု .. အဲ့ဒီ့ … နာကျင်မှုတွေက ငါ့ကို ကယ်ဆယ်ခဲ့လေသလား မသိ
ငါကိုယ်တိုင် ဝမ်းနည်းမှုတိုင်းအတွက် … ဥပေက္ခါ ပြုတတ်နေပြီလေ…။
ခုလို ရောက်နေဆဲတခဏ … ဖြစ်နေဆဲ အဖြစ်အပျက်တိုင်းမှာ ..
မင်းအတွက် … အပြုံးပန်းတို့ ဝေစေဖို့ .. နှလုံးစမ်းရေ သွယ်ပေးပါ့မယ် …
မဆုံးသေးတဲ့ ဘဝခရီး … တန်ဖိုးရှိရှိ အဆုံးသတ်စေဖို့အတွက်လည်း …
ဘဝမိတ်ဆွေအဖြစ် နင့်အနားမှာ အရိပ်တစ်ခုလို ရှိနေပါ့မယ် … ။
အို … အမရာ … ရယ် …..
အမှောင်ကွယ်ပျောက် … အလင်းရောက်ပြီမို့ ….
အိပ်တန်းက …. ထပါတော့ …
လိုရာ ခရီးကို …. ဆက်ပါတော့ … ။
ဘာနေ
( ၄ရက် ၊ ဒီဇင်ဘာ ၊ ၂၀၁၂ )
i very like this post … i also like that…. 😥 😥
Oh,,,! Same feeling? .. thanks for liking ..
အို … အမရာ … ရယ် …..
အမှောင်ကွယ်ပျောက် … အလင်းရောက်ပြီမို့ ….
အိပ်တန်းက …. ထပါတော့ …
လိုရာ ခရီးကို …. ဆက်ပါတော့ … ။ကောင်းပါတယ် အကိုဘာနေ