အချစ်ကဗျာ ရေးပြန်ပြီ

ခုတလော .. စိတ်က ကဗျာဘက်လှည့်သွားပြန်တယ် ကဗျာကလည်း အချစ်ကဗျာ ဖြစ်နေပြန်ပါတယ် .. ဒီဘလော့ ရေးသူကိုတော့ ခပ်ရူးရုးလို့ မထင်စေချင်ဘူးနော် .. ဘာလို့လဲဆို .. တရားနဲ့ ပတ်သက်တာလည်း ရေး ၊ အချစ်နဲ့ ပတ်သက်တာလည်းရေးဆိုတော့ကာ .. နည်းနည်း လမ်းလွဲနေသလားလို့ပါ .. ။ ဘာပဲဖြစ်ဖြစ်ဗျာ .. ပုထုဇဉ် ကျနော့်အဖြစ်မှာတော့ အချစ်ရေးနဲ့ မကင်းသေးတာမို့ .. တခါတခါ အချစ်ပါလာပါလိမ့်မယ် .. ပြီးတော့ လေ့လာထားစရာ ဗဟုသုတနဲ့ ၊ လူတိုင်း အတွက် ဓမ္မဆိုတာလည်း ပါချင်ပါပါမယ် ..။  တကယ်တော့ ကျနော့်ဘလော့ဟာ  ကျနော့်အတွေး ပေါ်တာတွေအဖြစ် ချပြခြင်းဖြစ်တာမို့ .. ဘလော့ပိုင်ရှင်ဟာ စိတ်မငြိမ်တဲ့ သူလို့ ယူဆနိုင်ပါတယ် .. ။ ကဲ ဘာပဲဖြစ်ဖြစ်ဗျာ .. ခု ကဗျာ တစ်ပုဒ် ရေးထားတယ် .. ။ မကောင်းဘူး မပြောနဲ့နော် .. .မကောင်းဘူးပြောရင် ကလောင်သွားက နန သွားတာမို့ပါ ..။ ကျေးဇူးတင်ပါတယ် ..

တံခါးဖွင့်ထားပါ

လေပြေညှင်းတို့ တီးတိုး

စမ်းရေအေးများ စီးဆင်း

အကြင်နာတံခါး ဖွင့်ထားပါ

အချစ်ရိပ်ငွေ့တွေ တိုးဝှေ့နေတယ် …

ဟုတ်လား .. ဒါဆို

အကြင်နာတခါးများ ဖွင့်ထားတယ်

လေပြေညှင်းတို့ တိုက်ခတ်စေလေ

စမ်းရေလေးတွေ စီးဆင်းစေ ပေါ့

အချစ်ရိပ်ငွေ့တွေလား .. လာပါ

နှလုံးသားက ဆီးကြိုမယ်လေ .. ။

 

အဲ့ဒါက တစ်ပုဒ် ရေးလိုက်တာပါ .. ခုနောက်တစ်ပုဒ်ကတော့ အချစ်ဆိုတာကို ခံစားကြည့်ရင်း လက်တွေ လှုပ်ရှားလိုက်တာ .. ကဗျာ တစ်ပုဒ် ထပ်ဖြစ်သွားပြန်ပါတယ် .. ။ ကဲ ဆက်ဖတ်ကြည့်ပါအုံးလား ..

နုနုရွရွ ချစ်ကြည့်မယ်တဲ့

ကဗျာပန်းတွေပေါ်မှာ .. ချစ်လိပ်ပြာတွေဝဲလို့

ကပျော်မြူးကြွ … လှလှပပ ကစားနေကြတယ်

နေညိုရီမှောင်းလို့ တိမ်နီလေးတွေတောက်တဲ့အခါ

စိတ်ကူးတွေလွင့်ပျံ့ လွမ်းဓါတ်တွေဆင်လို့

မြင်လေသမျှ အချစ်ရိပ်တွေ တထင်ထင်နဲ့

နှလုံးသားလည်း ပျော့ပြောင်းညိုမောင်းပြီး ရင့်မှည့်လေသလား

ဟဒယ ဘဝင်မှာ .. သူတခုတည်းနဲ့ ပြီးပြည့်စုံသည်ထင်

ချစ်တယ်ဆိုသောစကား သက်ဝင်နေတဲ့ တခဏ

ပတ်ဝန်းကျင်ကိုမပြောနဲ့ ကမ္ဘာကိုတောင်မေ့သတဲ့ .

အချစ်ကြီးတယ်လို့ မထင်လိုက်ပါနဲ့နော်

ချစ်တယ်ဆိုသော အရာက တိုင်းစရာ မရှိဘူးတဲ့

ဟုတ်တော့လည်း ဟုတ်ပေသား လက်တွေ့မှသိမိတယ်

တကယ်တော့ ပြန်ခတ်ခတ်တဲ့ အချစ်ရိပ်မှာ

ကျနော်ကိုယ်တိုင် ကမ္ဘာကို မေ့သွားခဲ့ပြီမို့ လေ… ။

 

မေ့သလားမမေ့သလားတော့ မသိဘူးနော် ..  ခုဖတ်နေတာ ဘယ်သူလဲဟင် လို့ ကျနော် မေးမိမယ်ဗျ .. ထားပါတော့ဗျာ .. ကျနော့်စာကိုဖတ်ပြီး နှလုံးသားထဲ လှိုင်း တလုံးလောက် ပြေပြေလေး ထသွားရင်ကိုပဲ ကျေနပ်နေပါပြီ .. ။

 

ဘာနေ

19.march.2012

Advertisements

5 thoughts on “အချစ်ကဗျာ ရေးပြန်ပြီ

  1. အင်း ..လှိုင်းလေး တချက်လောက်တော့  ..၇င်ထဲမှာ …ပုတ်သွားသလိုပါဘဲ…..
    ကဗျာလေးတွေ ကို …..ဆက်လက်မျှဝေပါဦးနော်…။

    1. အရမ်းကို ကောင်းတယ် လူပျိုကြီး ဘဝက ကြွယ်ပါစေလို့ ကူညီတယ် ဗျာ ….

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s