Internet (2)

အရင်က  ဒီဆိုဒ်မှာပဲ အင်တာနက် ဆိုတဲ့အကြောင်းကို ကျနော် ရေးပြီးပါပြီ ဖတ်ချင်ရင် ဘေးဘက်က ရေးခဲ့ပြီးသော ပို့စ်များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရွေး၍  သွားဖတ်နိုင်ပါတယ် ..။

ခု လည်း အဲ့ဒီရဲ့ အဆက်ဖြစ်တဲ့ အင်တာနက် အကြောင်းကိုပါပဲ သိသလောက် ထပ်ပြီး ပြောကြည့်တာပါ ..။ တကယ်တော့ ကျနော်လည်း ကျွမ်းကျွမ်းကျင်ကျင် မသိဘူးဗျ ..:D ။

ကျနော်အနေနဲ့ အင်တာနက်ကို နေ့စဉ်တော့ သုံးဖြစ်ပါတယ် ။ တကယ်တော့ သုံးနေရင်း ဟိုလုပ်ဒီလုပ် လျှောက်လုပ်နေတဲ့ သူတစ်ယောက်ပါပဲ .. ။ အဲ့ဒီလို လျှောက်လုပ်ရင်းကနေ ဘာမှ လျှောက်မလုပ်တဲ့သူထက်ပိုပြီး အမှားများလာတယ် ။ ဒီတော့ ဘာမှမသိသူထက် ပိုသိတယ်လို့ ကိုယ့်ကိုယ်ကို ယူဆချင်မိတာပါပဲ .. ။

နေ့စဉ်အနေနဲ့ အင်တာနက်မှာ Gtalk ကို အများဆုံးသုံးဖြစ်ပါတယ် ..။   Gmail ကို လည်း သုံးဖြစ်ပါတယ် ။ .. နောက် ရေပန်းစားနေတဲ့ Facebook ကိုလည်း သုံးဖြစ်ပါတယ် ..။ အဲ့ဒီသုံးတဲ့အရာတွေမှာ ဘာတွေထူးခြားလဲဆိုရင်တော့ .. အများသိတာတွေထက်ပိုပြီး  သိပ်ပြီး မထူးခြားပါဘူး ။

အချိန်တိုင်းလိုလို Chatting အပြောများတော့ သူငယ်ချင်းအသိ နည်းနည်းများလာတယ် ။ အသိများလာတော့ အကူအညီတောင်းတာတွေ များလာသလိုပါပဲ ။ ဘာလို့လဲဆို သူတို့နဲ့ သက်ဆိုင်တဲ့ ပြဿနာလေးတွေကို လာဆွေးနွေးရင်း ကျနော့်အနေနဲ့ ကူညီနိုင်တာတွေ ကူညီလိုက်တာမို့ပါ ..။ တကယ်တော့ ကျနော်လည်း မတတ်ဘူး သို့သော် သိသလောက် ကူညီရင်းနဲ့ ကူဖြစ်သွားတာ ။ အကူအညီလိုတဲ့ သူငယ်ချင်းတွေ အမေးများတာကတော့ သူတို့ဟာ ကျောင်းသူ ကျောင်းသားတွေ ဖြစ်တာမို့ စာရှာတာမျိုးတွေ များပါတယ် ။

ကျောင်းစာနဲ့ ပတ်သက်လို့ အကြောင်းအရာ တစ်ခုကို ရှာဖွေရာမှာ ရှာနည်းလေး နည်းနည်း သိရုံနဲ့ ခရီးရောက်ပေါက်တာတွေ တော်တော်ကွာသွားတာ တွေ့မိသွားပါတယ် ။ ဥပမာ ကျနော်တို့ စာစု တစ်ခုကို ရှာဖတ်ချင်တယ်ဆိုပါစို့ ထိုစာစု ခေါင်းစဉ်က Globalization လို့ ထားလိုက်ပါတော့ .. ။ ကျနော်တို့ အများစု ရှာနေတဲ့ နေရာက www.google.com ဆိုတဲ့ Search engine နေရာပါပဲ .. သာမန်အနေနဲ့ ရှာလိုချက်ကို search box ထဲမှာ ရိုက်ထည့်ပြီး Search ကိုနှိပ်လိုက်ရုံပါပဲ  ။ ဒါဆိုရင် သက်ဆိုင်ရာ စကားလုံးနဲ့အတူ တင်ပြထားတဲ့ ဆိုဒ်တွေ တန်းစီ ပေါ်လာပါတယ် ။ ပြီးမှ ကိုယ်က ဖတ်ပြီး ရွေးရတဲ့ သဘောပါ ။

ခု အဲ့ဒီရှာတဲ့နည်းထက် ..  Search box ထဲမှာ ရိုက်ထည့်မဲ့ Globalization ရဲ့ နောက်မှာ filetype:pdf /txt/ppt/doc/docx/psd/jpg/ စသော မိမိလိုချင်တဲ့ extension လေးတွေကို အစားထိုးပြီး ကိုယ်ရှာချင်တဲ့ စကားလုံးအလိုက် ရှာဖွေနိုင်ပါတယ်။ အဲ့ဒီလို ရှာဖွေရာမှာ … ကိုယ့်အနေနဲ့ ရရှိလာတဲ့ အသင့်လုပ်ပြီးသားဖိုင်တွေထဲကနေ information တွေ .. sample တွေကို အလွယ်တကူ သိနိုင် ရှာဖွေနိုင်ပါတယ် ။ ဒီတော့  လူတိုင်းလိုလို Search Engine ကို သေချာ သုံးတတ်ဖို့ လိုပါတယ် ။

နောက်ထပ် ပြောချင်တာကတော့ Software ရှာဖွေခြင်းပါ .. ။ ဆော့ဝဲတွေကို www.4shared.com မှာ အလကား ရတာတွေ ရှိပါတယ် .. အဲ့ဒီဆိုဒ်ထဲမှာ ရှိတဲ့ မန်ဘာတွေက သူတို့ ဆီမှာ အသုံးဝင်တဲ့ ဆော့ဝဲတွေဆိုရင် 4shared မှာ တင်တယ် တခြားသူကိုလည်း  ပြန်မျှတယ် အဲ့ဒီလို မျှဝေတဲ့ မန်ဘာအားလုံးရဲ့ ဖိုင်တွေကို မိမိအနေနဲ့ ဆိုဒ်ကနေ ရှာဒါင်းပြီး ယူနိုင်ပါတယ် ။ ရှာနည်းကတော့ 4Shared ကို ဖွင့်လိုက်ပြီး search box မှာ မိမိလိုချင်တဲ့ ဆော့ဝဲ နာမည်ကိုအတိအကျ နည်းပါး ရိုက်ပေးနိုင်ရင် အဆင်ပြေပါတယ် ။ Game တွေလည်း ရှိပါတယ် .. ။ မိမိအနေနဲ့ ရှာကြည့်ဖို့သာလိုတာမို့ သိသလောက် မျှဝေခြင်းဖြစ်ပါတယ် ။

နောက်ထပ် ကျနော်တို့တတွေဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ စာဖတ်ဖြစ်ကြတဲ့အခါ .. သူများတွေ / ဘလော့ဂါ တွေ ရေးတဲ့ စာတွေကိုမြင်တော့ ကိုယ်ကိုယ်တိုင်လည်း ရေးချင် စိတ် ဖြစ်မိတတ်လေ့ရှိကြပါတယ် .. ။ အဲ့ဒီတော့ သူတို့တွေလို ဆိုဒ်ပိုင်လေးတွေ ထောင်ချင်လာကြတယ် ဒီလိုနဲ့ ဆိုဒ်ကို မလုပ်တတ်တဲ့ ပြဿနာက ဖြစ်ပေါ်လာပါတယ် ။ အဲ့ဒီအတွက် လွယ်လွယ် ပြောရရင်တော့ www.blogger.com ဆိုတဲ့ ဆိုဒ်ထဲ ဝင်ပြီး Register လုပ်ပေးရုံပါပဲ ..။ ဒါကတော့ ခုမှ စသုံးတဲ့သူတွေအတွက် သိပ်မလွယ်ပေမဲ့ အင်တာနက် ပါးဝနေတဲ့သူတွေအဖို့ လွယ်ကူတဲ့အရာပါ ။

စာရေးဆရာ ဘလော့ဂါတွေ တော်တော်များ များ ရှိတဲ့အထဲက ကျနော် ဝင်ဖတ်ဖြစ်တဲ့ ဘလော့ အချို့ ရှိပါတယ် … အချိန်ရလို့ စိတ်ဝင်စားလို့ ဝင်ဖတ်ချင်တယ်ဆိုရင်တော့ သွားရောက်ဖတ်နိုင်ပါတယ် ။

နိုင်းနိုင်းစနေ .. စာရေးဆရာမ ။ အများအားဖြင့် ဘာသာပြန် အတွေးအမြင် ရသ စာပေတွေကို ရေးလေ့ရှိပါတယ် ။

သက်တန့်ချို .. စာရေးဆရာ ။ သူလည်း ဘာသာပြန်တွေ ထူးဆန်းထွေလာတွေ ရေးလေ့ရှိပါတယ် ။

မြသွေးနီ .. စာရေးဆရာမ ။ သူလည်း အတွေးအမြင်နဲ့ သူ့ဘဝနေထိုင်မှု ပတ်ဝန်းကျင် အကြောင်းလေးတွေ ရေးလေ့ ရှိပါတယ်။

ချော (အစိမ်းရောင်လွင်ပြင်) ။ သူကတော့ မှတ်သားဖွယ်ရာလေးတွေနဲ့ ဟင်းချက်နည်းလေးတွေ ရေးပေးလေ့ရှိပါတယ် ။

ကိုမိုးလှိုင်ည  ကဗျာရေးဆရာ ။ သူရေးတဲ့ ကဗျာလေးတွေ ဖတ်လို့ ကောင်းပါတယ် ။

ကိုမြစ်ကျိုးအင်း .. စာရေးဆရာ ။ သူရေးတဲ့ ဝတ္ထုလေးတွေ ဖတ်လို့ ကောင်းပါတယ် ။

ကိုကိုမောင် (ပန်းရနံ့) ။ ဟာသတွေနှောပြီး ချက်ကျကျ ရေးလေ့ရှိတယ် ။ ဖတ်ရင်း ရယ်ရတဲ့အရသာကို သိချင်ရင် သွားဖတ် ။

ကိုညီလင်းသစ် .. ။ သူ နေထိုင်တဲ့ ပတ်ဝန်းကျင်  အကြောင်းလေးတွေ ရေးတတ်ပြီး ဖတ်ရတာ စိတ်ဝင်စားဖွယ် ဖြစ်စေတယ် ။

အဲ့ဒီဘလော့ဂါတွေဆီကို ရံဖန် ရံခါ သွားဖတ်တတ်ပါတယ် ။။ ဖတ်ဖြစ်တဲ့အခါမှာလည်း မီးပျက်သွားမှ၊  အိပ်ချိန်လွန်မှ ၊ မျက်စိ ထိလာမှ ရပ်တဲ့ အဆင့်ထိပါပဲ 😀 ။ အဲ့ဒါက ဖတ်ဖြစ်တဲ့ ဘလော့ စာမျက်နှာတွေပါ တခြားဖတ်ဖြစ်တာတွေလည်း ရှိပေမဲ့ ထည့်မရေးတော့ဘူးဗျာ ။

သတင်းတွေအနေနဲ့ Eleven media ကို ဝင်ရောက် ဖတ်လေ့ရှိပြီး ..  ဂျာနယ်တွေထဲ သိပ်မတွေ့ဖြစ်တဲ့ သတင်း တွေကိုတော့ ကိုသစ်ထူးလွင် ဆိုဒ်မှာ ဝင်ဖတ်ဖြစ်ပါတယ် ။ ဒါတွေ ပြောနေရခြင်းက လူငယ်တစ်ယောက်အနေနဲ့ မိမိအတွက် အင်တာနက်သုံးနေချိန်မှာ တန်ဖိုးရှိစေတဲ့ ၊ ဗဟုသုတ ရစေတဲ့ အရာများနဲ့သာ  ကုန်ဆုံးစေချင်တာကြောင့် ပြောနေခြင်းပါ ။ အများအားဖြင့် လူငယ်တွေဟာ အင်တာနက် ချတ်တင် များ ၊ Dota games များတွင်သာ အချိန်ကုန်လေ့ ရှိတာမို့ သတိပေးသလိုမျိုးအနေနဲ့ မျှဝေခြင်းဖြစ်ပါတယ် ။

ဒါတွေကတော့ ခုလောလောဆယ် စိတ်ထဲ ရှိသလောက်ပါပဲ ..။ နောက်များမှ ဆက်ပြောပေးပါမည် ။

ဘာနေ

20-may-2012

Advertisements

3 thoughts on “Internet (2)

  1. သိပ်ကို ကောင်းမွန်တဲ့  အတွေးအခေါ်နဲ့ မျှဝေထားတဲ့ စာစုလေးပါဘဲ ဘာနေေ၇…။
    ခါတိုင်းေ၇းနေကျပုံ စံမျိုးနဲ့ လိုင်းကွဲထွက်သွားတဲ့ ပုံစံနဲ့ အများကို အကျိုးရှိစေတဲ့ 
    စာစုလေးမို့ အင်တာနက် ကို အကျိုး၇ှိရှိ အသုံးချဖို့ လူငယ်တွေကို မီးမောင်းထိုးပြနေသလို ပါဘဲ..။
    ကျေးဇူးပါနော်..။ဆက်လက်မျှဝေပေးပါဦးနော်..။

  2. အမြဲတမ်းဖြည့်ဆည်းနေပေမယ့်မပြည့်နိုင်တာက အသိပညာနဲ့အတတ်ပညာလို့ ထင်ပါတယ် ။ ကိုယ်သိသလောက်
    ကိုယ်တတ်သလောက်လေးကို ပြန်လည်မျှဝေပေးတာ ကျေးဇူးတင်ပါတယ် ။ ကိုယ့်ကိုအားကိုပြီးမေးမြန်းတဲ့အခါ
    ကိုယ်ကလဲမသိ မတတ်တော့ ဒီလိုနေရာမျိုးလေးတွေကိုပဲ ညွှန်းဆိုပေးရတာပါပဲ ။ ဒီထက်မက မျှဝေနိုင်ပါစေ
    လို့ လဲတောင်းဆိုချင်ပါတယ် ။ ကိုဂါးနှင့် တကွ သိချင်တတ်ချင်သူလူငယ်များအတွက်ပေါ့ဗျာ ။
    ကျေးဇူးပါ ။

  3. အရမ်းကိုကောင်းပါတယ်ဗျာ။ အခုခေတ်gamer တွေသာဒီpost လေးကိုဖတ်မိရင်တော်တော်လေး အကျိုးရှိလိမ့်မယ်လို့ထင်မိပါတယ်။ အခုလိုစိတ်ထဲရှိသလောက် တင်ပြပေးတာကိုကျေးဇူးတင်ပါတယ်။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s