ရွေ့လျားနေရသော လမ်း

ရွေ့လျားနေရသော လမ်း

 

အမှတ်တမဲ့နဲ့ ဖြစ်ပျက်ခဲ့တာတွေပါ

အမှတ်တရများလည်း ရှိခဲ့သလို

ဥပေက္ခါလို့ အမည်တပ်သွားတာများလည်းရှိခဲ့တယ်

ဘာတွေပဲ ဆိုဆို အဟောင်းက အသစ်လို့ မမည်ခဲ့ဘူး ။

(ဒါတွေဟာ ဘဝတစ်ခုရဲ့ တစ်စိတ်တစ်ဒေသလောက်သာ စားသုံးပြနိုင်တာပါ )

 

သေချာ စီစဉ်ထားလည်း လွဲချင်လွဲတာပဲ

တွက်ချက်မှုတွေ မှန်ကန်ပေမဲ့လည်း

ထင်မထားတာတွေက ဖြစ်ချင်ဖြစ်လာတာပဲ

ဟန်ဆောင်ကောင်းလွန်းလို့သာ ပစ်စက်လက်ခတ် ပုံကျမသွားတာ …။

(ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေအောက် နစ်မသွားတာကိုတော့ ဂုဏ်ယူမိတယ်)

 

လေပြင်းတွေလည်း တိုက်လိမ့်မယ်

ကွေကွင်းခြင်းလည်း မွေးဖွားလာလိမ့်မယ်

ထိုနှစ်ခုမလာခင် ကြိုတင် မြည်းစမ်းထားဖို့လိုတယ်

ဒါမှ ခုတ်ရာတခြား ရှရာတခြားမဖြစ်မှာ ။

(လက်ရှိမှာတော့ ဖြစ်ပြီးမှ သိရှိတဲ့  နောင်တတွေကိုပဲ မစားချင်ပဲ စားနေရတာမို့ အံတွေလည်းတိုလို့ပါ )

 

ခင်သူများလည်း ရှိသလို

ကြင်သူများလည်း ရှိပါလိမ့်မယ်

ခင်မင်ကြင်နာ မရှိခဲ့ရင်လည်း

အားမငယ်ပဲ အသက်ရှင်နေတာလေးကို တန်ဖိုးထားလိုက်ပါ ။

(အဖော်ကင်းမဲ့ အထီးကျန်ခြင်းတွေအတွက် ငိုတေးတွေ မငြီးစေချင်ဘူး )

 

ဘဝမှာ မွေးဖွားကြီးပြင်းခြင်းလည်း ရှိခဲ့သလို

အိုနာသေဆိုတာလည်း ရှိလာလိမ့်မယ်

မွေးခြင်းသေခြင်းအကြား ဗျာများပြီးတော့ မနေလေနဲ့

ကိုယ်ကိုယ်တိုင်ကလွဲပြီး ကိုယ့်ဝိဥာဏ်ကို အကျိုးပြုစေတာ တခြားမရှိဘူး။

(ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်ဆိုတဲ့ စကားလုံးတွေကို ငုံပြီးတော့ ဝါးမစားတတ်ဘူး ဖြစ်နေတယ်)

 

ဖြစ်နိုင်ရင်လေ ဟန်မဆောင်ပဲနဲ့ နေကြည့်ချင်တယ်

ဖြစ်နိုင်ရင်လေ လဲကျတိုင်း အိပ်ပစ်လိုက်ချင်တယ်

ဖြစ်နိုင်ရင်လေ နောင်တဆိုတာကို ဝေါဟာရစကားတွေထဲက ထုတ်ပစ်ချင်တယ်

ဖြစ်နိုင်ရင်လေ အသက်ရှင်နေသေးတာကိုပဲ မြတ်နိုးပြီး နေလိုက်ချင်တယ်

ဖြစ်နိုင်ရင်လေ သက်ရှိတွေအတွက် မသေဆေးတစ်မျိုး ဖော်စပ်လိုက်ချင်တယ်  …။

(တကယ်တော့ သံသရာ ရှည်ချင်တဲ့ စိတ်တွေကိုပဲ ရေလောင်းပေါင်းသင်ပေးနေမိတာ ခက်တာပါပဲ )

 

ဘာနေ

၉ရက် ၊ ဒီဇင်ဘာ ၊ ၂၀၁၁

Advertisements

5 thoughts on “ရွေ့လျားနေရသော လမ်း

  1. သိပ်ကောင်းတဲ့  စိတ်ခံစားမှုလေး တခု ကို အချိန်လေး တခု မှာ ပုံ ဖော်ပေးနိုင် နိုင်တဲ့ 
    ကဗျာလေး တပုဒ်ပါဘဲလို့ ခံစား၇ပါတယ်။

  2. ဖြစ်နိုင်ရင်လေ ဟန်မဆောင်ပဲနဲ့ နေကြည့်ချင်တယ်

    ဖြစ်နိုင်ရင်လေ လဲကျတိုင်း အိပ်ပစ်လိုက်ချင်တယ်

    တကယ်ကောင်းတယ်နော်

    ကျေးဇူးတင်ပါတယ်

  3. ဥပုသ်တစ်ရက်မှာ တောကဘုန်းကြီးကျောင်းတစ်ကျောင်းဆီရောက်ဖြစ်တယ် ။ကျောင်းကဘီဒိုတစ်ခုမှာ ဟိုတုန်းက တံခွန်အားကစားဂျာနယ်ထဲမှ ကမ္ဘာ့ကာယဗလမောင်တွေရဲ့ပုံတွေကိုကပ်ထားပါတယ် ။ အဲ့ဘီဒိုရှေ့မှာတော့ အဘိုးအိုတစ်ယောက် ကာယမောင်တွေရဲ့ပုံတွေကိုပွတ်လိုက် ခေါင်းရမ်းလိုက် မဖြစ်နိုင်ဘူးလို့ပြောလိုက်နဲ့ပေါ့။
    ကျွန်တော်က အဘိုးဘာတွေမဖြစ်နိုင်နေတာလဲလို့မေးကြည့်တော့ ဒါတကယ့်လူတွေမဖြစ်နိုင်ဘူးကွတဲ့ ။ အဘိုးကိုဘယ်လိုပြောပြပြောပြ သူကတော့မဖြစ်နိုင်ဘူးပဲဇွတ်ငြင်းနေပါတယ် ။ တစ်နေ့နေ့လည်ချိန်မှာ လဘက်ရည်ဆိုင်သွားထိုင်ဖြစ်တော့ တိုက်တန်းနစ်ဇာတ်ကားပြနေတာနဲ့ကြုံရပါတယ် ။ သင်္ဘောကြီးခါးကကျိုးပြီးနစ်မြုတ်ချိန်မှာ လူငယ်လေးတစ်ယောက်က ဒီလိုပြောပါတယ် ။ မဖြစ်နိုင်ဘူး သင်္ဘောကပင်လယ်လောက်ကြီးနေတာကိုးတဲ့ ။ ဖြစ်နိုင်ရင် ဆိုတဲ့စကားနဲ့ မဖြစ်နိုင်ပါဘူး ဆိုတဲ့စကားက ဘယ်တော့မှမဖြစ်တော့ဘူးဆိုတဲ့လမ်းဆီကိုဦးတည်နေတယ်လို့ထင်မိပါတယ် ။ ဆရာတင်မိုးရဲ့ကဗျာလေးတစ်ပုဒ်ကိုသတိရမိတယ် ။ “မဖြစ်နိုင်ဘူးကွာလို့ ပြောနေတုန်း ၊ ဗြုန်းကနဲ့ ၀ုန်းကနဲ ဗုန်းကျဲခံလိုက်ရတယ် ” တဲ့ ။ မသေဆေးဖော်တာထက် တတ်နိုင်သလောက်ဟန်မဆောင်ပဲနေတာ ။ ရှင်သန်နေရခြင်းကို မြတ်နိုးနေတာ ၊ နောင်တတွေဖြစ်မလာအောင်နေတာတွေကတော့ဖြစ်နိုင်မယ်ထင်ပါတယ်။
    ဤ Comment လေးက “ခုတ်ရာတခြား ရှရာတခြား”ဆိုရင်တော့ နောင်တတွေစားပြီး အံတိုနေပါ့မယ် မိတ်ဆွေကြီး ။ ခံစားမှုလေးဖော်ကျူးထားတာကတော့ကောင်းပ ။

    1. ခုတ်ရာ တခြား ရှရာ တစ်ခြား မဖြစ်ပါဘူးဗျ …ကျေးဇူးပါ မိတ်ဆွေကြီး .. ။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s