နှစ်သစ်ဟစ်သံ

နှစ်သစ်ကူးတော့မယ်တဲ့ ..

နှုတ်တိုင်းမှာ ချိတ်ဆွဲနေတဲ့ ဟစ်သံ

ဘာ ဘာရယ်တော့ မသိ မြူးကြွကြွဆိုရင် ..

လိုက်ပြီးမြူးချင်တဲ့ စိတ်တွေကြောင့် ..

နှစ်သစ်ရဲ့ အစ အဲ့ဒီနေ့မှာ …

ပျော်စရာတွေကို စည်းလွတ်ပျော်လိုက်ချင်ချင်

အော်စရာဆိုလည်း ဝိုင်းဖွဲ့အော်လိုက်ချင်နဲ့

ဘာလုပ်ရင် တန်ဖိုးရှိတယ် သိပ်မတွေးဘူး

စိတ်ထင်ရာ စိတ်လိုရာ ကဲချင်ကြတာကြောင့် ..

ပြင်လို့မရတာများ … ပျက်ပျက်သွားပေါင်းမနည်းခဲ့ပါဘူး …

သူသူငါငါ ယူဆပါတဲ့ စဦးနေ့ထူးလို့ခေါ်တဲ့ နှစ်သစ်မှာ

ရူးသွပ်ခြင်းလား ..  ပျော်မြူးခြင်းလားတော့ မခွဲခြားတတ်ဘူး

ဒါပေမဲ့ ပျက်စီးသွားတာတွေအတွက် ခေါင်းစဉ်က တပ်မရခဲ့ဘူး …

ဒို့ ဒီလိုမတွေးဘူး .. နှစ်သစ်ကူးအတွက်ဆိုရင်လေ

ကောင်းမှုတွေ လုပ်ပြီး အစပြုကြည့်ချင်တယ် ..

အစကောင်းမှ အနှောင်းသေချာ ဆိုသလို

အဲ့ဒီအစကလေးကတိုင် ကောင်းခြင်းတွေ ထပ်ထပ်ပြုကြည့်လိုက်ပါ

လိုရာကိုရောက်လို့ နှစ်စကို ပြန်တွေးတိုင်း ဝမ်းသာနေပါလိမ့်မယ် ..

New Year လို့ အော်တိုင်း လူကရော သစ်သွားသတဲ့လား

လမ်းဆုံးကို ရောက်ဖို့ တစ်နှစ်နီးသွားတယ်လို့ရော စဉ်းမိသတဲ့လား

ဘာပဲဆိုဆိုပါ လမ်းနှစ်သွယ်ကို ကောင်းစွာ မခွဲခြားတတ်သ၍

အဟောင်းက အဟောင်းပဲ ဖြစ်နေအုံးမှာ ….

သူများယောင်လို့ လိုက်မယောင်လိုက်နဲ့

ကိုယ်ပါ ယောင်တောင်တောင် ဖြစ်သွားလိမ့်မယ် …

ကိုယ့်လုပ်ရပ်ကိုယ်ကြည့် စဉ်းစားဥာဏ်နဲ့ ဆင်ခြင်

လူပဲကွာ ဘာလုပ်ရင် ဘာဖြစ်တယ်ဆိုတာ သိပါ့

ခက်တာက အကျင့်ဆိုးဥာဉ်မျိုးတွေက ပိတ်ဆို့နေတာ

လူညွှန့်က တက်ချင်သား အကျင့်ဆိုးက အုပ်မိုးလို့ခံ ဆိုသလိုပဲ

ခါးသီးမှုကိုမမြင် ခံစားချက်ကို ရှေ့ကတင်

သင့်မသင့်မကြည့်တတ် ခွဲခြားရ ခက်ပါလိမ့်မယ်

လူ့လောက အထွေထွေမှာ

နိစ္စဓူဝတွေမှာ  အသိသတိသာ မထားလို့ကတော့ ..

ဘယ်လိုပဲ နှစ်သစ်ကူးကိုပဲ အော်အော်

ဘယ်လောက်ပဲ သက်တမ်းက ရှည်ရှည်

ဘယ်သူတွေနဲ့ပဲ အမြဲတစေရှိရှိ

သံသရာ တစ်ကြောမှာ လျှောက်မောကြီးပဲ ဖြစ်နေအုံးမှာ…

အပိုတွေထင်မယ်စိုး၍ ထပ်မပြောချင်ဘူး

တကယ်ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါစေလို့သာ

တစ်ယောက်တည်း ဆုတောင်းရင်း

Happy New Year ဆိုတဲ့ အော်သံကို

ည ၁၂ နာရီတိတိမှာ စောင့်ပြီး နားထောင်လိုက်မယ် …

HAPPY NEW YEAR TO YOU ……

မွန်မြတ်သော နှစ်သစ်ကလေး ဖြစ်ပါစေ …။

 

ဘာနေ

၂၈ရက် ၊ ဒီဇင်ဘာ ၊၂၀၁၁

Advertisements

3 thoughts on “နှစ်သစ်ဟစ်သံ

  1. ပျော်ရွှင်စ၇ာနှစ်သစ်လေးပါ ဘာနေရေ
    တနှစ်တနှစ် ကုန်ဆုံးသွားတဲ့  အချိန်တွေ က မြန်လွန်းလို့  ကိုယ့် ကို ကိုယ် အသက်တနှစ်ကြီး သွားတိုင်း
    ဘာတွေများတိုးတက်သွားခဲ့ သလဲ လို့  ပြန်မေးမိတာ အကြိမ်ကြိမ်ပါဘဲ…။
    နှစ်သစ်မှာ နှစ်ဟောင်း က ကိုယ် မှားခဲ့ တာ ကိုယ် ညံ့ ခဲ့ တာတွေကို လည်း သင်ခန်းစာ ယူ ပြီး
    အားသစ်အင်သစ်တွေနဲ့  ဘ၀ကို စိန်ခေါ်ပြီး
    အပြုံး မပျက် အသိနဲ့ သတိလေး ကို နေ့ စဉ်ကပ်လို့ 
    လျှောက်လှမ်းသွားမယ်လို့  ဆုံးဖြစ်၇င်းနဲ့  နှစ်သစ်ကို ကြို ဆို လျှက်………………..

  2. Happy New Year!
    နှစ်သစ်ကိုကြိုဆိုလျက် အကောင်းမွန်ဆုံး အရာတွေကိုပွေ့ပိုက်နိုင်ပါစေ ….
    You can embrace good deeds and elegant things…
    🙂

  3. အားလုံးပဲ နှစ်သစ်မှ စ နှစ်ဆုံးတိုင် ပျော်ရွှင်ကြပါစေလို့ တောင်းဆုပြုပါတယ် …

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s