မမှတ်ရင်လည်း မသိဘူး
မှတ်ရင်လည်း မမိဘူး
ဒါဆို သင် ဒူသွားတာဖြစ်လိမ့်မည် ။
စိတ်ခုတယ်ဆိုတိုင်း ညစ်တာမဟုတ်
ညစ်တယ်ဆိုတိုင်း စိတ်ပျက်တာမဟုတ်
စိတ်မသာမယာဖြစ်ခြင်းက ကောင်းခြင်းတော့ မဟုတ်ပါ ။
ဝေးလွန်းလျှင်လည်း မကောင်း
နီးလွန်းရင်လည်း ရိုးအီ
ဒါဆိုရင် သင့်မှာ အနှစ်မရှိလို့ဖြစ်လိမ့်မည် ။
စားတတ်ရင် ဆေးတဲ့
မစားတတ်ရင် ဘေးဆိုပြန်တယ်
တန်ဆေးလွန်ဘေး စကားပုံလေးကို မှတ်သားမှ ဖြစ်မယ် ။
အိပ်ချင်နေရင် ပျင်းတာတဲ့
မအိပ်ချင်ဘူးဖြစ်နေရင် ကြောင်နေတာတဲ့
လုပ်နေကြအတိုင်းလုပ်ပြန်တော့ ..စက်ရုတ်လို့ ဆိုပြန်သေးတယ် ။
လွယ်တယ်ဆို လုပ်ချင်
မလွယ်ဘူးဆို မျက်နှာလွှဲချင်နဲ့
ကြာလာတော့ ဆားဓါတ်တွေ ချို့ချို့သွားတယ် ။
အလွဲလေးတွေကို လူတွေလုပ်လေ့ရှိတယ်
မလွဲတာတွေကိုတော့ မေ့နေတတ်ကြတယ်
အမှားကင်းကင်း မကင်းကင်း သေရမဲ့သူချည်းပဲ ဖြစ်နေပြန်တယ် ။
တစ်ခုတော့ ပြောချင်သေးတယ်
ဒို့ဘုရားလမ်းညွှန်သွားတယ်
လိုတိုးပိုလျှော့ အလယ်အလတ်လမ်းကို သုံးတဲ့ ..
အသိဥာဏ်ကို လွှာပြီးသုံးမှ မိုးလုံလိမ့်မတဲ့ ။
ကဲ သင်ရော ဘာတွေစဉ်းစားမိသလဲ
သူများပြောတိုင်း ခေါင်းတော့ လိုက်မညိမ့်နဲ့
ပုတ်သင်ညိုက အဖော်ရတယ်ဆို ပျော်နေလိမ့်မယ်။
စဉ်းစားပါ .. တွေးတောပါ .. ကြံဆစမ်းပါ ……..
ကျနော့်ထက် အဆတစ်ရာ သာရင် သာသွားပါစေ ..
တစ်ခုတော့ ရှိပါရဲ့ ဝီရိယဆိုတဲ့ စကားလုံးကိုတော့
နားကြီးကြီးနဲ့ နားလည်အောင် လုပ်ထားစေချင်တယ် ။
ဘာနေ
16.2.2012
အားပါးပါး…ကောင်းလိုက်တဲ့ အတွေးခေါ်နဲ့ ကဗျာလေး..။
၇င်ကို ထိသွားတာဘဲ။ကြိုက်တယ်။
မိုက်တယ် ။ကြိုက်တယ် ။ ကမ်းနားလှေဆိပ်ရောက်လို့ အဘွားတစ်ယောက်သူတို့ချင်းချင်းပြောရင်းထရွတ်လိုက်တဲ့
ဝီရိယအကျိုးကဗျာလေး မှတ်သားမိတဲ့အတိုင်းဖောက်သည်ချလိုက်ပါသည်။
–၀ီရိယအကျိုး ၊ စောစောနိုး
သူခိုးဒုတ်နဲ့ ပစ်လတ္တံ့ ၊ တဲ့ ။
ဟုတ်ဗျာ .. သူခိုးနဲ့တိုးလို့ သူခိုးက မဟန်ဘူးဆိုပြီး ပါလာတဲ့ ဒုတ်နဲ့ ပစ်လိုက်တာနေမယ် ဟားဟား .. စောစောနိုးတယ်ဆိုလည်း ငြိမ်ငြိမ်လေးနဲ့ နိုးနေမှ နှော .. မတော် .. သူခိုးနဲ့တိုး ဒုတ်စာမိနေမှ .. အားလူးသီးလက်ဆောင်ရနေမယ် .. . ကျေးဇူး မိတ်ဆွေကြီးရာ
နောက်လဲတင်ပေးပါအုန်း အကို အားပေးနေပါတယ်
ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ဗျာ .. အချိန်ရရင် ဆက်ပြီး တင်ပေးပါ့မယ် …