အင်း ကဗျာတွေ တန်းစီ တင်တယ်ဆိုပြီး ခံစားချက်တွေ အရင်းပြင်းထန်နေတယ် မထင်နဲ့ ..း) .. ။ တကယ်တော့ ခံစားတတ်တဲ့ နှလုံးသားမရှိပဲ ကဗျာဆိုတာ ထွက်မလာတတ်ဘူးဗျ .. ။ ခု ကဗျာဖတ်သူကို သတိပေးချင်တာက သိုသိုသိပ်သိပ်ပဲ ဖတ်သွားပါ .. ဖတ်ပြီးလို့ တစ်ခုခုဆို ဘာနေ ကို အမှု မပတ်နဲ့ .. ။ ကဗျာတွေ သိပ်မရေးတတ်ဘူးဗျ ဒါပေမဲ့လည်း ကဗျာကို ချစ်တတ်တော့ ရေးတတ်သလောက်သာ ရေးလိုက်တာပါ .. ။ ဟတ်မထိရင်လည်း မထိထိအောင် ကဗျာကို ကိုင်ပြီး ဟတ် ကို ထိပေးဗျာ နော် .. 🙂 ။
ထားခဲ့ရက်တဲ့ သူ
တစ်လုံးနှစ်လုံး စာစီကုံးတဲ့
စာစကားလေး ရှိဘူးတယ်
ယောက်ျားပီပီ အရွယ်ရောက်လာတဲ့
ကျနော့အတွက်တော့ .. စကားလုံးလေးတွေအစား
ရင်မှဖြစ်တည်တဲ့ အချစ်တွေကိုသာ သီကုံးဖူးခဲ့တယ်
ပန်ဆင်သူလား .. မမေးပါနဲ့အုံးလေ
ခပ်လှမ်းလှမ်းက မပီမပြင် ပြေးမြင်မိတဲ့
မခို့တယို့ သူ့အပြုံးအကြား ကျနော့် မေ့မေ့သွားလို့ပါ ..
ဆံနွယ်တွေသိမ်းလို့ မော်ကြည့်တဲ့ သူ့အကြည့်မှာ
မခိုင်လို့ ပြုတ်ကျသွားတဲ့ နှလုံးသားအား
ပြန်ပြန်ကောက်နေရတာ အမောပါပဲ ..
ဟုတ်လိမ့်မယ်နော် … ယုံရဲ့လားတော့ မသိဘူး
ခုမှ နှလုံးသားလေးကို ဖုတ်ဖတ်ခပ် ဖုံတွေသုတ်ပြီးစပေါ့ …
အဲ့ဒီတစ်ယောက်ပါပဲ စောနက ကျနော်ပြောချင်တဲ့သူက ..
တနည်းပြောရရင် ကျနော်သီကုံးတဲ့ အချစ်ပန်းကုံးတွေ
လှလှပပ ပန်ဆင်ခံရမဲ့ သူပဲပေါ့ .. ။
အဲ့ဒီကဗျာ အပီးမှာ ဒီလို ဇာတ်လမ်းက ဆက်သေးတာ .. ။ ဘာရယ်တော့ မဟုတ်ဘူး အဲ့ကဗျာရေးတုန်းက စိတ်ကူး အိုင်ဒီယာ ထဲမှာ ကျနော် အလဲအကွဲ ဖြစ်ခဲ့မိပါတယ် .. ။ ထားပါတော့လေ .. ကျနော် ကဗျာရယ် စာရယ်နဲ့ ရောနေပါအုံးမယ် .. ။ ဆက်ဖတ်ပြီး .. ကိုယ်ပိုင်နှလုံးသားနဲ့ ခံစားကြည့်ဗျာ
လာပြန်ချည်သေးရဲ့
တလောက သူကျနော့်ကိုပြောတယ်
ချစ်တယ်ဆိုတာကို နားလည်ပြီလားတဲ့
ကျနော်လည်း .. ခေါင်းကိုကုတ်
နှလုံးသားနံရံကို ထပ်ခြစ်ထုတ်ပြီး
မရမက အဖြေရှာပါတယ် …
နှလုံးသားသာ ထုတ်ချင်းသာခတ်သွားတယ်
ရလဒ်က ချစ်တယ်ဆိုတာထက် ပိုထွက်မလာဘူး
ကဲ…. ခုဘယ်လိုလုပ်မလဲ
ချန်သွားတဲ့ သူ့နောက်ကို
နှလုံးသား အပေါက်ကြီးနဲ့ .. ပြေးလိုက်နေရတယ်
မောနေပေမဲ့လည်း .. နောက်ထပ်ရယ် အပိုမရှိလေတော့
အပိုင်ပေးပါတယ် ယူပါကွယ်လို့ ..ပြောပေမဲ့
လက်ကာပြီး တာ့တာဆို ထွက်ခွါသွားတယ်
ခုတော့ ငေးမော ကျန်ခဲ့ရင်း ..
အကောင်းပကတိ မဖြစ်တော့တဲ့ နှလုံးသားအား
ပြန်ဆက်လို့လည်းမရ ဖာထေးလို့လည်း မရလေတော့
ပဝါတစ်စနဲ့ပဲ ထုပ်ကာ သိမ်ထားရ ပါလေပြီ .. ။
ခုတော့ အဲ့လို အဲ့လို .. ဖြစ်ဖြစ်သွားတာဗျ .. ။ စိတ်မရှိကြပါနဲ့ဗျာ .. ချစ်တတ်တော့လည်း ဒါမျိုးလေးတွေ ရှိလိမ့်မပေါ့ .. ။ နို့မို့ဆိုရင် အချစ်မရှိတဲ့ နှလုံးသားက စက်ရုပ်တစ်ရုပ်လိုပဲ ဖြစ်နေလိမ့်မယ်လေ .. ။ ( မချစ်ဖူးသူများ သည်းခံဖတ်ပေးနော် )
ဘာနေ
19.march.2012
အချစ်ကိုစတွေ့လိုက်စက အိပ်မောကျနေတုန်း အားပြင်းတဲ့ငလျင်ဆွဲလုပ်လိုက်သလိုပဲဗျ ။ ကိုယ်ခန္ဓာပါ ယိမ်းထိုးသွားတယ် ။ အချစ်ကိုလဲပိုင်ဆိုင်ရော သေခါနီးအမောဖောက်နေတဲ့လူနာလိုဖြစ်သွားပြန်တယ် ။
တကယ်တော့အချစ်ကိုပိုင်ဆိုင်လိုက်ရတာဟာ မသေမချင်း ဘယ်တော့မှသွေးမတိတ်မဲ့ ဟက်တက်ပြဲဒဏ်ရာကြီးတစ်ခုရလိုက်သလိုပါပဲဗျာ ။
အဟား .. ဟက်တက်ပြဲ ဒဏ်ရာကြီး ဆိုပါလား .. ဟီး .. ကျနော် ဖြင့် ဖတ်နေရင်း ကြက်သီးထလိုက်တာဗျာ ..း) . လူ့ဘဝမှာ မတွေ့မဖြစ် ခံစားရမဲ့ အရာပါပဲ .. ။ ဟက်တက်ပြဲသလား ဟက်တက်ကွဲသလားတော့ မသိဘူးဗျို့ ပိုဖလံတွေချည်းပဲဗျ .. 🙂 ။
အင်းကောင်းပါတယ်မဆိုးပါဘူး …:P
😛
စတာပါ ကောင်းတယ် …
ကြိုးစားထား…
တိုးတတ်လာပီ….
ဟား .. မချိုဇင်ရယ် .. သိပ်ပြီး ရေးချင်တာ ဟုတ်ဘူးရယ် .. အင်း တခါတခါတော့လည်း ရေးကြည့်မိတာပါ .. သို့သော်လည်း .. အတွေးလေးများဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ ကျနော် အမြဲ ရှိနေမှာမို့ .. စာတွေက အများကြိုက်တော့ ဖြစ်မှာမဟုတ်ဘူးဗျ .. ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်နေမိတယ် .. ..
တခုလောက်သိချင်ပါတယ်….
ဦးလေးက စာေ၇းဆ၇ာ လား ဟင်…..
🙂
အဲ .. အင်း .. ဘယ်လိုပြောရမလဲ နော် .. ဟုတ်ကဲ့ .. ခု စာရေးနေတာပါ .. တတ်ကျွမ်းတဲ့ စာရေးဆရာတော့ မဟုတ်ပါဘူးဗျာ .. ဝါသနာပါလို့ ရေးနေကြောင်းပါ .. ဦးလေးဆိုပြီး တပ်ခေါ်တော့ .. ကျနော့်အနေနဲ့ တူမကြီးလို့ ပြန်ခေါ်ရမဲ့ သဘောပဲနော် .. ။ ခုလိုလာရောက်ဖတ်ပေးပြီး ထင်မြင်ချက်ပေးတဲ့အတွက် ကျေးဇူးပါပဲ တူမကြီးရယ် .. ။ 😀
ကျေးဇူးပြုပီး ကဗျာလေး စပ်ပေးနိုင်မလား
၁။ အမေ။ မိဘနဲ့ ပတ်သတ်တဲ့ကဗျာလေး
၂။ သင်္ကြန် ကိုလွမ်းတဲ့အကြောင်း ပုံလေးပါထည့်ပေးပါလား ပိတောက်ခတ်လှလှလေးပါ…
အမေနဲ့ပတ်သတ်တာက အမေ့ကိုအ၇မ်းသတိ၇လို့ပါ…..ကဗျာကိုတိုတိုလေးတိုပိုကြိုက်တယ်…..
တူမ ထင်တာကတော့ ကဗျာကိုတိုတိုလေးနဲ့ဖတ်သူ၇င်ကိုထိအောင်ေ၇းနိုင်မှ ပိုကောင်းတယ် လို့ထင်မိတယ်….
ကိုဘာနေ ဘလော့ကို အမြဲ တမ်းလိုလိုဖတ်ဖြစ်ပါတယ် ….
အခုစာေ၇းဆ၇ာ ကြီးကိုတောင်းဆိုတာပါနော်…..စာဖတ်ပရိသတ်တယောက်အနေနဲ့ပါ…..
:):)
ဟုတ်ကဲ့ပါခင်ဗျ .. ကျနော် ရေးပါအုံးမယ် .. ကျေးဇူးပါ .. ။ ဟုတ်တယ် ကျနော်လည်း ကဗျာ တိုတာကို ကြိုက်ပါတယ် ခုရေးနေတာတွေက ရေးတာလည်း ခဏပဲ စာကလည်း ရိုးရိုး စကားပြေ ဆန်ဆန်ဆိုတော့ ထိမိ နည်းတယ်ဗျ . ။ စာရေးဆရာကြီးလို့ မထင်စေချင်ဘူးဗျ .. နှော .. ကျနော် လည်း ဘာသိဘာသာ ဘလော့ရေးတဲ့ သူတစ်ယောက်ပါ .. ။ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ .. ။