ဇရာ

ငါ အိုမင်းလာနေတာလား ..

ခုအနေ မအိုသေးလေတော့ ..

ငယ်မူငယ်သွေး မာန်တက်ရင်းနဲ့ ..

ဘယ်တော့မှ မသေဘူးလိုလို စိတ်အစဉ်ဝယ်

အဝိဇ္ဇာက အလွှာပါးပါးလေးနဲ့ ခပ်ရေးရေးပဲ ထင်စေတယ် ..

မခြားနားဘူး ထင်ခဲ့ရတဲ့ရုပ် မှန်တစ်ချပ်ထဲ သေချာကြည့်လေမှ

ဆယ်နှစ်တာကာလရဲ့ နုပျိုခြင်းတွေ အတိတ်နဲ့အတူ နေခဲ့လေပြီ …

အတိတ်က ရှိခဲ့ ဖြစ်ခဲ့တာတွေအားလုံး ပြန်လိုချင်နေ၍ မရ

သင်္ခါရသဘောတရားရဲ့ အောက်မှာ ဇရာရဲ့ အမိန့်တွေ တသဝေမတိမ်း လိုက်နာနေကြရ

ခုနေ အသက်ရှင်နေပါသေးတယ် … အသိတွေရှိနေပါသေးတယ် …

ဇာတ်လမ်းရဲ့ ဆုံးခန်းက .. နောက်ဆယ်နှစ် နေမှာတဲ့လား ..

စီးမျှောခြင်းတွေ အနည်ထိုင်ရမဲ့ နေရာဆီသို့ သွားနေခြင်းဟာ

စက္ကန့်မခြား .. ဖြစ်နိုင်တဲ့ စီရင်ချက် ဘယ်သူမှ မလွန်ဆန်နိုင်ဘူး

လောကကြီးရယ် .. လူ့ဘဝရယ် .. အစိုးမရတဲ့ သင်္ခါရတွေကြား …

အမှန်တရားကို ခပ်ရေးရေးပဲ တွေးမိတယ် တကယ်တော့ သေချာမတွေးရဲဘူး

ကိုယ်ကိုယ်တိုင် တကယ်အမှန်တရားကို ကို သိသွားမယ်ဆိုရင်တော့

ခြုံနေကြ ဝတ်ရုံတွေ အရောင်ပြောင်းသွားလိမ့်မယ် ထင်တယ်

တကယ်တော့ လူ့ဘဝရဲ့ သဘောတရားဆိုတာ မရှိတဲ့အရာကနေ ရှိလာပြီး

ရှိရာကနေ ပျက်သုဉ်းတဲ့လမ်း … ဇရာရဲ့ ကြီးစိုးရာ

လောကရဲ့ … … အမှန်တရားပါပဲ ..။

 

ဘာနေ

31.12.2011

Advertisements

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s