စကားသတိ

စကားသတိ

 

“တစ်ယောက်စကား တစ်ယောက်နားမှာ

မခါးရအောင် သတိဆောင်၍

မောင်တို့ ဆိုစေ ပျားသကာသို့ ချိုလှစေ”

ဒီကဗျာလေး ငယ်ငယ်က ဆိုခဲ့ဖူးပေမဲ့ ..

အမှတ်မရမိခဲ့ဘူး အသုံးမချမိခဲ့ဘူး ..

စိတ်စေရာ သုံး သင့်မသင့်ကို မချင့်ခဲ့ဘူး …

ရှတတ ဒဏ်ရာလေးတွေ ရခါမှ ..

သြော် ငယ်ငယ်ကဖတ်ခဲ့ ဒီကဗျာလေးလဲ

ခုထက်ထိတိုင် ထိရောက်ဆဲပါပဲလားလို့ …

တွေးရင်း .. ခေါင်းငြိမ့်ရင်း … လိုနေတာများကို တွက်ဆရင်း ..

ငါလိုလူတွေ ဘယ်လောက်များများရှိမလဲ ပင့်သက်ရှူမိတယ် …

သိပေသိငြား ပြုပြင်မယ်ဆိုပြီး တဒင်္ဂမီးတောက်ကလေး တောက်ဖူးပါတယ်

လေပြင်းကြောင့်လား … လောင်စာကြောင့်လားမသိ အေးအေးသွားတာ အခါခါပါပဲ ..

ရေများရင် ရေနိုင် မီးများရင် မီးကနိုင်သတဲ့

အဲ့ဒါ အများလက်ခံထားတဲ့ ဆိုရိုးစကား …

ဟုတ်တာပေါ့ .. လက်ခံတာပေါ့ … လိုက်နာရမှာပေါ့ ..

ဆိုဆိုနေပြီး အတွေးထိန်းစက် တပ်မထားသ၍

လိုရာက ပျောက်နေအုံးမှာပါပဲ ..

တွေးတွေခါးလို့ ငိုရတာမျိုးလည်း ဖြစ်နိုင်တာမို့ …

ဖြစ်နေတာတွေက ချိုသည်ဖြစ်စေ ခါးသည်ဖြစ်စေပေါ့ ..

ကိုယ့်ကိုယ်ကို … ပြန်သိ သိနေတဲ့ စက်ကလေးတော့

မရှိမဲ့ ရှိမဲ့ ခြစ်ချုပ် ဝယ်ထားလိုက်စေချင်ပါတယ်လေ…..။

 

ဘာနေ

၂၆ရက် ၊ ဒီဇင်ဘာ ၊ ၂၀၁၁

Advertisements

2 thoughts on “စကားသတိ

  1. ဖရုသ၀ါစာကြမ်းတမ်းသော စကားတွေရှောင်ပြီး ပီယ၀ါစာချစ်ဖွယ်သောစကားများသာ ပြောကြရအောင်လားဗျာ….။
    မြန်မာ့အငြိမ့်သဘင်စင်ပေါ်ကလူရွှင်တော်များရဲ့အဖွင့်စကားပါ ။ နောက်တော့သာ မကြားဝံ့မနာသာပြောကြ
    တော့တာပါပဲ။ အဖယုတ်တော့ကိုယ်ကြမ်း ၊ အမိယုတ်တော့နှုတ်ကြမ်းလို့ဆိုပါတယ် ။ အမိအဖတွေနဲ့မတူတဲ့
    သားသမီးတွေလဲအများသားပါ ။ အသိဦးလေးကြီးတစ်ယောက်ရှိပါတယ် ။ သူ့အိမ်မှာ ဒီလိုရေးထားပါတယ် ။
    “စကားသည်ဓား” တဲ့ ။ ဟုတ်လောက်ပါတယ် ။ သူနဲ့စကားပြောပြီးသူတိုင်း ဓားနဲ့ထခုတ်ချင်စိတ်တွေ
    ပေါက်လာတတ်ကြပါတယ် ။ သူငယ်ချင်းတစ်ယောက်က သူ့ရွာကိုအလည်ခေါ်ပါတယ် ။ မင်းရွာကိုဘယ်လို
    လာရမှာလဲလို့မေးတော့ မန္တလေးမြို့ကိုလျှောက်သွားလိုက် ဆဲသံကြားရင် ငါတို့ရွာကားဂိတ်ပဲတဲ့ ။
    ပုံပြင်လေးတစ်ပုဒ်လဲကြားဖူးမှာပါ ။ စကားပြောရင်အဆဲလေးပါမှဆိုတဲ့တူတစ်ယောက်ကို ဦးလေးဖြစ်သူက
    မင်းတစ်နေကုန်အဆဲမပါပဲစကားပြောရင် နွားတစ်ရှဉ်းပေးမယ်ဆိုတော့စကားမပြောပဲနေတယ်တဲ့။
    အချိန်စေ့ခါနီးကျမှ “ငါကွာ”နွားလေးတစ်ရှဉ်းရဖို့တစ်နေကုန်စကားမပြောရဘူးဆိုလိုက်မိလို့ ။
    ရှုံးသွားပါရော ဆိုတာလေ ။ မကောင်းမှုတစ်ခုဟာ ပြုပါများရင် အကျင့်တစ်ခုဖြစ်သွားတတ်တယ်-တဲ့။
    စကားကြီးဆယ်ခွန်းအကြောင်းဖတ်ဘူးလဲ ဘယ်နှစ်ခွန်းများအသုံးပြုဘူးလဲဆိုတာ စဉ်းစားမိတယ်ဗျာ။
    မပြောခင်စဉ်းစား ။ ပြောပြီးစဉ်းစားဆိုသော်ငြား ကျွန်တော်ကတေ့ တစ်ခါမှ မစဉ်းစားမိခဲ့ပါဘူး ။
    ကဲရှည်သွားပြီဗျာ ။ ကျွန်တော်လည်း မိတ်ဆွေကြီး post တွေဖတ်ပြီး comment ရေးရင်းရေးရင်းနဲ့
    ပို့စ်ရေးသူဖြစ်နေပြီဗျာ ။ နှုတ်ချိုလို့ သျှိုပေါက်နိုင်ကြပါစေ ။ ကျေးဇူးပါ မိတ်ဆွေကြီး ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s