မရေရာဘူး

လျှောက်လက်စ လမ်းတစ်ခု

သောက်လက်စ ဆေးလိပ်တတို

မိုးမလုံတဲ့ ဒီဇရပ်အိုထဲ

ဆက်နေဖို့လည်း မရေရာဘူး …….။

 

ခဲသေးသေးလေး တစ်လုံး

ရေပြင်ပေါ် ရောက်သွားတဲ့ အခိုက်

ကြာရှည်ရှည် ကြည့်နိုင်ဖို့ရာ မရေရာဘူး ……။

 

အတွေးမတူကြတဲ့ ဒီလောကထဲ

သူ့အမြင်ကိုယ့်အမြင် ယှဉ်ကြည့်တဲ့အခါ

ညီညွတ်ကြေအေးဖို့ရာ မရေရာဘူး ……။

 

လူနှစ်ယောက် ဘဲဥတစ်လုံး …

ထမင်းတ၀ိုင်းထဲ ဆုံတဲ့အခါမှာလည်း ..

ညီတူညီမျှ စားတတ်ဖို့လည်း မရေရာဘူး …..။

 

မပြည့်စုံတဲ့ ဒီဘ၀ထဲမှာ .

အချိန်တွေကုန်လို့ နေ၀င်သွားပြန်တော့

နားခိုရာအစစ် လက်ဝယ်ရရှိဖို့ရာမှာ မရေရာဘူး …. ။

 

ဘာနေ

24-11-2012

Advertisements

6 thoughts on “မရေရာဘူး

  1. မရေရာတာတွေများတဲ့ လောကကြီးမှာ နားခိုရာတွေ ရှားတာတော့ အမှန်ပဲဗျ ။

    1. ဟုတ်ကဲ့ဗျ .. တွေးလေ ဝေးလေဆိုသလိုပဲ ရှေ့မတိုးသ၍ ဝေးမြဲ ဝေနေမှာပဲပေါ့ဗျာ …

  2. မတွေ့ဖြစ်တာတောင်ကြာပီ ဆက်ရေးဖြစ်တာ ၀မ်းသာစရာပဲ ရေရာတာတော့ရှိမယ်ထင်တယ်ဗျာ ပြောကြည့်တာပါ

    1. ဟုတ်ပါ့ဗျာ … ကိုဂါးပျောက်နေတယ်လို့တော့ တွေးမိသား .. ခုလို ပေါ်လာတာကိုပဲ ဝမ်းသာစရာပါ .. ရေရာခြင်း မရေရာခြင်းတွေက လူက သတ်မှတ်တာပါဗျာ .. နော် ..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s