အမေ
ကျနော့် အသက်တွေကြီးလာပေမဲ့
ကျနော့ နှလုံးသားထဲမှာ အမေ မအိုသေးပါဘူး အမေ.. ။
အမေ
ကျနော့် အပေါ်မျာ အမေ့ကျေးဇူး ကြီးမားပေမဲ့
ကျနော် ကြေအောင် မဆက်နိုင်သေးဘူး အမေ……။
အမေ
ကျနော်နဲ့ ဒီသံသရာမှာ ဆုံဖြစ်ပေမဲ့
သံသရာ တဖက်ကမ်းကို လမ်းမပြနိုင်သေးဘူး အမေ ..
(ခွင့်လွှတ်ပေးပါ နော် )
အမေ ..
ကျနော့် နှလုံးသားရပ်ဝန်းမှာ ကြယ်စင်တွေ ပတ်ပတ်လည်ရှိပေမဲ့
အားလုံးဟာ လမင်း မေမေကို မမှီနိုင်ပါဘူး မေမေ..
အမေ
အမေ့ဂုဏ်ကျေးဇူးအတွက် ခိုင်းနှိုင်းစရာတွေရှိပေမဲ့
ပမာပြုပြီး တင်စားရတာ ကျနော် အားမရဘူး အမေ ..
အမေ
အမေ့မေတ္တာ အစုန်သာ ရှိတယ် ဆိုပေမဲ့
သားစွမ်းနိုင်သလောက် အဆန် ရှိချင်လိုက်တာ အမေ …
အမေ ..
ကျနော့်ခရီးလမ်း ဘယ်လောက်ပင် ကြမ်းပေမဲ့
နှလုံးသားမှာ မေမေလမင်း အမြဲထွန်းပ နေပါတယ် အမေ
အမေ
ခုလို တနယ်ရပ်ခြား ဝေးကွာနေပေမဲ့
သားနားမှာ အမေ အမြဲ ရှိပါတယ် အမေ ….
အမေ ..
အမေနဲ့အတူ အမေ့အတွက် သီးသန့် ကုသိုလ်မပြုနိုင်ပေမဲ့
သားပြုလိုက်တဲ့ ကုသိုလ်တိုင်းဟာ အမေ့အတွက်ပါ အမေ ..
အမေ…
အမေ့အနားမှာ အားရပါးရ အမေလို့ ခေါ်ချင်ပေမဲ့ ..
အဝေးကနေပဲ အူလှိုက်သဲလှိုက် “အမေ”လို့ ခေါ်နေပါတယ် အမေ …
အမေ …
အမေ .. အမေ … မေမေ … မေမေ … မေမေ…
အရမ်းချစ်တယ် အမေ … အဲ့ဒီထက် ခုတော့
အရမ်းလွမ်းနေပါတယ် အမေ ..။
ဘာနေ
2-4-2012
” အမေ” မေတ္တာကို ညွှန်း ဖွဲ့ ဆိုတဲ့  စာစုလေးကို ဖတ်ပြီး အမေ့ တန်ဖိုးကို ပို ပို သိလာပြီး
၇င်ထဲမှာအ၇မ်းခံစား၇ပါတယ်….
ကျေးဇူးပါ ………..ဘာနေေ၇။
အမေကို ချစ်တဲ့ သားတယောက် …
ချစ်သော အမေ့ အတွက် မှန်ကန်စွာကျေးဇူးဆပ်နိုင်ပါစေ…..။။
ဘာနေရေ ကျွန်တော်လည်းခင်ဗျာလိုဘဲ အမေချစ်တဲ့သားတစ်ယောက်ပါ အမေကိုချစ်ပြီး သိတက်တဲ့ သားသမီးတိုင်းဟာဘယ်တော့မှ မတိန်ကောပါဘူးဗျာ ……… အမေ ကိုချစ်တက်ကြပါစေ။
ဟုတ်ကဲ့ ကျေးဇူးပါဗျာ
ကျေးဇူးအများကြီးတင်ပါတယ် ဒီပို့စ်လေးအတွက်ပါ…..
အမေ….
အရမ်းလွမ်းတယ် ….အဲဒီင်္စကားထက်ပိုတာထက်ကိုလွမ်းတယ်အမေ၇ယ်…..