သင်သိစမ်းပါ

လမ်းလျှောက်နေသူ တစ်ယောက်

လမ်းဆုံမှာ လမ်းပျောက်နေလို့

ဘယ်လမ်းသွားချင်မှန်းမသိ လမ်းပျောက်နေမိတယ်

အများပြောတယ် ဒါကကောင်းတယ်တဲ့

ဟုတ်လား ဒါဆို စိတ်ဝင်စားလိုက်မယ် ….

အများပြောတယ် ဒီလမ်းက မကောင်းဘူးတဲ့

ဟုတ်လား ဒါဆို ဆက်မလှမ်းတော့ဘူး …

ဟိုဟို ဒီဒီ ပတ်ဝန်းကျင် ရိုက်ခတ်သံများကြား …

ခဲတံနဲ့ ခဲဖျက်လို ဖျက်လိုက် ပြင်လိုက်နဲ့

ရည်ရွယ်ချက်လည်း မှေးရင်းမှိန်မှိန်သာသွားတယ်

လမ်းတွေပေါပါလျက် လမ်းပျောက်ဆဲပါပဲ ..။

 

ခမ်းခြောက်တယ်ဆိုတဲ့  အော်သံအောက်မှာ

သူသူငါငါ ရွတ်ကြ ဖတ်ကြ

သင်ကြ တတ်ကြ .. ခေတ်ကြီးကိုက ဖလန်းဖလန်းထလို့

၁၀ ပတ်ဝန်းကျင် ကလေးက လူကြီးတတ်တွေ တတ်နေပြီ

သက်လတ်ပိုင်း လူငယ်တွေက ခေတ်နောက်ကျသလိုဖြစ်

သက်ကြီးပိုင်းတွေက ကုန်းဘောင်ခေတ်က လူတွေလို့ အထင်ခံရနဲ့

ဘာမှန်းမသိတဲ့ ယူဆချက်ခေတ်ထဲ .. စိတ်ဓါတ်ကောင်းတွေ ခမ်းနေပြီ ..

ကောသလ အိမ်မက် (၁၆)ချက်ဆိုတဲ့  စကားလုံးတွေ ပီပြင်လာနေပြီ ..

ခပ်ဝေးဝေးကြည့်စရာမလို သိတဲ့သူတိုင်း သိနိုင်တဲ့ အဖြစ်

တစတစနဲ့ စိတ်ဓါတ်ကမ္ဘာလည်း စိုပြေမှုကင်း

လကမ္ဘာလိုပဲ ဆွဲအားတွေ ကျဆင်းရင်း ခြောက်သွေ့ကုန်ပြီ ။

 

ခမ်းခြောက်နေတဲ့ ကန္တာရမှာ

လမ်းပျောက်သူများဖြစ်ဖြစ်နေလို့ ..

အိုအေစစ်သစ်ပင်စိုက်နည်း နည်းလမ်းပို့ချကြပါသတဲ့ ..

စိုက်သူလည်းရှိသလို ခုတ်သူလည်း ရှိတာမို့ …

သမင်မွေးရင်း ကျားစားရင်းနဲ့ သဘာဝရုပ်လုံးကို ပုံမဖော်နိုင်ဘူး

ကြောင်းကျိုးဆင်ခြင် လူသားအရှင်လို့ တင်စားပေမဲ့

ကြေင်းကျိုးတွေကြား သွေဖယ်သွားတာက များများနေတော့

ဥပေက္ခာတရားကသာ ကိုင်စွဲတဲ့လက်မှာ အသက်ဝင်နေတော့တယ် …

ဒီတော့ ဘယ်ဟာကို ပြောင်းမယ် ပြုမယ်ပြင်မယ်ထက်

တစ်ကိုယ်စာ ခြေလှမ်းက စလှမ်းမှ .. ခရီးပေါက်ပါလိမ့်မယ် ။

 

ဘာနေ

၂၄ရက် ၊ ဒီဇင်ဘာ ၊၂၀၁၁

Advertisements

4 thoughts on “သင်သိစမ်းပါ

  1. အညာဒေသရွာလေးတစ်ရွာကနေပြီး အလောင်းတော်ကဿဖဘုရားကိုခြေလျင်သွားဖူးဘူးတယ်။ တစ်နေ့နဲ့တစ်ညလောက်သွားရတယ်။ တောင်ပေါ်ရောက်တော့ကိုယ်စီးတဲ့ဖိနပ်ကိုတောင်မသယ်ချင်လောက်
    အောင်တ်ာတော်ပန်းနေပါပြီ။ ကိုယ်ကမလိုက်နိုင်တော့ အဖော်တွေရဲ့နောက်တော်တော်ဝေးဝေးမှာ အတူသွားတဲ့သူငယ်ချင်းနဲ့နှစ်ယောက်သားပဲကျန်နေခဲ့ပါတယ်။ နှစ်ယောက်သားသွားရင်းနဲ့ဘယ်လို
    လမ်းမှားသွားလဲမသိဘူး ။ တောလမ်းလေးတစ်ခုကိုရောက်သွားတယ် ။ တော်တော်လေးသွားပြီး
    တဲလေးတစ်လုံးကိုတွေ့တော့မှ ဦးလေးကြီးတစ်ယောက်က ငါ့တူတို့ဘယ်သွားမလို့လဲမေးပါတယ်။
    ဘုရားဖူးသွားမလို့ဆိုတော့ ငါတူတို့လမ်းမှားလာပြီး ဆက်သွားရင် တောနက်ထဲရောက်သွားမှာ ။
    ပြန်လှည့်ပြီး လမ်းမကြီးအတိုင်းသာသွားပါလို့လမ်းညွှန်မှ လမ်းမှန်ရောက်ပြီး ဘုရားဖူးခဲ့ရပါတယ် ။
    ဘ၀ခရီးလမ်းမှာလဲ ကိုယ်လျှောက်တဲ့လမ်းမှားနေလို့ လမ်းညွှန်ပေးသူနဲ့ကြုံရင် လမ်းမှန်ဆီသို့
    ပြန်လှည့်လျှောက်ဘို့လိုပါတယ် ။အဲ့လိုမှမဟုတ်ရင် အန္တရာယ်တောနက်ကြီးထဲကိုရောက်သွားပြီး
    ကိုယ်သွားနေတဲ့ပန်းတိုင်းနဲ့လွဲသွားမှာပါ ။ မိဘတွေအားလုံးကတော့လမ်းလျှောက်နည်းသင်ပေး
    လိုက်တာပါပဲ ။ လမ်းမှန်ကိုရွေးချယ်တတ်ဘို့က ကိုယ့်တာဝန်ပါ ။
    တစ်ချို့ကြတော့လျှောက်လှမ်းဘို့လှမ်းတွေကအဆင်သင့် ။
    တစ်ချို့ကြတော့အသင့်လမ်းပေါ်ကနေသွေဖီသွားကြ ။
    တစ်ချို့ကြတော့လမ်းတွေကိုရွေးချယ်ခွင့်မရှိကြ။
    တစ်ချို့ကြတော့လမ်းလျှောက်တတ်ရဲ့နဲ့ရပ်တန့်နေကြ။
    တစ်ချို့ကြတော့ဥိးတည်ရာမဲ့လျှောက်လှမ်းနေကြ။
    ခြေလှမ်းနဲ့လမ်း တည့်မတ်ပြီး လိုရာခရိးပေါက်ကြပါစေ။
    စတင်လိုက်တဲ့ခြေလှမ်းရဲ့အောက်က လမ်းကြောင်းကတော့ ခိုင်မာမှန်ကန်ဘို့တော့
    လိုမယ်ထင်တယ်မိတ်ဆွေကြီး ။

    1. ဟုတ်ကဲ့ပါဗျာ .. ရဲရင်မင်းဖြစ် ဆိုတဲ့ စကားကိုလည်း မှတ်သားမိပါတယ် ။ အရာရာမှာ လုပ်ဖြစ်ဖို့က အဓိကဆိုတော့ မလုပ်ပဲ နေခြင်းထက် လုပ်လိုက်ခြင်းက ပိုပြီး အကောင်းအဆိုး ခွဲခြားနိုင်ပါတယ် ။ ကျေးဇူးပါ ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s