အရင်က ဒီဆိုဒ်မှာပဲ အင်တာနက် ဆိုတဲ့အကြောင်းကို ကျနော် ရေးပြီးပါပြီ ဖတ်ချင်ရင် ဘေးဘက်က ရေးခဲ့ပြီးသော ပို့စ်များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရွေး၍ သွားဖတ်နိုင်ပါတယ် ..။
ခု လည်း အဲ့ဒီရဲ့ အဆက်ဖြစ်တဲ့ အင်တာနက် အကြောင်းကိုပါပဲ သိသလောက် ထပ်ပြီး ပြောကြည့်တာပါ ..။ တကယ်တော့ ကျနော်လည်း ကျွမ်းကျွမ်းကျင်ကျင် မသိဘူးဗျ ..:D ။
ကျနော်အနေနဲ့ အင်တာနက်ကို နေ့စဉ်တော့ သုံးဖြစ်ပါတယ် ။ တကယ်တော့ သုံးနေရင်း ဟိုလုပ်ဒီလုပ် လျှောက်လုပ်နေတဲ့ သူတစ်ယောက်ပါပဲ .. ။ အဲ့ဒီလို လျှောက်လုပ်ရင်းကနေ ဘာမှ လျှောက်မလုပ်တဲ့သူထက်ပိုပြီး အမှားများလာတယ် ။ ဒီတော့ ဘာမှမသိသူထက် ပိုသိတယ်လို့ ကိုယ့်ကိုယ်ကို ယူဆချင်မိတာပါပဲ .. ။
နေ့စဉ်အနေနဲ့ အင်တာနက်မှာ Gtalk ကို အများဆုံးသုံးဖြစ်ပါတယ် ..။ Gmail ကို လည်း သုံးဖြစ်ပါတယ် ။ .. နောက် ရေပန်းစားနေတဲ့ Facebook ကိုလည်း သုံးဖြစ်ပါတယ် ..။ အဲ့ဒီသုံးတဲ့အရာတွေမှာ ဘာတွေထူးခြားလဲဆိုရင်တော့ .. အများသိတာတွေထက်ပိုပြီး သိပ်ပြီး မထူးခြားပါဘူး ။
အချိန်တိုင်းလိုလို Chatting အပြောများတော့ သူငယ်ချင်းအသိ နည်းနည်းများလာတယ် ။ အသိများလာတော့ အကူအညီတောင်းတာတွေ များလာသလိုပါပဲ ။ ဘာလို့လဲဆို သူတို့နဲ့ သက်ဆိုင်တဲ့ ပြဿနာလေးတွေကို လာဆွေးနွေးရင်း ကျနော့်အနေနဲ့ ကူညီနိုင်တာတွေ ကူညီလိုက်တာမို့ပါ ..။ တကယ်တော့ ကျနော်လည်း မတတ်ဘူး သို့သော် သိသလောက် ကူညီရင်းနဲ့ ကူဖြစ်သွားတာ ။ အကူအညီလိုတဲ့ သူငယ်ချင်းတွေ အမေးများတာကတော့ သူတို့ဟာ ကျောင်းသူ ကျောင်းသားတွေ ဖြစ်တာမို့ စာရှာတာမျိုးတွေ များပါတယ် ။
ကျောင်းစာနဲ့ ပတ်သက်လို့ အကြောင်းအရာ တစ်ခုကို ရှာဖွေရာမှာ ရှာနည်းလေး နည်းနည်း သိရုံနဲ့ ခရီးရောက်ပေါက်တာတွေ တော်တော်ကွာသွားတာ တွေ့မိသွားပါတယ် ။ ဥပမာ ကျနော်တို့ စာစု တစ်ခုကို ရှာဖတ်ချင်တယ်ဆိုပါစို့ ထိုစာစု ခေါင်းစဉ်က Globalization လို့ ထားလိုက်ပါတော့ .. ။ ကျနော်တို့ အများစု ရှာနေတဲ့ နေရာက www.google.com ဆိုတဲ့ Search engine နေရာပါပဲ .. သာမန်အနေနဲ့ ရှာလိုချက်ကို search box ထဲမှာ ရိုက်ထည့်ပြီး Search ကိုနှိပ်လိုက်ရုံပါပဲ ။ ဒါဆိုရင် သက်ဆိုင်ရာ စကားလုံးနဲ့အတူ တင်ပြထားတဲ့ ဆိုဒ်တွေ တန်းစီ ပေါ်လာပါတယ် ။ ပြီးမှ ကိုယ်က ဖတ်ပြီး ရွေးရတဲ့ သဘောပါ ။
ခု အဲ့ဒီရှာတဲ့နည်းထက် .. Search box ထဲမှာ ရိုက်ထည့်မဲ့ Globalization ရဲ့ နောက်မှာ filetype:pdf /txt/ppt/doc/docx/psd/jpg/ စသော မိမိလိုချင်တဲ့ extension လေးတွေကို အစားထိုးပြီး ကိုယ်ရှာချင်တဲ့ စကားလုံးအလိုက် ရှာဖွေနိုင်ပါတယ်။ အဲ့ဒီလို ရှာဖွေရာမှာ … ကိုယ့်အနေနဲ့ ရရှိလာတဲ့ အသင့်လုပ်ပြီးသားဖိုင်တွေထဲကနေ information တွေ .. sample တွေကို အလွယ်တကူ သိနိုင် ရှာဖွေနိုင်ပါတယ် ။ ဒီတော့ လူတိုင်းလိုလို Search Engine ကို သေချာ သုံးတတ်ဖို့ လိုပါတယ် ။
နောက်ထပ် ပြောချင်တာကတော့ Software ရှာဖွေခြင်းပါ .. ။ ဆော့ဝဲတွေကို www.4shared.com မှာ အလကား ရတာတွေ ရှိပါတယ် .. အဲ့ဒီဆိုဒ်ထဲမှာ ရှိတဲ့ မန်ဘာတွေက သူတို့ ဆီမှာ အသုံးဝင်တဲ့ ဆော့ဝဲတွေဆိုရင် 4shared မှာ တင်တယ် တခြားသူကိုလည်း ပြန်မျှတယ် အဲ့ဒီလို မျှဝေတဲ့ မန်ဘာအားလုံးရဲ့ ဖိုင်တွေကို မိမိအနေနဲ့ ဆိုဒ်ကနေ ရှာဒါင်းပြီး ယူနိုင်ပါတယ် ။ ရှာနည်းကတော့ 4Shared ကို ဖွင့်လိုက်ပြီး search box မှာ မိမိလိုချင်တဲ့ ဆော့ဝဲ နာမည်ကိုအတိအကျ နည်းပါး ရိုက်ပေးနိုင်ရင် အဆင်ပြေပါတယ် ။ Game တွေလည်း ရှိပါတယ် .. ။ မိမိအနေနဲ့ ရှာကြည့်ဖို့သာလိုတာမို့ သိသလောက် မျှဝေခြင်းဖြစ်ပါတယ် ။
နောက်ထပ် ကျနော်တို့တတွေဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ စာဖတ်ဖြစ်ကြတဲ့အခါ .. သူများတွေ / ဘလော့ဂါ တွေ ရေးတဲ့ စာတွေကိုမြင်တော့ ကိုယ်ကိုယ်တိုင်လည်း ရေးချင် စိတ် ဖြစ်မိတတ်လေ့ရှိကြပါတယ် .. ။ အဲ့ဒီတော့ သူတို့တွေလို ဆိုဒ်ပိုင်လေးတွေ ထောင်ချင်လာကြတယ် ဒီလိုနဲ့ ဆိုဒ်ကို မလုပ်တတ်တဲ့ ပြဿနာက ဖြစ်ပေါ်လာပါတယ် ။ အဲ့ဒီအတွက် လွယ်လွယ် ပြောရရင်တော့ www.blogger.com ဆိုတဲ့ ဆိုဒ်ထဲ ဝင်ပြီး Register လုပ်ပေးရုံပါပဲ ..။ ဒါကတော့ ခုမှ စသုံးတဲ့သူတွေအတွက် သိပ်မလွယ်ပေမဲ့ အင်တာနက် ပါးဝနေတဲ့သူတွေအဖို့ လွယ်ကူတဲ့အရာပါ ။
စာရေးဆရာ ဘလော့ဂါတွေ တော်တော်များ များ ရှိတဲ့အထဲက ကျနော် ဝင်ဖတ်ဖြစ်တဲ့ ဘလော့ အချို့ ရှိပါတယ် … အချိန်ရလို့ စိတ်ဝင်စားလို့ ဝင်ဖတ်ချင်တယ်ဆိုရင်တော့ သွားရောက်ဖတ်နိုင်ပါတယ် ။
နိုင်းနိုင်းစနေ .. စာရေးဆရာမ ။ အများအားဖြင့် ဘာသာပြန် အတွေးအမြင် ရသ စာပေတွေကို ရေးလေ့ရှိပါတယ် ။
သက်တန့်ချို .. စာရေးဆရာ ။ သူလည်း ဘာသာပြန်တွေ ထူးဆန်းထွေလာတွေ ရေးလေ့ရှိပါတယ် ။
မြသွေးနီ .. စာရေးဆရာမ ။ သူလည်း အတွေးအမြင်နဲ့ သူ့ဘဝနေထိုင်မှု ပတ်ဝန်းကျင် အကြောင်းလေးတွေ ရေးလေ့ ရှိပါတယ်။
ချော (အစိမ်းရောင်လွင်ပြင်) ။ သူကတော့ မှတ်သားဖွယ်ရာလေးတွေနဲ့ ဟင်းချက်နည်းလေးတွေ ရေးပေးလေ့ရှိပါတယ် ။
ကိုမိုးလှိုင်ည ကဗျာရေးဆရာ ။ သူရေးတဲ့ ကဗျာလေးတွေ ဖတ်လို့ ကောင်းပါတယ် ။
ကိုမြစ်ကျိုးအင်း .. စာရေးဆရာ ။ သူရေးတဲ့ ဝတ္ထုလေးတွေ ဖတ်လို့ ကောင်းပါတယ် ။
ကိုကိုမောင် (ပန်းရနံ့) ။ ဟာသတွေနှောပြီး ချက်ကျကျ ရေးလေ့ရှိတယ် ။ ဖတ်ရင်း ရယ်ရတဲ့အရသာကို သိချင်ရင် သွားဖတ် ။
ကိုညီလင်းသစ် .. ။ သူ နေထိုင်တဲ့ ပတ်ဝန်းကျင် အကြောင်းလေးတွေ ရေးတတ်ပြီး ဖတ်ရတာ စိတ်ဝင်စားဖွယ် ဖြစ်စေတယ် ။
အဲ့ဒီဘလော့ဂါတွေဆီကို ရံဖန် ရံခါ သွားဖတ်တတ်ပါတယ် ။။ ဖတ်ဖြစ်တဲ့အခါမှာလည်း မီးပျက်သွားမှ၊ အိပ်ချိန်လွန်မှ ၊ မျက်စိ ထိလာမှ ရပ်တဲ့ အဆင့်ထိပါပဲ 😀 ။ အဲ့ဒါက ဖတ်ဖြစ်တဲ့ ဘလော့ စာမျက်နှာတွေပါ တခြားဖတ်ဖြစ်တာတွေလည်း ရှိပေမဲ့ ထည့်မရေးတော့ဘူးဗျာ ။
သတင်းတွေအနေနဲ့ Eleven media ကို ဝင်ရောက် ဖတ်လေ့ရှိပြီး .. ဂျာနယ်တွေထဲ သိပ်မတွေ့ဖြစ်တဲ့ သတင်း တွေကိုတော့ ကိုသစ်ထူးလွင် ဆိုဒ်မှာ ဝင်ဖတ်ဖြစ်ပါတယ် ။ ဒါတွေ ပြောနေရခြင်းက လူငယ်တစ်ယောက်အနေနဲ့ မိမိအတွက် အင်တာနက်သုံးနေချိန်မှာ တန်ဖိုးရှိစေတဲ့ ၊ ဗဟုသုတ ရစေတဲ့ အရာများနဲ့သာ ကုန်ဆုံးစေချင်တာကြောင့် ပြောနေခြင်းပါ ။ အများအားဖြင့် လူငယ်တွေဟာ အင်တာနက် ချတ်တင် များ ၊ Dota games များတွင်သာ အချိန်ကုန်လေ့ ရှိတာမို့ သတိပေးသလိုမျိုးအနေနဲ့ မျှဝေခြင်းဖြစ်ပါတယ် ။
ဒါတွေကတော့ ခုလောလောဆယ် စိတ်ထဲ ရှိသလောက်ပါပဲ ..။ နောက်များမှ ဆက်ပြောပေးပါမည် ။
ဘာနေ
20-may-2012
သိပ်ကို ကောင်းမွန်တဲ့  အတွေးအခေါ်နဲ့ မျှဝေထားတဲ့ စာစုလေးပါဘဲ ဘာနေေ၇…။
ခါတိုင်းေ၇းနေကျပုံ စံမျိုးနဲ့ လိုင်းကွဲထွက်သွားတဲ့ ပုံစံနဲ့ အများကို အကျိုးရှိစေတဲ့ 
စာစုလေးမို့ အင်တာနက် ကို အကျိုး၇ှိရှိ အသုံးချဖို့ လူငယ်တွေကို မီးမောင်းထိုးပြနေသလို ပါဘဲ..။
ကျေးဇူးပါနော်..။ဆက်လက်မျှဝေပေးပါဦးနော်..။
အမြဲတမ်းဖြည့်ဆည်းနေပေမယ့်မပြည့်နိုင်တာက အသိပညာနဲ့အတတ်ပညာလို့ ထင်ပါတယ် ။ ကိုယ်သိသလောက်
ကိုယ်တတ်သလောက်လေးကို ပြန်လည်မျှဝေပေးတာ ကျေးဇူးတင်ပါတယ် ။ ကိုယ့်ကိုအားကိုပြီးမေးမြန်းတဲ့အခါ
ကိုယ်ကလဲမသိ မတတ်တော့ ဒီလိုနေရာမျိုးလေးတွေကိုပဲ ညွှန်းဆိုပေးရတာပါပဲ ။ ဒီထက်မက မျှဝေနိုင်ပါစေ
လို့ လဲတောင်းဆိုချင်ပါတယ် ။ ကိုဂါးနှင့် တကွ သိချင်တတ်ချင်သူလူငယ်များအတွက်ပေါ့ဗျာ ။
ကျေးဇူးပါ ။
အရမ်းကိုကောင်းပါတယ်ဗျာ။ အခုခေတ်gamer တွေသာဒီpost လေးကိုဖတ်မိရင်တော်တော်လေး အကျိုးရှိလိမ့်မယ်လို့ထင်မိပါတယ်။ အခုလိုစိတ်ထဲရှိသလောက် တင်ပြပေးတာကိုကျေးဇူးတင်ပါတယ်။