ခုတလော .. စိတ်က ကဗျာဘက်လှည့်သွားပြန်တယ် ကဗျာကလည်း အချစ်ကဗျာ ဖြစ်နေပြန်ပါတယ် .. ဒီဘလော့ ရေးသူကိုတော့ ခပ်ရူးရုးလို့ မထင်စေချင်ဘူးနော် .. ဘာလို့လဲဆို .. တရားနဲ့ ပတ်သက်တာလည်း ရေး ၊ အချစ်နဲ့ ပတ်သက်တာလည်းရေးဆိုတော့ကာ .. နည်းနည်း လမ်းလွဲနေသလားလို့ပါ .. ။ ဘာပဲဖြစ်ဖြစ်ဗျာ .. ပုထုဇဉ် ကျနော့်အဖြစ်မှာတော့ အချစ်ရေးနဲ့ မကင်းသေးတာမို့ .. တခါတခါ အချစ်ပါလာပါလိမ့်မယ် .. ပြီးတော့ လေ့လာထားစရာ ဗဟုသုတနဲ့ ၊ လူတိုင်း အတွက် ဓမ္မဆိုတာလည်း ပါချင်ပါပါမယ် ..။ တကယ်တော့ ကျနော့်ဘလော့ဟာ ကျနော့်အတွေး ပေါ်တာတွေအဖြစ် ချပြခြင်းဖြစ်တာမို့ .. ဘလော့ပိုင်ရှင်ဟာ စိတ်မငြိမ်တဲ့ သူလို့ ယူဆနိုင်ပါတယ် .. ။ ကဲ ဘာပဲဖြစ်ဖြစ်ဗျာ .. ခု ကဗျာ တစ်ပုဒ် ရေးထားတယ် .. ။ မကောင်းဘူး မပြောနဲ့နော် .. .မကောင်းဘူးပြောရင် ကလောင်သွားက နန သွားတာမို့ပါ ..။ ကျေးဇူးတင်ပါတယ် ..
တံခါးဖွင့်ထားပါ
လေပြေညှင်းတို့ တီးတိုး
စမ်းရေအေးများ စီးဆင်း
အကြင်နာတံခါး ဖွင့်ထားပါ
အချစ်ရိပ်ငွေ့တွေ တိုးဝှေ့နေတယ် …
ဟုတ်လား .. ဒါဆို
အကြင်နာတခါးများ ဖွင့်ထားတယ်
လေပြေညှင်းတို့ တိုက်ခတ်စေလေ
စမ်းရေလေးတွေ စီးဆင်းစေ ပေါ့
အချစ်ရိပ်ငွေ့တွေလား .. လာပါ
နှလုံးသားက ဆီးကြိုမယ်လေ .. ။
အဲ့ဒါက တစ်ပုဒ် ရေးလိုက်တာပါ .. ခုနောက်တစ်ပုဒ်ကတော့ အချစ်ဆိုတာကို ခံစားကြည့်ရင်း လက်တွေ လှုပ်ရှားလိုက်တာ .. ကဗျာ တစ်ပုဒ် ထပ်ဖြစ်သွားပြန်ပါတယ် .. ။ ကဲ ဆက်ဖတ်ကြည့်ပါအုံးလား ..
နုနုရွရွ ချစ်ကြည့်မယ်တဲ့
ကဗျာပန်းတွေပေါ်မှာ .. ချစ်လိပ်ပြာတွေဝဲလို့
ကပျော်မြူးကြွ … လှလှပပ ကစားနေကြတယ်
နေညိုရီမှောင်းလို့ တိမ်နီလေးတွေတောက်တဲ့အခါ
စိတ်ကူးတွေလွင့်ပျံ့ လွမ်းဓါတ်တွေဆင်လို့
မြင်လေသမျှ အချစ်ရိပ်တွေ တထင်ထင်နဲ့
နှလုံးသားလည်း ပျော့ပြောင်းညိုမောင်းပြီး ရင့်မှည့်လေသလား
ဟဒယ ဘဝင်မှာ .. သူတခုတည်းနဲ့ ပြီးပြည့်စုံသည်ထင်
ချစ်တယ်ဆိုသောစကား သက်ဝင်နေတဲ့ တခဏ
ပတ်ဝန်းကျင်ကိုမပြောနဲ့ ကမ္ဘာကိုတောင်မေ့သတဲ့ .
အချစ်ကြီးတယ်လို့ မထင်လိုက်ပါနဲ့နော်
ချစ်တယ်ဆိုသော အရာက တိုင်းစရာ မရှိဘူးတဲ့
ဟုတ်တော့လည်း ဟုတ်ပေသား လက်တွေ့မှသိမိတယ်
တကယ်တော့ ပြန်ခတ်ခတ်တဲ့ အချစ်ရိပ်မှာ
ကျနော်ကိုယ်တိုင် ကမ္ဘာကို မေ့သွားခဲ့ပြီမို့ လေ… ။
မေ့သလားမမေ့သလားတော့ မသိဘူးနော် .. ခုဖတ်နေတာ ဘယ်သူလဲဟင် လို့ ကျနော် မေးမိမယ်ဗျ .. ထားပါတော့ဗျာ .. ကျနော့်စာကိုဖတ်ပြီး နှလုံးသားထဲ လှိုင်း တလုံးလောက် ပြေပြေလေး ထသွားရင်ကိုပဲ ကျေနပ်နေပါပြီ .. ။
ဘာနေ
19.march.2012
အင်း ..လှိုင်းလေး တချက်လောက်တော့  ..၇င်ထဲမှာ …ပုတ်သွားသလိုပါဘဲ…..
ကဗျာလေးတွေ ကို …..ဆက်လက်မျှဝေပါဦးနော်…။
ကောင်းတယ်ဗျာ ကဗျာလေးက
ကျေးဇူးပါဗျာ ..
ဖတ်ရတာရင်ထဲမှာငြိသွားတယ်
အရမ်းကို ကောင်းတယ် လူပျိုကြီး ဘဝက ကြွယ်ပါစေလို့ ကူညီတယ် ဗျာ ….