မိတ်ဆွေ ဖြစ်ပြီလား
လူတစ်ယောက်နဲ့တစ်ယောက်တကယ်ရင်းနှီးပြီး မိတ်ဆွေဖြစ်သွားပြီဆိုရင် တစ်ဦးကိုတစ်ဦး ရိုင်းပင်းရင်း ဘဝတွေကို အောင်မြင်စွာဖြတ်သန်းနိုင်သွားတယ်။ဒါကို လူတိုင်းသိထားတယ် သို့သော် လက်တွေ့အသုံးချမှုနည်းတယ် ။
ဒါ ဘာကြောင့်လဲဆိုရင် ဟန်ချက်ညီမှုကြောင့်လို့ ဆိုချင်မိပါတယ်။ ဥပမာ- ခက်ခဲကြမ်းတမ်း အန္တရာယ်များတဲ့ခရီးတစ်ခုကို လူနှစ်ယောက်ခရီးသွားကြပါပြီတဲ့။ အဲ့လိုသွားတဲ့အချိန်အခက်အခဲတစ်ခုတွေ့လို့ တစ်ဦးနဲ့တစ်ဦးညှိနှိုင်းညီညွတ်ခြင်းမရှိပဲ သူတစ်မျိုး၊ ငါတစ်မျိုးနဲ့ဆိုရင် ကြုံလာတဲ့ ပြဿနာအခက်အခဲကို ကောင်းစွာဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ကြုံတွေ့တဲ့အခက်အခဲတွေအနက် တစ်ခါတစ်ရံမှာ လူတစ်ယောက်တည်းဖြေရှင်းလို့မရတာတွေ ရှိသလို၊ နှစ်ယောက်အားတောင်မှ သိပ်မလွယ်ချင်တာတွေလည်းရှိတတ်ပါတယ်။ အဲ့ဒီလို အချိန်မှာ ညီညွတ်အားက တော်တော်လိုပါတယ်။
ဒါကြောင့် တစ်လမ်းတည်းသွားသူအချင်းချင်းညီညွတ်ပြီးမိတ်ဆွေဖြစ်ဖို့ လိုပါတယ်။
ခေါင်းစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တင်ပြချင်တာက ဒီလိုပါ။ လူတစ်ယောက်မှာ ထိလို့ကိုင်လို့ရတဲ့ ရုပ်ဒြပ်နဲ့ ထိလို့ကိုင်လို့မရတဲ့ အာရုံခံနာမ်ဒြပ်ဆိုတာရှိပါတယ်။ ထိုနှစ်ခုကို အထက်က တင်ပြခဲ့တဲ့ ဘဝခရီးသွားနှစ်ဦးအဖြစ်သတ်မှတ်ကြည့်လိုက်ပါ။ ဘဝခရီးလမ်းမှာဖြေရှင်းစရာအခက်အခဲပြဿနာတစ်ခုခုနဲ့ ကြုံလာတဲ့အခါ ထိုခရီးသွားအဖြစ် ရုပ်နဲ့နာမ်နှစ်ဦး မိတ်မဖွဲ့ထားပါက ပြဿနာကို အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ဖို့အတွက် ညီညွတ်ပြီးမိတ်တွေဖြစ်နေဖို့လိုတာပါပဲ။
ဘယ်လိုညီညွတ်အောင် မိတ်ဆွေဖွဲလို့ရအောင်နေမလဲဆိုရင် ရင်းနှီးမှုပြုပါမ၊ှ တစ်ဦးကိုတစ်ဦး ထိတွေ့မှုပြုပေးမှ အချင်းချင်း ခင်တွယ်ပြီး မိတ်ဆွေဖြစ်လာမှာပါ။
(စကားချပ်။ ။ လူမှာစိတ်နဲ့ကိုယ်ရှိတာ ဒီလောက်ရင်းနှီးရမလား အမြဲလိုလိုအတူတူရှိနေတာပဲဟာ ဆိုပြီး ပြောစရာရှိလာနိုင်ပါတယ်။ အဲ့ဒီလိုဆိုရင် မေးခွန်းလေးကိုမေးကြည့်ချင်တယ်။ သင်ထိုင်နေစဉ်အတွင်း သင့်စိတ်သင့်ဆီမှာလား၊ အဝေးတစ်နေရာမှာလား ဆိုတာကိုပါ။ အဲ့ဒိမေးခွန်းက အဖြေက်ိုထုတ်ပေးပါလမ့်မယ်။)
ဒီတော့ မိတ်တွေဖြစ်အောင်လုပ်ရပ်တွေနဲ့ စိတ်ကိုကပ်ထားပေးပါ။ လှုပ်ရှားမှုတစ်ခုပြုတိုင်း လှုပ်ရှားမှုဟု သိပေးလိုက်ခြင်းဟာ ရုပ်ဒြပ်….ကိုယ်နဲ့ နာမ်ဒြပ် စိတ်အသိအာရုံတို့ မိတ်ဖွဲ့ခြင်းပါပဲ။
ဒီတော့ မိမိဘဝခရီးမှာ ရုပ်နဲ့နာမ်ကိုမိတ်ဆွေတွေဖြစ်အောင်် နေကြပါလို့ အသိလေးပေးချင်တာပါ …။ ဒါမှသာ ခုလို ရခဲ တယ်ဆိုတဲ့ လူ့ဘဝမှာ အောင်မြင်တဲ့ဘဝအဖြစ်ကို လျှောက်လှမ်းနိုင်ကြပါလိမ့်မယ််။
ဘာနေ
၂၉ ရက် ၊ ဂျူလိုင် ၊ ၂၀၁၂
လောကမှာ ထမင်းဝိုင်းမှာပဲ မိတ်ဆွေပေါတယ်လို့ ခံစားလာရတယ် ။ သံသယစိတ်နဲ့ ကြည့်တတ်အောင် ဘ၀အတွေ့အကြုံတွေက သင်ကြားပေးလိုက်တယ် ။ ကိုယ်စိုက်ပျိုးလိုက်တဲ့အပင်တွေကအသီးမသီးတော့
ဘူးဆိုရင် နှမြောစရာကောင်းတာက အချိန်တွေပါပဲ ။ မိတ်ဆွေစစ်ဆိုတာကလဲ ရခဲလှတဲ့ ဒုလ္လဘတစ်ခု
ပါပဲလေ။
ဒါပေါ့ .. မိတ်ဆွေစစ်ဆိုတာ ရခဲ တာ အမှန်ပါပဲ ကိုယ်စိုက်ထုတ်သလို ဖြစ်မလာခဲ့ဘူးဆိုရင်လည်း စိတ်ပျက်ခြင်းမဖြစ်ဖို့ လိုတယ်ဗျ .. ဘာလို့လဲဆို အတိတ်က အကြွေးကို ပေးဆပ်ရသလို မျိုးပေါ့ .. ။ တခြားနည်းနဲ့ တွေးမယ်ဆိုရင်လည်း ပါရမီဖြစ်အောင် လုပ်ဆောင်နေတာလို့ မှတ်ကြည့်သင့်ပါတယ် .. ။ ချမ်းမြေ့ပါစေဗျာ