လှလှပပဖန်တီးပါ
လှလှပပ ဖန်တီးပါ
ကျနော်တို့  ကျနော်တို့တတွေဟာ .. ကျနော်တို့ ဘဝတွေအတွက် ကျနော်တို့ အားလုံးလိုလိုမှာ  လှလှပပလေး အဆင်ပြေစေချင်ကြပါတယ် ..။ ဒါပေမဲ့ .. လောလောဆယ်မှာတော့ အလွယ်စိတ်တွေကြောင့် မလှ မပ ဖြတ်သန်းကြရင်း ဖရိုဖရဲ ဘဝတွေဖြင့်သာ စခန်းပြီး ဇာတ်သိမ်းခဲ့ကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ  .။ ထိုအထဲမှာ ကျနော်တို့ ဖန်တီးရှင်လေးတွေကို ပါမသွားစေချင်ပါဘူး ။  ကိုယ်ကိုယ်တိုင်ရဲ့ လုပ်ရပ်တွေမှာ ကောင်းကောင်းလေး လုပ်ရင် ရလဒ်ကလည်း ကောင်းကောင်း လေး ဖြစ်လာမယ်ဆိုတာ သိကြပါရဲ့နဲ့ ဖြစ်သလို ပြီးစလွယ် လုပ်တတ်ကြပါတယ် .. ပြုမူကြပါတယ် ။ အဲ့ဒီကနေ ဇာတ်လမ်းကစပြီး .. ဘဝဟာလည်း ဖြစ်ကတတ်ဆန် ဖြစ်သွားရော…………..။
ကျနော်တို့ အများစုမှာ အဖွဲ့အစည်းနဲ့ လုပ်ကြရတဲ့သူတွေ များပါတယ် ..။ ဒီလို အဖွဲ့အစည်းနဲ့ သွားနေတဲ့ လမ်းပေါ်မှာ .. တာဝန်သိစိတ် တာဝန်ယူဆောင်စိတ် ကင်းနေခဲ့မယ်ဆိုရင် … အောင်မြင်မှုအတွက် ချို့ယွင်းချက်တွေနဲ့သာ ရင်ဆိုင်ရပါလိမ့်မယ် ..။ သာမန်လုပ်ဆောင်စရာလေးတစ်ခု တွေ့ပါပြီတဲ့ အဲ့ဒီဟာကလည်း ပေါ့သေးသေးလေးပါ ..။ မလုပ်ပဲ ထားရင်လည်း ရတယ် ။ ဒါပေမဲ့ အဲ့ဒီလုပ်စရာလေးဟာ မလုပ်ပဲ ထားလိုက်ရင် အဖွဲ့တစ်ခုလုံးအတွက် လှလှပပ ဖြစ်မနေဘူး ။ ပြီးပြည့်စုံတဲ့ လုပ်ရပ်မဖြစ်ဘူးဆိုပြီး ရှိနေတတ်ပါတယ် ..။ လုပ်စရာသေးသေးလေးကို စတွေ့ကတည်းကတိုင် လုပ်လိုက်ရင် နောက်ထပ် ပြဿနာ မဖြစ်လာနိုင်ပါဘူး .။ မလုပ်ပဲ ထားလိုက်ရင် အဲ့ဒီ လုပ်စရာလေးက မလုပ်သ၍ ပါနေပါအုံးမယ် ။ ဒီတော့ မပြီးမြောက်သ၍ စိတ်မရှင်းမရှင်းနဲ့ ရှိနေပါလိမ့်မယ် ။
အဲ့ဒီလို အစကတိုင် ကောင်းကောင်းလုပ်မထားတာတွေက နောင်တချိန်အတွက် မသေမချာ ဖြစ်ပြီး နေတတ်ပါတယ် ။ ဒါကို လူတိုင်းသိပါတယ် .. သို့သော် လုပ်ရပ်တွေက တလွဲတွေချည်းပဲဆိုတော့ ရလဒ်ကလည်း အလွဲတွေနဲ့ချည်းပဲ ထွက်လာပါတယ် ..။ ကျနော်ကိုယ်တိုင်နဲ့ ကျနော်တို့ ဗမာ လူမျိုးတော်တော်များများမှာ အဲ့ဒီအကျင့်တွေက ခုထိတိုင်ပါပဲ ..။ ဥပမာ အဆောက်အဦး တစ်ခုဆောက်ပါပြီတဲ့ .. အဲ့ဒီအဆောက်အဦးဟာ သူ့သက်တမ်း နှစ်တစ်ရာဆိုရင် .. လိုအပ်တဲ့ အချိုးအစား ၊ အရည်အသွေး ရှိတဲ့ ပစ္စည်းတွေကို သာ သုံးမှ နှစ်တစ်ရာ ခံပါမယ် ။ အဲ့ဒီလိုမှမဟုတ်ပဲ အရည်အသွေးတွေကို လျှော့ချပြီး စတည်ကတည်းက ဖြစ်ကတတ်ဆန် အခြေချခဲ့မယ်ဆိုရင် . နှစ်တရာ သက်တမ်းအတွက် သေချာမည်မဟုတ်ပဲ ရင်တထိတ်ထိတ်နဲ့ ဘယ်အချိန် ပြိုကျမလဲ ဆိုတဲ့ စိုးရိမ်မှုတွေ နဲ့သာ မလှမပ ဖြတ်သန်းရပါလိမ့်မယ်  ..။
လူတိုင်းလိုလိုမှာ လူရဲ့သဘောသဘာဝအရ ပင်ပန်းတာကို မခံချင်ကြပါဘူး ။ ဒီတော့ လွယ်တာကိုပဲ လုပ်ကြတယ် ။ ခံစားစရာဆိုရင်လည်း ကောင်းတာကိုမှ ခံစားချင်ကြတယ် ။ ဒါ သဘာဝ ပါ ။ သို့သော်လည်း မိမိတို့ပတ်ဝန်းကျင် ၊ လူတစ်ဦးနဲ့ တစ်ဦး  စသည်တို့အတွက် စည်းစနစ်ကတော့ ရှိမှ သာယာမှု ၊ အဆင်ပြေမှုဆိုတာ ဖြစ်လာမှာပါ ။ အထင်သာဆုံးဥပမာကို ပြရမယ်ဆိုရင်တော့ .. ခုခေတ် တိုးတက်တဲ့ နိုင်ငံတွေနဲ့ ကျနော်တို့ အမိမြန်မာနိုင်ငံပါပဲ ..။ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံသဘောတရား အခွံက တိုးတက်ချင်ပေမဲ့ .. အနှစ်ဖြစ်တဲ့ နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေ ၊ စည်းကမ်း မရှိမှုတွေ ၊ ရေသာ ခိုလိုတဲ့ စိတ်တွေကြောင့် .. တိုးတက်မှု နှေးကွေးပြီး အများနိုင်ငံအလယ်မှာ မျက်နှာ ငယ်ရတာ အသိသာကြီးပါပဲ ..။ ကျနော်ဆိုလိုချင်တာကတော့ ဘာပဲလုပ်လုပ် စနစ်တကျလေး အလျှော့မရှိ လုပ်စေချင်တာပါပဲ ..။ ဥပမာ မဖြစ်မနေလုပ်ရမဲ့ အလုပ်တစ်ခုဆိုပါတော့ ..။ အချိန်လည်း တနာရီပေးရမယ် ..။ နောက် ပစ္စည်းတွေကိုလည်း သတ်မှတ်ချက် အထိ ထည့်ရမယ်ဆိုရင် .. ထိုအလုပ်ထဲကို ကျနော်တို့၇ဲ့ ကောင်းစေချင်တဲ့ စေတနာတွေ ၊ လှလှပပ ဖန်တီးချင်တဲ့ စိတ်ဓါတ်တွေ ၊ တာဝန်သိတဲ့ စိတ်ဓါတ်တွေ ကို ထပ်ထည့်လိုက်ပါ ။ အဲ့ဒီလို ထပ်ထည့်လိုက်မယ်ဆိုရင် ထိုအလုပ်အတွက် ဖြစ်ပေါ်လာမဲ့ ရလဒ်ဟာ တိတိပပကို လှပနေမှာ သေချာပါပဲ ..။ ဒါကိုလည်း သညာအသိနဲ့ သိကြတဲ့သူများပါတယ် .. သို့သော် လက်တွေ့တွေမှာ သိတဲ့အတိုင်း လုပ်ရပ်တွေအတွက် မထည့်ပေးနိုင်ကြလို့  ဂုဏ်ယူစရာတွေ မပေါ်လွင် ဖြစ်နေကြတာပါ ။
လုပ်ရပ်တွေကို လှလှပပ မလုပ်တာဟာ အချိန်ကို မလေးစားတဲ့ စိတ်ကနေ ဆင်းသက်လာတယ်လို့ ဆိုချင်မိပါတယ် ။ ထိုကနေတဆင့် မိမိဆီမှာ ဖြစ်ပေါ်လာမဲ့ နောက်ထပ်အရည်အချင်းတွေပါ ချို့ယွင်းလာပြီး အကျင့်စာရိတ္တဆိုင်ရာအထိ လွဲချော်လာပါတယ် ။ ဒီအချက်ကို ကျနော်တို့ လူငယ်တွေနဲ့ တချို့ လူလတ်ပိုင်းတွေ အသိနည်းတယ်လို့ ဆိုချင်မိပါတယ် ..။ ဘာကြောင့်လဲဆိုရင် လုပ်ရပ်တွေက သက်သေ ဖြစ်နေလို့ပါပဲ ..။ အများစုက ဆိုကြမှာပါ .. မြန်မာတွေ စေတနာ ကောင်းကြတယ် ပေါ့ ..။ အရင်တုန်းကတော့ ဟုတ်ချင် ဟုတ်ခဲ့ပါမယ် .. (ကျနော်လည်း အဲ့အချိန်က မမွေးသေးတော့ မသိပါဘူး ) ။ ကောင်းတဲ့သူတွေလည်း ရှိခဲ့ပါတယ် ၊ ရှိကြပါတယ် ( နည်းတယ်လို့ ဆိုချင်ပါတယ် ) ။ ယခု ကျနော့်အနေနဲ့ အဲ့ဒီ စေတနာ ကောင်းကြတယ်ဆိုတဲ့ အထင် အမြင်မှန်ပါသလားလို့ စဉ်းစားရင် မမှန်ပါဘူးလို့ပဲ ဆိုချင်ပါတယ် ။တချို့တချို့တွေတော့ ရှိကောင်းရှိမှာပါ ။ ရှိနေရင်လည်း အမြဲ စေတနာ ကောင်းမနေနိုင်ပါဘူး ။ ဘာကြောင့်လဲဆိုရင် ထွက်ပေါ်လာတဲ့ ရလဒ် တွေကြောင့်ပါ  ။ ဒီတော့ ရလဒ်တွေက ကျေနပ်စရာ နည်းနေပါတယ် ။ ဒါဟာ စကတည်းက လုပ်ရပ်ထဲ ထည့်လိုက်တဲ့ လုပ်အားကြောင့်လို့ ယူဆပါတယ် ။  .. အများစုမှာ စိတ်ကောင်းတွေ ဆင်းရဲနေကြတာပါ .. ။အဲ့ဒီလိုမှမဟုတ်ပဲ ကျနောတို့ တတွေရဲ့ အများစုဆီမှာ  စေတနာတွေ ကောင်းကြည့်ပါလား အရာရာဟာ စည်းချက်ညီပြီး စိတ်ကူးထားတဲ့ အတိုင်း လိုသလို ပုံဖော်နိုင်လာပါလိမ့်မယ် ။ အဲ့ဒါကို ကျနော် ယုံကြည်ပါတယ်  ။
ဘယ်အလုပ်ကိုပဲဖြစ်ဖြစ်ပါ ..စေတနာနဲ့ လုပ်ရပ်ကောင်းကောင်းတွေ ထည့်ပေးစေချင်ပါတယ် ။ ဒါမှ တိုးတက်မှုဆိုတာဟာလည်း  ကိုယ်လုပ်ရပ်အတိုင်း လှလှပပ ပုံပေါ်လာပါလိမ့်မယ် ။ လူလူချင်းဆက်ဆံတာတွေ မှာလည်း ထို့အတူပါပဲ ..။ မိမိဆီကနေ ဘာမှ ယုတ်လျှော့တာလည်း မဟုတ်ပဲ ကောင်းတာ မပေးချင်ကြတဲ့ အတ္တမာနတွေကြောင့် လူမှု ဆက်ဆံရေးတွေမှာ မပြေလည်ပဲ ခက်နေတာပါ  ။ တကယ်တော့ စေတနာနဲ့ လေးစားမှုဟာ မွန်မြတ်ခြင်းတွေပါပဲ ။ အလုပ်အပေါ်မှာဖြစ်စေ သက်ရှိ တွေပေါ်မှာဖြစ်စေ .. ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်နေပါစေ .. တန်ပြန်အကျိုးဟာလည်း ထပ်တူညီ ဖြစ်လာပါလိမ့်မယ် ။ နေရာတိုင်းအတွက် ရလဒ်ကောင်းလိုချင်ရင်တော့ မိမိကနေ ပေးဆပ်မှုကို အစစ်အမှန်သာ ပေးလိုက်ပါ .. တန်ပြန်ဟာလည်း အစစ်အမှန်ပဲ ဖြစ်နေပါလိမ့်မယ် ..။
ဘာနေ
၂၇၊အောက်တိုဘာ၊၂၀၁၁
Advertisements
One thought on “လှလှပပဖန်တီးပါ
  1. လူဖြစ်လာရင်တာဝန်ရှိပေါ့
    တာဝန်သိမှတာဝန်ကျေ။
    တာဝန်မကျေနောင်တပွါးလို့
    စီးပွါးပညာ ကျန်းမာခြင်းတို့
    လှော်ရင်းနစ်တတ်ဖြစ်တတ်ပေ။
    လူတိုင်းကိုယ်စီတစ်နေ့ကျတော့
    ဘ၀ခုံးရုံးတက်ရမလေ။
    တရားလိုလဲကိုယ်
    တရားခံလဲကိုယ်
    တရားသူကြီးလဲကိုယ်။
    ကိုယ်တိုင်စစ်မေး ကိုယ်ပြစ်ပေး
    ပူဆွေးကိုယ်ပဲလေ။ (ဦးဌေးလှိုင်)
leave a reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s