ပါရမီ

ပါရမီ

သူသူငါငါ သုံးလေ့ရှိကြတဲ့ စကား .. စာဖတ်သူများ ဖတ်ရလေ့ ရှိတဲ့စကား

ပါရမီ ဆိုတာ ဘယ်လိုမျိုးကိုခေါ်တာလဲ .။ ဘယ်လိုအကျိုးဖြစ်သလဲ ။

ပါရမီ ရဲ့ သဘောတရား ဘယ်လိုရှိသလဲ ဆိုတာတွေကို ကျနော် တွေးမိတဲ့အချိန် ခုလို ခေါင်းစဉ်တစ်ခု ရေးဖို့

ပြင်မိသွားတာပါ ပဲ ။

တချို့ပြောကြတယ် တစ်စုံတစ်ယောက်ဟာ အောင်မြင်မှု တစ်ခု ဖြစ်ဖြစ်မြောက်မြောက် ဖြစ်သွားပြီဆိုရင် ဒါ အတိတ်က ပါရမီကြောင့် ဖြစ်တာ ဆိုတဲ့ စကားလေးနဲ့ .. အမွှန်းတင်ကြတယ် ။ အဲ့ဒီ စကားနဲ့ ပတ်သက်ပြီး အောင်မြင်မှု ရအောင် တွန်းပို့တဲ့  ပါရမီဆိုတာက ဘယ်လိုဖြစ်ပေါ်လာတာလဲ ဆိုပြီး ကျနော်ကိုယ်တိုင် မသိလို့ ကိုယ့်ကိုယ်ကို မေးမိသေးတယ် ။ စဉ်းစားပါတယ် ။

ကျနော် စဉ်းစားမိတဲ့ ပါရမီ ဆိုသည်က .. အတွေ့အကြုံလို့ ကျနော် ယူဆမိတယ် ။ အတိတ်က သိပြီး ရင်းနှီးပြီးတဲ့ အကြောင်းအရာတွေကို နောက်တစ်ချိန်မှာ ပြန်တွေးတော့တဲ့အခါ သိပြီးသားအဖြစ် လွယ်ကူစွာ သိနိုင်တဲ့ အဖြစ်ကို ပါရမီပါသူ ပါရမီ ရှိသူအဖြစ် သမုတ်ကြတယ် ။

ဒါဆိုရင် လွယ်လွယ်တွေးလိုက်တဲ့အခါ .. ပါရမီဆိုတာ လုပ်ခဲ့ဖူးပြီးသား တွေးခဲ့ ဖူးပြီးသား အတွေ့အကြုံတွေကြောင့် တတ်မြောက်တာ လွယ်ကူခြင်းလို့ ယူဆမိပါတယ် ။

ပါရမီ ဆိုတဲ့ စကားလုံးမှာ .. ကောင်းတဲ့ ပါရမီရှိသလို .. ဆိုးတဲ့ ပါရမီလည်း ရှိနိုင်ပါတယ် ..။

ငယ်ငယ်က လူကြီးသူမတွေ ပြောလေ့ရှိတဲ့စကားတွေပါ .. ။ ကလေးတစ်ယောက် ထူးထူးချွန်ချွန် ဥာဏ်ကွန့်မြူးတဲ့အခါ .. ဒီကလေးက ပါရမီ ပါသားပဲ ဆိုပြီး ပြောတတ်သလို .. ကလေးတစ်ယောက်က အကုသိုလ်အလုပ်တွေဖြစ်တဲ့ သူများအသက်သတ်တဲ့ အလုပ် .. ဥပမာ ငါးဖမ်းခြင်း စတဲ့ အလုပ်မျိုးမှာ သူများတွေထက် ပိုပြီး ငါးဖမ်းနိုင် သတ်နိုင်တဲ့အခါ .. ဒီကလေးက အကုသိုလ် တော်တော် အကျိုးပေးတာပဲ ဆိုပြီး ပြောတတ်ကြပါတယ် ။ ဒီစကားတွေမှာဆိုရင် အကျိုးပေးခြင်း ဆိုတဲ့ အရာက ထို သက်ဆိုင်ရာ လူရဲ့ အတိတ်က လုပ်လေ့ရှိခဲ့ဖူးတဲ့ ပါရမီကြောင့်သာ ထူးချွန်ထင်ရှားလာခြင်းလို့ ယူဆမိပါတယ် ။

ဒါဆိုရင် .. အကောင်း အကျိုးပေးတာနဲ့ အဆိုးအကျိုးပေးတာမှာ အသိဥာဏ်ရှိတဲ့ လူသားတိုင်း မှန်သမျှ အကောင်းကိုပဲ လိုချင်ကြတာချည်းပဲ ။ အဲ့ဒီ ကောင်းတဲ့ လုပ်ရပ်တွေကို ကျနော်တို့အနေနဲ့ မိမိရဲ့ နောင်အတွက် ပါရမီ ပါနိုင်ဖို့ လုပ်မည် ဆိုတဲ့ ခံယူချက် … ကျနော်တို့ စိတ်သဏ္ဍန်မှာ မွေးဖွားပေးဖို့ လိုလာပါတယ် ။

ဘာပဲဖြစ်ဖြစ် ကောင်းမှုတစ်ခု ဖြစ်ပါမူ မိမိဘက်က အနာခံ အနစ်နာခံ လုပ်ပေးရ ပေးရ ပါရမီဖြည့် တယ်လို့ သဘေားထားရင် အကောင်းဆုံးပါပဲ .. ဒီတော့ မိမိလက်တကမ်းက ရနိုင်သမျှ စွမ်းဆောင်ရင်း ပါရမီဖြည့်ကြပါ .. လို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ် … ။

ဘာနေ

31.5.2012

Advertisements

2 thoughts on “ပါရမီ

  1. (ကောင်းတဲ့ လုပ်ရပ်တွေကို ကျနော်တို့အနေနဲ့ မိမိရဲ့ နောင်အတွက် ပါရမီ ပါနိုင်ဖို့ လုပ်မည် ဆိုတဲ့ ခံယူချက် … ကျနော်တို့ စိတ်သဏ္ဍန်မှာ မွေးဖွားပေးဖို့ လိုလာပါတယ် ။) —မှန်၏ – ပါရမီဆိုတာအလုပ်ပါပဲ ပင်ကိုစွမ်းရည်
    ကွာဟချက်လေးတွေတော့ ရှိတာပေါ့ ။ အတိတ်ပါရမီကိုလွဲချစရာမလို လက်ရှိဘ၀မှာ ကျိုးစားရင် ထိုက်သင့်
    တဲ့အကျိုးကိုတော့ခံစားရမည်မလွဲပါ ။ ထိုက်သင့်တဲ့အကျိုးရလာဒ်ကိုလည်းကျေနပ်နိုင်ဖို့ လိုမည်ထင်ပါ၏ ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s