Good Bye 2011 And Happy New Year 2012

နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကို ရောက်ရှိတဲ့အခါ လူတိုင်းလို စိတ်တွေထဲမှာ လတ်ဆတ်ခြင်း တွေ အနည်းအများဖြစ်ကြပါတယ် …  ထို့အတူ သင်လည်း ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် … ။ ပြီးခဲ့တဲ့ နှစ် 2011 မှာ ကျနော့်ဘလော့ရဲ့ အမှတ်တရ အဖြစ် ယခုပို့စ်ကို တင်လိုက်တာပါ … ။ ကွန့်မန့် အများဆုံးပေး သူများကိုလည်း ရွေးချယ်ထားပါတယ် ..း) ။

ဒီအောက်က ပုံကတော့ .. 2011 ရဲ့ Annual report အဖြစ် ယခုတင်ထားတဲ့ wordpress ဆိုဒ်မှ Cheer လုပ်ထားတာပါ ။

ဘလော့ပိုင်ရှင်တိုင်း ကိုယ့်ဘလော့ကို လူကြည့်များရင် သဘောကျလေ့ရှိပါတယ် .. ကျနော်လည်း ထို့အတူပါပဲ . ကိုယ့်ဘလော့ကို ဖတ်တဲ့သူများရင် နှစ်သက်ပါတယ် .. ။ ယခု ကျနော့်ဘလော့မှာ တင်ခဲ့တာတွေနဲ့ ဖြစ်ပျက်မှုတွေကို စစ်ချက် ယူထားတဲ့ တင်ပြချက်ပုံပါ ။

ဒီအောက်က ပုံကတော့ လာလည်ပြီး ဖတ်ကြတဲ့သူတွေထဲမှာ ဘယ်ကနေ ရောက်လာကြသလဲဆိုတာကိုပါ record လုပ်ထားတဲ့ ပုံစံပါ … ။

IP တွေကို စစ်ဆေးပြီး ကမ္ဘာရဲ့ ဘယ်နေရာ ဘယ်နိုင်ငံက ဘယ်လောက် ပမာဏ ဝင်ကြည့်ကြသလဲ  ဆိုတာကို လည်း တင်ပြထားပါသေးတယ် …။ ထို့အတွက်လည်း စာဖတ်သူများကို ကျေးဇူးတင်နေမိပါတယ် .. ။

ကွန့်မန့် အများဆုံး ရှိတဲ့ ပို့စ်နဲ့ အများဆုံး ဝင်ဆွေးနွေးပေး သူ ငါးယောက်ကိုလည်း တင်ပြထားတာမို့ ကျေနပ်နေမိပြန်ပါတယ် .. ။ ထိုသူတွေကို အထူးကျေးဇူးပါလို့ ပြောချင်ပါတယ် ..။ တခြားဖတ်သူတွေကိုလည်း ကျေးဇူးတင်ပါတယ် ။

ထင်မြင်ချက်ပေးသူတွေထဲမှာ တခြားသူတွေလည်း ရှိတာမို့ … အားလုံးကို ကျေးဇူးပါလို့ ထပ်ပြီး ဆိုချင်ပြန်ပါတယ် … ။ ယခု တခါကတော့ 2011 မှာ အများဆုံး ဖတ်ကြတဲ့ ပို့စ် ငါးခုကိုလည်း တွက်ထုတ်ထားပါတယ် .. ။

 

ခုလို 2012 နှစ်သစ်မှာ စာဖတ်သူ အားလုံး

ပျော်ရွှင် ချမ်းမြေ့ကြပါစေ ..

တန်ဖိုးရှိတာများကိုလည်း လုပ်ဆောင်နိုင်ကြပါစေ …

လိုရာ အရပ်သို့ ခရီးဆက်နိုင်ကြပါစေ …

စစ်မှန်သော လူ့ဘဝတွေကို ပိုင်ဆိုင် နိုင်ကြပါစေလို့ … ဆုမွန်ကောင်းဖြင့် 2012 အား အဖွင့်နှုတ်ခွန်း ဆက်လိုက်ပါတယ် … ။

 

ဘာနေ

1-1-2012

Advertisements

6 thoughts on “Good Bye 2011 And Happy New Year 2012

  1. ဘာနေေ၇
    နှစ်သစ်မှာ အတွေးသစ်တွေနဲ့  တနှစ်စာ record လုပ်ထားတာ တွေ့ တော့ 
    comment တွေ ကို သေချာ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
    ပို့ စ် အကောင်းလေးတွေ ကို ဆက်လက်အားပေးဖတ်ရှုဖို့ 
    စောင့် မျှော်နေပါတယ်နော်။
    နှစ်သစ်မှာ ပျော်ရွှင် ပါစေနော်။

    1. ဟုတ်ကဲ့ အမ .. ပျော်ရွှင်တဲ့နှစ်သစ် ဖြစ်အောင် ကြိုးစားနေပါတယ် … ပို့စ် အသစ်တွေကိုလည်း ကျနော် တတ်နိုင်သမျှ မျှဝေရင်း တင်ပေးပါမယ် … ကျေးဇူးတင်ပါတယ် … အမလည်း ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေဗျာ ..။

  2. ၀မ်းသာပီတိဖြစ်ရပါတယ်ဗျာ ။ ရေးသူဖတ်သူတန်းဖိုးထားနွေးထွေးမှုလေးတွေကိုတွေရတာ ။
    ချက်တင်ထိုင်တဲ့လူငယ်လေးများ blog တွေကိုစိတ်ဝင်စားလာရင်ဘယ်လောက်ကောင်းလိုက်မလဲ ။
    မိတ်ဆွေကြိးရဲ့ 2012 အတွေးတွေကိုစောင့်မျှော်နေလျက်ပါ။

    1. ကျေးဇူးတင်ပါတယ်ဗျာ … ကျနော်လည်း အားခဲထားပါတယ် ကိုယ်ဖတ်ထားသမျှထဲက အကြောင်းအရာတွေကို .. သိသမျှ ဆွေးနွေးရင်း မျှဝေပါမယ်

  3. Hi !
း)
    အပြုံးလေးနဲ့ နှုတ်ဆက်ပါတယ်……….. 😀
    နှစ်သစ်မှာအတွေးအခေါ်သစ်တွေနဲ့ ……………. ပိုစ့် အသစ်တွေ……… များများရေးနိုင်ပါစေလို့ ဆန္ဒပြုရင်း….

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s