ထင်မှတ်မထားပဲ နှလုံးသားနှစ်ခု ရင်းနှီးမှုပြုကြပါတယ်
ဘယ်တော့မှ မပျက်သုဉ်းမဲ့ .. သံယောဇဉ်ကြိုးလေးနဲ့တဲ့
တစ်ယောက်အပူ တစ်ယောက်ကူလို့
ခင်မင်ရင်းနှီး တမိတည်းဖွားအလား
ထိခိုက်မှုရင်ခွင်တွေ အလဲအလှယ်လုပ်ကြ
ပခုံးတွေ ဆက်ကာထားပြီး .. လဲလှယ်ကြ
အဲ့ဒီဘဝ .. ခုံမင်နှစ်သက် ငါမမေ့ရက်နိုင်ပါဘူး
တသက်တာအတွက် သတ်မှတ်ကာထားလျှက်
ကြင်နာလိုက်တဲ့စကား .. အနားကကို မခွါချင်သလို
သြော် .. ဘဝမိတ်ဆွေ . ဘဝမိတ်ဆွေ
တိုင်းတာရတာ … တန်ဖိုးက တယ်ကြီးပါလားနော် … ။
ဘာနေ
21.မတ်လ.2012
ဟုတ်ပါတယ်။ ဘ၀မိတ်ဆွေဆိုတာ တန်ဖိုးကြီးမားတယ်။ တမိတည်းက မွေးတဲ့သူချင်းတောင်မှ စိတ်ချင်းနားလည်ဖို့ အင်မတန်ခက်တယ်။
ဖြစ်နိုင်ရင် ဘ၀မိတ်ဆွေဆိုတာ တကယ်ကိုလိုအပ်ပါတယ်။ ရင်ဘတ်ချင်းနားလည်ပေးတတ်တဲ့သူမျိုးပေါ့နော်။
ခင်တဲ့
အမ
ဟုတ်တယ် .. ဘဝမိတ်ဆွေဆိုတာ မရှိမဖြစ် လိုအပ်ပါတယ် .. ကိုယ်ကလည်း မိတ်ဆွေကောင်းဖြစ်ထားပါမှ မိတ်ဆွေစစ်ဆိုတာကလည်း ကိုယ့်အတွက် ရှိနေမှာပါ .. ။
ဟုတ်တယ် .. ဘဝမိတ်ဆွေဆိုတာ မရှိမဖြစ် လိုအပ်ပါတယ် .. ကိုယ်ကလည်း မိတ်ဆွေကောင်းဖြစ်ထားပါမှ မိတ်ဆွေစစ်ဆိုတာကလည်း ကိုယ့်အတွက် ရှိနေမှာပါ .. ။ ဘဝမှာ အလို့အပ်ဆုံး ဘဝမိတ်ဆွေ မရှိခဲ့ရင် ကိုယ်ဘဝဟာသာယာ ဖြောင်းဖြူး နိုင်မယ် မထင်ဘူး ဘဝဆို တဲ့ အဓီပ္ပါယ်တွေ ဟာ လဲ အရမ်း များလွန်းနေတော့ ဘယ်က ဘယ်လို့ ရေးရမှန်တောင် အတွေးတွေ့က ခက်နေတယ်.နော်..