ဝင်ထွက်ခြင်းရဲ့ ခြေသံ

leave me.jpg

 

 

 

 

 

 

 

 

ငါတစ်ခုအတွက်နဲ့ သူများကို မထိခိုက်စေချင်ပါဘူး

အဆင်ပြေတာတွေရှိသလို နာကျင်တာတွေလည်း ရှိခဲ့တယ်လေ ..

လျှောက်လှမ်းဆဲ ခရီးတထောက်မှာ .. သာယာမှုတွေ ရှိရလေအောင်

နင်းချမဲ့ နင့်ဖဝါးတိုင်းအတွက် လှပတဲ့ ပန်းလေးများ ပွင့်စေချင်တာပါ …. ။

နင်နဲ့ပတ်သက်လို့ ပေးဆပ်မှုတိုင်းမှာလည်း

လူ့သဘာဝအရ တုံ့ပြန်မှုတွေ လိုချင်ပေမဲ့

အသွားလမ်းတွေအဖို့ …  အပြန်လမ်းမရှိခဲ့ရင်လည်း …

ဖြေသာအတွေးနဲ့ နေသာအောင် နေပါ့မယ် ….။

နင်နဲ့ပတ်သက်လို့ ……. နာကျင်ခဲ့ရတိုင်း ..

ငါ့အတွက် အရှုံးလို့ မမြင်ပဲ  အရာရာ တန်ဖိုးထားခဲ့ရတာ

ခု .. အဲ့ဒီ့ … နာကျင်မှုတွေက ငါ့ကို ကယ်ဆယ်ခဲ့လေသလား မသိ

ငါကိုယ်တိုင် ဝမ်းနည်းမှုတိုင်းအတွက် … ဥပေက္ခါ ပြုတတ်နေပြီလေ…။

ခုလို ရောက်နေဆဲတခဏ … ဖြစ်နေဆဲ အဖြစ်အပျက်တိုင်းမှာ ..

မင်းအတွက် … အပြုံးပန်းတို့ ဝေစေဖို့ .. နှလုံးစမ်းရေ သွယ်ပေးပါ့မယ် …

မဆုံးသေးတဲ့ ဘဝခရီး … တန်ဖိုးရှိရှိ အဆုံးသတ်စေဖို့အတွက်လည်း …

ဘဝမိတ်ဆွေအဖြစ် နင့်အနားမှာ အရိပ်တစ်ခုလို ရှိနေပါ့မယ် … ။

အို … အမရာ … ရယ် …..

အမှောင်ကွယ်ပျောက် … အလင်းရောက်ပြီမို့ ….

အိပ်တန်းက …. ထပါတော့ …

လိုရာ ခရီးကို …. ဆက်ပါတော့ … ။

ဘာနေ

( ၄ရက် ၊ ဒီဇင်ဘာ ၊ ၂၀၁၂ )


3 thoughts on “ဝင်ထွက်ခြင်းရဲ့ ခြေသံ

  1. အို … အမရာ … ရယ် …..

    အမှောင်ကွယ်ပျောက် … အလင်းရောက်ပြီမို့ ….

    အိပ်တန်းက …. ထပါတော့ …

    လိုရာ ခရီးကို …. ဆက်ပါတော့ … ။ကောင်းပါတယ် အကိုဘာနေ

Leave a Reply to chozin Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s