တကယ်မမေ့စရာပါ

ဘယ်လို စီစဉ်ထားသလဲ သူငယ်ချင်း ..။
ဘဝ သံသရာ သီချင်းလိုပဲ … ကျနော်တို့ နေထိုင်တဲ့ လူ့လောကကြီးမှာ အကောင်းအဆိုး  ရောနေသလို၊  ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေရောပါ လက်ရှိ တွေ့ကြုံနေရတယ်ဆိုတာကိုတော့ လူတိုင်းလက်ခံထားကြမယ်ထင်ပါတယ် ..။ မိမိဘဝတစ်လျှောက်လုံးအတွက် လူတိုင်း စိတ်ကူးယဉ် မျှော်မှန်းချက်တွေဖြင့် ၊ အိပ်မက်ကလေးတွေ ကိုယ်စီဖြင့် စီစဉ်သလိုလေးတွေ ရှိတတ်ကြပါတယ် ..။ ငါဖြင့် ဘဝမှာ ဘယ်လိုလေးမျိုး ၊ ဘယ်နေရာလေးမှာ ၊ ဘယ်လိုသူတွေနဲ့ ၊ ဘယ်လို အဆင်ပြေပြေနေသွားမယ် ။ အဲ့ဒါက တပိုင်း .. နောက်ပြီး သူတို့ စိတ်ကူးတွေထဲမှာလည်း သူတို့ကိုယ်တိုင်အတွက် မွေးဖွားခြင်း ဖြစ်တည်လာလို့ သေဆုံးခြင်း ဆိုတာလည်း ရှိလာမည်မှာ မလွဲဘူးဟု ခံယူထားကြပါလိမ့်မယ် ..။ အဲ့ဒီလိုသာ ခံယူထားကြပေမဲ့ တကယ်တော့ ကျနော်အပါအဝင် အားလုံးလိုလို သေရမယ်ဆိုတာအတွက် ပေါ့ပေါ့လေးပဲ တွက်ထားကြပါတယ် ..။
ကျနော်တို့ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေဟာ ကျနော်တို့ မသေဆုံးခင်မှာ ဖြစ်ချင် လုပ်ချင်ကြတာပါ ..။ ဒီအချိန်မှာ နည်းနည်း စဉ်းစားစရာ ရှိလာပါတယ် ..။ ကျနော်တို့အတွက် သေခြင်းဟာ သက်တမ်းစေ့မှ လာမှာလား ဆိုတဲ့ မေးခွန်းလေးပါ ..။ လူတိုင်းလိုလိုဖြေကြမယ်ထင်ပါတယ် .. ကျနော်တို့အတွက် သေခြင်းဟာ ဘယ်အချိန်ဘယ်ကာလရယ်လို့ သတ်မှတ်မထားပါဘူး ..။ အချိန်မရွေး သေသွားနိုင်ပါတယ် ..။ အဲ့ဒီအချက်ကို သင် လက်ခံထားမယ်ဆိုရင် .. ခု စာဖတ်သူ မိတ်ဆွေအတွက် မိမိအနာဂတ် စီစဉ်ထားတဲ့ လမ်းကြောင်းလေးမှာ စိတ်ချရအောင် ဘယ်လိုများ စီစဉ်မိပါသလဲ မေးချင်မိပါတယ်…။ အမေးအတွက် အဖြေဆိုတာရှိသလို .. သင် ဖြေနိုင်ပါလိမ့်မယ် .. ။ အများစု ကျနော်တို့ အဖြေတွေမှာ သေခြင်းကို မေ့ထားကြပါတယ် .. ။ အချိန်အခါမရွေးသေမယ်ဆိုတာကိုမေ့ထားပြီး အချိန်အခါတွေနဲ့ ကောင်းတယ်၊ မွန်မြတ်တယ်၊ အကျိုးရှိတယ် ထင်တာတွေကို လုပ်ဆောင်ဖို့ရာ အတွက် ဆိုင်းငံ့ထားတာမျိုးတွေနဲ့ချည်းပါပဲ ..။

ကျနော်တို့ မွေးဖွားတယ် ကြီးပြင်းလာကြတယ် .. နောက် ခုလိုငယ်ရွယ်ချိန်မှာ ပညာသင်မယ် ၊ အရွယ်ရောက်လာချိန်မှာ ပစ္စည်းဥစ္စာ စုဆောင်းမယ် ၊ အိမ်ထောင်သားမွေး ပြုမယ် ၊ လှပတဲ့ မိသားစုလေးနဲ့ နေမယ် ၊ အလှူအတန်း ပေးကမ်းခြင်းတွေလုပ်မယ် ၊ အသက် ငါးဆယ်လောက်ရောက်တဲ့အခါ တရားဓမ္မလေးတွေနဲ့ ပျော်မွေ့နေမယ် ၊ သေခြင်းတရားနဲ့ ရင်ဆိုင်ဖို့အတွက် သေရမှာ မကြောက်ရတဲ့ အကျင့်မြတ်တွေ လုပ်ဆောင်မယ် စသဖြင့် ကျနော်တို့ ရဲ့ ယေဘုယျ အတွေးမှာ ရှိတတ်ပါလိမ့်မယ် … ။ သေခြင်း ဆိုတာဟာ အချိန်မရွေးလာနိုင်တာမို့ ကျနော်တို့ သက်တမ်း ကုန် 70လောက်ထိအောင် စောင့်နေမဲ့ အမျိုးအစားတော့ မဟုတ်ဘူး ဗျ ..။ ခုကျနော်ပြောနေတာက မျှဝေတဲ့သဘောလို့ စကားရပ်ပြီး ဝန်ခံပါရစေဗျာ .. ကျနော်လည်း လူထဲက လူတစ်ယောက်ပါပဲ .. တရားဆိုတာလည်း အများသိသလို သညာသိ လောက်ပါပဲ . ..။ သို့သော် ကျနော်တို့ ဘဝနဲ့ ယှဉ်ပြီး တကယ်တွေးကြည့်တဲ့အခါ ယခု ကျနော်တင်ပြထားတာတွေဟာ စိတ်ထဲ ပေါ်လာတာမို့ သတိထားတတ်တဲ့သူများကို သတိပေးရာ ရောက်လေမလားဆိုပြီး မျှဝေခြင်းပါပဲ ..။ တတ်ရောင်ကား ပြောနေသလိုပဲ ထင်မြင်ကြည့်စေလိုပါတယ် .. ။ နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ။

ဟုတ်ပါပြီ .. ကျနော် မေးတာတွေအတွက် မိတ်ဆွေအနေနဲ့ မိမိလက်ရှိဘဝမှာ ဘယ်လိုပြင်ဆင်မလဲ ဆိုတဲ့ အတွေးပေါ်လာပြီလို့ ထင်ပါတယ် ..။ ဒီနေရာမှာ ကျနော်တို့ရဲ့ နောက်ဆုံးအချိန် သေခါနီးအချိန်လေးကို တွေးကြည့်စေချင်ပါတယ် ..။ သေခါနီးမှာ ဘာတွေ လိုချင်မလဲ ..၊ ဘာတွေလုပ်ချင်မလဲ ၊ ဘယ်လိုသူတွေနဲ့ စကားပြောချင်မလဲ ၊ ဘာတွေကို ချန်ထားခဲ့ချင်မလဲ စသဖြင့် ကျနော်တို့ သေချာတွေးရင် သေချာ မြင်လာပါလိမ့်မယ် .. ။ အဲ့လိုတွေးတာကို သေချာ ထင်ပေါ်လာစေဖို့ အတွက် အချိန်တစ်ခု ပြောကြည့်ပါမယ် ..။ ညမအိပ်ခင်အချိန်လေးမှာ ကျနော်တို့ သေခြင်းနဲ့ပတ်သက်ပြီး မသေခင် ဘာတွေလုပ်ချင်သလဲဆိုတာ စဉ်းစားချင့်ချိန်တာ အကောင်းဆုံးလို့ ယူဆပါတယ် ..။ ညအိပ်ပျော်သွားတာကို သေတယ်လို့ ယူဆပြီး မအိပ်ခင်လေးမှာ ဒီသေခြင်း (အိပ်ခြင်း) ကို ဘယ်လို ရင်ဆိုင်မလဲ ကျနော်တို့ ဘဝတစ်ခုလုံးစာအတွက် နောက်ဆုံး အချိန်မှာ ဖြစ်နေချင်တဲ့ စိတ်အိမ်ပုံစံမျိုး ဝင်စားကြည့်ပါ .. ။ ကိုယ်ဖြစ်ချင်တဲ့ စိတ်တည်ငြိမ်မှု ဖြစ်သလား ၊ စိတ်ပျံ့လွှင့်သလား ၊ ပူပန်နေသလား ၊ သားရေး သမီးရေး အတွက် စိုးရိမ်နေသလား ဆိုတာတွေကို ချိန်ဆကြည့်ပါ .. ။
လိုသလို ဖြစ်မနေဘူးဆိုရင်တော့ မိတ်ဆွေအနေနဲ့ ရခဲတဲ့ လူ့ဘဝအတွက် တန်ဖိုးရှိသူဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေပြီလို့ ယူဆရပါလိမ့်မယ် ..။ ဘာလို့လဲဆိုရင် အထက်အစမှာ ပြောခဲ့သလိုပဲ သေခြင်းက အချိန်မရွေး လာနိုင်တယ်ဆိုတာကြောင့်ပါ ..။ အကယ်၍ ကျနော်တို့ သက်တမ်းစေ့မနေရဘဲ ခုလို အချိန်တိုအတွင်းမှာ သေသွားရမယ်ဆိုရင် .. ကျနော်တို့လိုချင်တဲ့ အဆုံးသတ်မျိုးနဲ့ ဖြတ်သန်းနိုင်ပါ့မလား ..။ တွေးစရာပါ .. အမှန်တကယ်ကို ကျနော်တို့ စဉ်းစားစရာ ပါ .. မမေ့စရာပါ ..။ မသေချာတဲ့ ဒီလို ဒုက္ခများတဲ့ လူ့လောကမှာ မိမိအသိဥာဏ်ကို ဦးစားမပေးပဲ မနေမိပါစေနဲ့ .. ။ ယခုလို နားလည်အောင် ဖတ်နိုင်တဲ့ အသိရှိဖို့ဟာလည်း တော်တော်ခဲယဉ်တယ်ဆိုတာ မမေ့ပါနဲ့ ..။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း ခု စာဖတ်သူ မိတ်ဆွေလို ကိုယ့်ဘဝအကြောင်းနဲ့ တန်ဖိုးရှိတဲ့ အချက်တွေကို နားလည်တဲ့သူတွေချည်း ဖြစ်မနေဘူးဆိုတာ သိထားစေချင်ပါတယ် ..။
ခုအချိန်တွေမှာ ဘာလုပ်သင့်သလဲ ဆိုတာကို မိမိစိတ်မှာ သိနေပါလိမ့်မယ် …။ စိတ်တည်ငြိမ်မှု ဖြစ်အောင် ဖန်တီးဖို့ကတော့ မဖြစ်မနေပါပဲ ..။ ပုံမှန်ဖြတ်သန်းနေကြ ဘဝပုံစံကွက်ထဲမှာ လုပ်ဆောင်အားတွေ မယုတ်မလျှော့ စေတဲ့ အသိဥာဏ် တွေ ထပ်ပေါင်း နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ..။ အရှင်းလင်းဆုံးကတော့ သတိတရား ကို ထည့်သုံးစေချင်ပါတယ် ..။ ပိုပြီး အေးချမ်းလာတာကိုလည်း သိလာပါလိမ့်မယ် ..။ ကျနော်တို့ စားဝတ်နေရေးအတွက်လည်း လုပ်ဆောင်နေရတာမို့ အလုပ်လည်းမပျက် မေ့လျှော့ခြင်းလည်း မဖြစ် ပုံစံမျိုးဖြင့် ဖြတ်သန်းစေချင်တာပါ … ။ ခု ကျနော်ပြောသလို ကျနော်တို့ အားလုံးဟာ လက်ရှိတနေ့တာကို သတိရှိရှိဖြတ်သန်းကြမယ်ဆိုရင် … လူသားတစ်ယောက် ဖြစ်တဲ့ ကျနော့်အနေနဲ့ ဂုဏ်ယူမိပါကြောင်း အသိပေးချင်ပါတယ် ..။ ခုကျနော်ဆိုလိုချက်တွေအတွက် လုပ်ဖို့ရာမှာ လွယ်တယ်လို့တော့ မထင်လိုက်လေနဲ့အုံး .. ဘယ်လိုမှ လုပ်မရဘူး ခက်တယ်လို့လည်း မထင်လိုက်ပါနဲ့အုံး ..။ ဒါပေမဲ့ မလုပ်ရင် မဖြစ်လာပါဘူးလို့တော့ အသိပေးချင်ပါတယ် ..။ သတိမြဲ သတိရှိနေဖို့မှာ မလွယ်ပါ .. လုပ်ဆောင်ခြင်း ဝီရိယ ထည့်မှ ရပါလိမ့်မယ် …။း) အများစုအတွက် အသိဆိုတာမှာ ခုလိုမျိုး အချိန်သာ ဒီလို အသိစိတ်ရှိနေတာပါ.. ကျန်တဲ့ အချိန်တွေမှာ စိတ်ပျံ့လွှင့်ပြီး တွေးနေကြ ဘောင်ထဲ ရောက်ရောက်သွားတာ များပါတယ် …။
ဒီတော့ ပစ္စုပ္ပန် စက္ကန့်လေးတွေကိုပဲ တန်ဖိုးထားတတ်အောင် ကျနော်တို့ တော်တော်အားယူရအုံးမှာပါ ..။ ကျနော့်ရဲ့ ဆန္ဒကတော့ သတိမြဲတဲ့ သူတစ်ယောက် ဖြစ်စေချင်မိတာပါ ..။ လုပ်နိုင်တဲ့သူတွေအတွက် လုပ်သလောက် ရပါလိမ့်မယ် ..။ ထို့အတွက် လုပ်နိုင်တဲ့သူများ ဖြစ်ကြပါစေလို့သာ တောင်းဆုပြုပါတယ် ။ … နောက်ဆုံး အနေနဲ့ ကျနော်ရဲ့ နေ့စဉ် ပြုမိသလောက် ကောင်းမှု ကုသိုလ်ကို စာဖတ်သူမိတ်ဆွေနဲ့ အတူ အားလုံးအား အမျှပေးဝေပါတယ် ..။ သာဓု ခေါ်ဖြစ်အောင် ခေါ်ပါလို့သာ အသိပေးချင်ပါတယ် ..။ ကျနော်လည်း ထို့အတူပဲ သူတော်ကောင်းများရဲ့ မျှဝေချက်တွေကို ရည်မျှော်မှန်းပြီး သာဓု သုံးကြိမ် ခေါ်နေမည်မှာ ဧကန်ပါပဲ ..။
ဘာနေ
24-10-2011

Advertisements

3 thoughts on “တကယ်မမေ့စရာပါ

  1. ကျေးဇူးပါဘာနေရေ
    မှတ်သားစရာ ဘ၀ အတွက်လူတိုင်းမမေ့ အပ်တဲ့ သေခြင်းတ၇ားကို ဆွေးနွေးထားလို့ ပါ။
    ပစ္စုပ္ပန် စက္ကန့်လေးတွေကိုပဲ တန်ဖိုးထားတတ်အောင် ကျနော်တို့ တော်တော်အားယူရအုံးမှာပါ ..။ ဟုတ်ပါတယ်
    တို့တွေလဲ သေခြင်းကို တနေ့  မုချရင်ဆိုင် ၇မှာမလွဲမို့  သေတတ်အောင် ပြင်ဆင်၇င်းနဲ့
    သေခြင်းတ၇ားကို အကောင်းံဆုံး နှလုံးသွင်းမှုနဲ့ ဖြတ်ကျော်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
    လက်ရှိအချိန်ထိတော့  ကြိုးစားနေဆဲပါဘဲ။သေခါနီး အချိန်မှာတော့ တရားမှတ်ရင်းနဲ့ ဘဲ သေသွားချင်ပါတယ်။

  2. ဒီပို့စ်လေးကိုဖတ်ပြီးအတွေးဝင်မိတယ်ဗျာ ။ အသက်ထွက်ခါနီးအခိုက်အတန့်ကာလလေးရဲ့ သဘောသဘာဝ တွေကို လေ့လာထားသင့်တယ်လို့ထင်မိလာတယ် ။ ဒီအခိုက်အတန့်လေးက ဘ၀ဟောင်းနဲ့ဘ၀သစ်ကိုကူးပြောင်းခါနီးအခိုက်အတန့်ဆိုတော့အရေးကြီးတယ်မို့လားဗျာ။
    (ဗုဒ္ဓဘာသာဆိုရင်ပေါ့ဗျာ) ဒီအခိုက်အတန့်လေးအကြောင်းကိုကျယ်ကျယ်ဝံ့ဝံသိနားလည်
    ထားမယ်ဆိုရင် လက်ရှိပစ္စုပ္ပန်အချိန်လေးတွေကိုပိုတန်ဖိုးထားမိလာမလားလို့အတွေးဝင်မိ
    ပါတယ်။ လေ့လာလိုက်ပါအုံးမယ် မိတ်ဆွေကြီး။ သတိပေးဖော်ရတဲ့အတွက် ကျေးဇူးပါ။

  3. ဟုတ်ကဲ့ .. အမ… အဲ့ဒီအသိဟာ လိုအပ်ချက်ပါ..။ တွေးထားသင့်တာပါ .. ။ သေခြင်းက ဘယ်အချိန်လာမယ် မသေချာတာမို့လေ။

    >> ဟုတ်ကဲ့ မိတ်ဆွေကြီး ..။ ဒီလိုပါပဲ သိသလောက် မျှဝေမိတာပါ ..။ မိတ်ဆွေကြီးလည်း သိတာတွေ မျှဝေစေချင်ပါတယ် ..။

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s