ဧရာဝတီရဲ့ လွမ်းချင်း

ကျနော့် ဦးလေး ရေးတဲ့ ကဗျာ တစ်ပုဒ်ပါ

ဧရာဝတီရဲ့ လွမ်းချင်း
———————————
“အိုကြီးအိုမ မှ
အမေငိုရပြီ
အမေ့နှလုံးသား မြစ်မွှာကို
အကြင်နာကင်းစွာနဲ့
အတင်းဖြတ်တောက်
စက်ရုံတွေ ဆောက်ကြမလို့တဲ့ …
သားတို့ … သမီးတို့
ကောင်းကျိုး ဝေဖို့ဆိုရင်
အမေသေချင်သေပါစေ
ရင်ကော့ပေးမဲ့ အမေပါ။”
ဒါပေမဲ့ကွယ် ကောင်းဆိုးနှစ်ထွေနဲ့
ရေရှည်ကိုတွေးကြည့်ရင်တော့
အမေ မသေချင်သေးဘူးကွယ် ။
အမေ့ နှလုံးသွေးတွေနဲ့
တိုင်းပြည်ကို နွေးထွေးစွာ
အမေပေးဆပ်နေချင်သေးသပ။
အိုကြီး အိုမ မှ
အမေ မျက်ရည်ကျရပြီ
ဒီတစ်ခါ မျက်ရည်က ပီတိမျက်ရည်
သောမနုဿမျက်ရည်
ကျချင်သလောက်ကျပါစေကွယ်..
အိုကြီးအိုမ မှ
အမေကံကောင်းရပြီပေါ့ ။
အမေ့ကို ကယ်တင်
အသက် ဆက်ရှင်စေမတဲ့ ..
ပြန်လည်နုပျိုစေမတဲ့
အမေ့နှလုံးသား ဖြစ်နှမွှာလဲ
ပြင်းစွာသော နှလုံးသွေးများနဲ့
ဖြတ်သန်းစီးဆင်း ဒို့ပြည်တွင်းကို အေးချမ်းနွေးထွေးစေမတဲ့
ဂလူးကို့(စ်) မော်ရီယာမင်း
ဗီတာမင် ပရိုတင်းတွေနဲ့ အားတင်းထားပါ အမေရယ်တဲ့
မြန်မာပြည်ကို ချစ်တဲ့ အမေ
မြန်မာပြည်အတွက် အသက်ရှင်သန်
လောကဓံလဲ မမှု
ထုထုထောင်းထောင်း
စောင်းစောင်း ရွဲ့ရွဲ့မမဲ့ပါဘူး   ..
အရူးအမူး စီးဆင်း
မင်းတို့အတွက်
သားတို့ သမီးတို့အတွက်
တိုင်းပြည်အတွက်
အမေ အသက် ဆက်လက်ရှင်သန်နေမှာပါ ။
အိုကြီးအိုမ မှ
အမေငိုရပြန်ပြီ
အမေ့ကို သနားတယ်တဲ့
အမေ့ကို ချစ်တယ်တဲ့
မင်းတို့လေးတွေရဲ့ အသံနဲ့
အမေ့ အသက် ဆက်လက်ရှင်သန်နေရတာပါ ။
ခုတော့ ….အမေ့ကိုပစ်ခွာ
စကာၤပူ မေလးရွား
အင်ဒို .. ယိုးဒယား တိုင်းတပါးမှာ .. အလုပ်အကြွေးပြုနေကြသတဲ့ ..။
လွမ်းလိုက်တာကွယ်
သားသမီးတွေ အစုံအလင် မမြင်တွေ့ရတဲ့ အမေ့ဘဝ
ချမ်းမြသာယာ ရှိပါ့မလား ..။
လေးဖြူရဲ့ တမ်းချင်းဟာ
အမေ့ရဲ့ လွမ်းချင်း ဖြစ်လာခဲ့ပြီ ..
“အိမ်ကို ပြန်ခဲ့တော့ ” “အိမ်ကို ပြန်ခဲ့တော့ ”
ပြန်လာခဲ့ပါ ကလေးတို့ရယ်
တိုင်းပြည်အတွက် အမေနဲ့အတူ
ရုန်းကန်လှုပ်ရှား .. ရင်ဆိုင်သွားကြမယ်လေ ..
ခရီးကြမ်းပေမဲ့
ပန်းတယ်မထင်ပါနဲ့ …
ပြန်လာခဲ့ပါ ကလေးတို့ရယ် …. ။
U Zaw

 

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s