လူပျိုကြီးဇာတာ

လူပျိုကြီးဇာတာ

ဘယ်သူမှ မသိအောင်လို့ ဟန်ဆောင်ချင်ပါတယ်ဆိုမှ

နှလုံးသားထဲ အကြေအမွတွေကို …

ကဗျာက ထုတ်ထုတ်ယူပြ နေပြန်ပြီ ..

ခက်တော့ ခက်နေပြန်ပါပြီ …

ရှုံးပါတယ်ဆို လှည့်အထွက်  ..

အနားနားကပ်ပြီး .. ပြောလိုက်တဲ့စကားလေး

ငါ့အတွက် နှစ်သိမ့်ဆုအဖြစ် သိမ်းထားပါတယ်

အဲ့ဒါက .. နင်ပျော်ရွှင်ပါစေတဲ့ ..

ငိုချင်လျှက် ပြုံးတဲ့ အပြုံးနဲ့ ..

အသံအက်အက်ပြုကာ နင်ရောပဲနော်လို့ .

အားအင်းပြုလို့ ခွန်းတုံ့ပြန်ခဲ့မိတယ် ..

တကယ်တော့ ဒီဇာတ်လမ်းမှာ

အောင်နိုင်သူနင်ဖြစ်သွားတာလား   ဟင်

တကိုယ်တည်း တိတ်တိတ်လေး ပြောရင်း …

ထီးတည်း ငါ့ဘဝအား … အားမငယ်ရလေအောင်

သူပေးခဲ့ နှစ်သိမ့်ဆုအား ကော်ခြောက်တစ်ခုလို

ပါးစပ်ထဲငုံကာ … ခွန်အားတွေ မွေးခဲ့ပါသည်

ခုတော့ … တစ်ယောက်အိပ်ကုတင်တစ်ခု

သွားတိုက်တံ တစ်ချောင်း ..

တစ်ယောက်ထဲ ကြည့်ဖြစ်တဲ့ မှန်တချပ်နဲ့

ငါပြောမှ အသံထွက်တဲ့ ဒီအခန်းထဲ ..

တစ်ယောက်တည်းပါပဲလို့ …

ပြီးခဲ့တဲ့ အတိတ်တွေထဲ ..

အမှတ်ရတဲ့ စိတ်တွေနဲ့ ပြန်ပြန်ရေနှူးနေရတာပါ

ငါ့ဘဝဟာလည်း  ဒီလိုနဲ့ အသားကျနေပါပြီ ..

ငယ်ငယ်က ဗေဒင်ဆရာဟောခဲ့တဲ့ ..လူပျိုကြီးဇာတာက

ခုတော့ အထမြောက်ပြီနဲ့ တူပါတယ်လေ ..။

 

ဘာနေ

19. မတ်လ .2012

Advertisements

8 thoughts on “လူပျိုကြီးဇာတာ

  1. 2013 မှာ လူပျိုကြီးများ သုတ်သင်ရှင်းလင်းလေးအသင်းအဖွဲ့များထူထောင်မည်တဲ့ အပျိုကြီးများက အချစ်ဂျာနယ်မှာကြေငြာထားပါသည်။
    အဲ့ဒါကိုမှ လူပျိုကြီးဇာတာသက်တမ်းဆက်ရှည်လျားနေရင် လူသားမျိုးဆက်ဖျက်ဆီးသူဆိုပီး အရေးယူခံရမည်တဲ့ ၊ သတိ ။

    1. ဟား .. အရေးယူမတဲ့လား .. လူကိုယူပါ အသည်းကို ချမ်းသာပေးပါလို့ သြော်ပစ်လိုက်မယ်ဗျာ .. 🙂 ။

  2. အသည်းက ဘီပိုးရှိနေလို့များလားမသိဘူးနော်…
    😛

    😛

    :):)

    1. အင်းဗျာ .. A to Z နာမည်တပ်လို့ရနိုင်တဲ့ ပိုးတွေ အကုန်ဝင်နေတာလား မသိပါဘူး .. ခုတော့ .. ပုံမှန်မဟုတ်တာတော့ သေချာနေတယ် .. 🙂 😀 .

    1. ဘာကို သေချာနေပြီ ပြောတာလဲဗျာ .. သိပ်မရှင်းဘူးရယ် .. နော် .. လူပျိုကြီးဖြစ်ဖို့ သေချာတယ်လို့ ပြောချင်တာလားဗျာ .. . ရှင်းစမ်းပါအုံးဗျ … ။ 😀

    1. အင်းပါ .. ဟုတ်ပါပြီ .. လူတိုင်း ရောဂါတွေနဲ့ချည်းပါပဲ .. ။ ခန္ဓာနဲ့ တွဲစပ်ကတည်းက ရောဂါဆိုတာ ရှိတာပဲ မလား .. ဒီတော့ ကျနော်မှာ ရောဂါရှိတာ ထူးဆန်ဘူးလို့ ထင်ပါတယ်ဗျာ . ကုနိုင်သလောက်တော့ ကုတာပဲဗျ .. အားချင်းမမျှလို့ ရှုံးတယ်ဆိုလည်း အပြစ်တင်ခံဖို့ပဲ ရှိတယ် ။ 😀

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s