ဘဝမိတ်ဆွေ

ဘဝမိတ်ဆွေ

ထင်မှတ်မထားပဲ နှလုံးသားနှစ်ခု ရင်းနှီးမှုပြုကြပါတယ်

ဘယ်တော့မှ မပျက်သုဉ်းမဲ့ .. သံယောဇဉ်ကြိုးလေးနဲ့တဲ့

တစ်ယောက်အပူ တစ်ယောက်ကူလို့

ခင်မင်ရင်းနှီး တမိတည်းဖွားအလား

ထိခိုက်မှုရင်ခွင်တွေ အလဲအလှယ်လုပ်ကြ

ပခုံးတွေ ဆက်ကာထားပြီး .. လဲလှယ်ကြ

အဲ့ဒီဘဝ .. ခုံမင်နှစ်သက် ငါမမေ့ရက်နိုင်ပါဘူး

တသက်တာအတွက် သတ်မှတ်ကာထားလျှက်

အားပေးတယ် ဖေးမတယ် ကူညီမယ်တဲ့

ကြင်နာလိုက်တဲ့စကား .. အနားကကို မခွါချင်သလို

သြော် .. ဘဝမိတ်ဆွေ . ဘဝမိတ်ဆွေ

တိုင်းတာရတာ … တန်ဖိုးက တယ်ကြီးပါလားနော် … ။

ဘာနေ

21.မတ်လ.2012

Advertisements

3 thoughts on “ဘဝမိတ်ဆွေ

  1. ဟုတ်ပါတယ်။ ဘ၀မိတ်ဆွေဆိုတာ တန်ဖိုးကြီးမားတယ်။ တမိတည်းက မွေးတဲ့သူချင်းတောင်မှ စိတ်ချင်းနားလည်ဖို့ အင်မတန်ခက်တယ်။
    ဖြစ်နိုင်ရင် ဘ၀မိတ်ဆွေဆိုတာ တကယ်ကိုလိုအပ်ပါတယ်။ ရင်ဘတ်ချင်းနားလည်ပေးတတ်တဲ့သူမျိုးပေါ့နော်။

    ခင်တဲ့

    အမ

    1. ဟုတ်တယ် .. ဘဝမိတ်ဆွေဆိုတာ မရှိမဖြစ် လိုအပ်ပါတယ် .. ကိုယ်ကလည်း မိတ်ဆွေကောင်းဖြစ်ထားပါမှ မိတ်ဆွေစစ်ဆိုတာကလည်း ကိုယ့်အတွက် ရှိနေမှာပါ .. ။

      1. ဟုတ်တယ် .. ဘဝမိတ်ဆွေဆိုတာ မရှိမဖြစ် လိုအပ်ပါတယ် .. ကိုယ်ကလည်း မိတ်ဆွေကောင်းဖြစ်ထားပါမှ မိတ်ဆွေစစ်ဆိုတာကလည်း ကိုယ့်အတွက် ရှိနေမှာပါ .. ။ ဘဝမှာ အလို့အပ်ဆုံး ဘဝမိတ်ဆွေ မရှိခဲ့ရင် ကိုယ်ဘဝဟာသာယာ ဖြောင်းဖြူး နိုင်မယ် မထင်ဘူး ဘဝဆို တဲ့ အဓီပ္ပါယ်တွေ ဟာ လဲ အရမ်း များလွန်းနေတော့ ဘယ်က ဘယ်လို့ ရေးရမှန်တောင် အတွေးတွေ့က ခက်နေတယ်.နော်..

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s