- ကိုယ့်ကိုယ်ကိုမှာ ချစ်တာရော မုန်းတာရော .. ကျေနပ်တာရော မကျေနပ်တာရော ရှိနေတယ် …
- ကျနော့် စိတ်မှာ မနာလိုမှုရှိတယ်
- ကျနော့်စိတ်မှာ ယှဉ်ပြိုင်လိုစိတ်ရှိတယ်
- ခံစားတတ်တဲ့ စိတ်ကြောင့် ဝမ်းနည်းတတ်တယ် ..
- ထင်ပေါ်ကြော်ကြားချင်စိတ်ရှိသလို အများပေါ် ကောင်းချင်စိတ်လည်းရှိတယ်
- နားမည်ကောင်းရချင်စိတ်ရှိသလို … အနစ်နာခံတတ်တဲ့ စိတ်လည်းရှိတယ်
- အပေါင်းအသင်းတွေနဲ့ အဆင်ပြေချင်ပေမဲ့ .. အများအလိုကို မလိုက်တတ်ဘူး ဖြစ်နေတယ်
- ဟောင်းနွမ်းတဲ့ အဝတ်အစားတွေ ရှိပေမဲ့ ထို့အတွက် စိတ်မညစ်တတ်ဘူး …
- တခါတခါ အတွေးခေါင်တယ် .. သို့သော် မရမက ပေကပ်ပြီးလည်း တွေးတတ်သေးတယ်
- ခေါင်းမာတယ်လို့ပြောပေမဲ့ နှလုံးသားက နုတယ် ..ခံစားလွယ်တယ် ..
- တခါတခါ လူတွေအမြင်မှာ တင့်တယ် ဟန်ကျတဲ့ အလှသဘောမျိုးရှိချင်ပေမဲ့ လှဖို့က နံပါတစ်မဟုတ်ဘူးဆိုတာ နားလည်ထားတယ် .. ပြီး ရှိနေဖြစ်နေရနေတဲ့ ရုပ်ကို လွှင့်ပစ်လို့မှ မရတာ..
- တဖက်သားဘက်က ကြည့်တတ်တဲ့ အမြင်ရှိပေမဲ့ တခါတခါ ဒေါသထွက်တတ်တယ်…
- တခါတခါ ငါ့ပတ်ဝန်းကျင်က တချို့သူတွေ ငါ့လောက် မသိပါလားဆိုတဲ့ မာန ရှိနေပြန်တယ်
- သို့သော် ကိုယ်ကိုယ်တိုင်က ကြိုးစားမှု မရှိဘူး …
- တဖက်သားကို အားနာတတ်ပေမဲ့ ကိုယ့်အပေါ်ကြောသွားတာမျိုးကိုတော့ မခံရပ်နိုင်ပြန်ဘူး ..
- တရားဆိုတာကို လုပ်ရမယ်မှန်းသိရက်နဲ့ မလုပ်ပဲ အချိန်ရှိသယောင် နေတတ်တယ်
- သိတာတွေရှိပေမဲ့ လုပ်ရပ်တွေက တလွဲတွေက များတယ်…
- ကိုယ်သာ လိုက်မလုပ်တာ သူများကိုတော့ ဆရာလုပ်လေ့ရှိတယ် …
- ကိုယ်သာ ဆရာလုပ်ချင်တာ ကိုယ့်ကို ဆရာလုပ်ရင်တော့ မကြိုက်တတ်ပြန်ဘူး ..
- ကိုယ့်ကို တော်လိုက်တာ လိမ္မာလိုက်တာဆိုပြီး ပြောသံတွေအတွက် လိပ်ပြာမလုံတတ်ပြန်ဘူး
- ကျေးဇူးတရားကို ဆပ်ချင်ပေမဲ့ ကျေးဇူးပြုစရာနဲ့ အလှမ်းဝေးနေပြန်တယ်
- အများနဲ့လိုက်ပြီး စရိုက်တူသလိုဖြစ်အောင် လုပ်နေပေမဲ့ သူတို့တွေကြားမှာ ဟန်ဆောင်မှုတွေ ပါနေတယ်
- ခုထိ ဘဝကို စိတ်မှန်းနဲ့တောင် အဆုံးမသတ်ရဲသေးဘူး
- ငါ ဘယ်လိုပုံစံမျိုးနဲ့ နောက်ဆုံးအချိန်ထိနေသွားနိုင်မလဲ ဆိုတာတွေပေါ့…
- အများက ရိုးသားတယ်ထင်ရတဲ့ ကိုယ်ကိုယ်တိုင်တောင် မုသားက မကင်းဘူးဆိုတော့ မရိုးသားဘူးထင်ခံရတဲ့သူတွေ ဘယ်လိုရှိနေပါမည်လဲ ..
- တခါတခါ အမြင်နဲ့လက်တွေ့ ကွဲပြားပေမဲ့ အဲ့ဒီ ထင်မြင်ခြင်းဟာ ရှားပါးတတ်တဲ့ အရာပါ။
- ထင်တာမြင်တာတွေဟာ လူတွေရဲ့ သင်ပြမှုအောက်က သင်ခန်းစာတွေပါပဲ …
- တခါတခါ ကိုယ်ကိုယ်တိုင် လိမ်ထားတာတွေကို ဖော်ဖို့ ဝန်လေးနေတတ်ပြန်ပါတယ် ..
- သို့သော် ပြစ်မှု မကြီးဘူးဟုသာ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရပေါင်းလည်း များလှပါပြီ
- ပြုလွယ်ပြင်လွယ် ခံစားလွယ်တာတွေများလွန်းလို့ နှလုံးသားနဲ့ စိတ်ဓါတ်ဟာလည်း ခဲဖျက်နဲ့ တိုက်ဖျက်ပါများတဲ့ စာရွက်လို ပါးပါးပြီး ပေါက်လာပါတော့မယ် …ကြာလာရင် လွယ်မည်မထင် … 🙂 ။
- “သူများကြတော့ သံဘရတ်နဲ့ ကိုယ့်ကြတော့ ငှက်မွေးလေးနဲ့ အတင်းတုတ်တတ်တဲ့သူတွေကို အမှန်အကန် သဘောမကျပါဘူး” .. ။
- အဲ့ဒါတွေသည် .. လတ်တလော ရေးချင်တာများဖြစ်ပါသည် ။ သည်းညည်းခံပြီး နားလည်ပေးကြပါကုန် ..။
ဘာနေ
၁၈-စက်တင်ဘာ-၂၀၁၁
ကိုယ့်ကိုကိုယ် အမှန်အတိုင်း မြင်တတ်တာဟာ ထူးခြားတဲ့ အရည်အချင်းပါ။ လူဆိုတာ ကိုယ့်ကိုကိုယ် အမှန် မြင်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို သုံးသပ်တတ်ဖို့ အရေးအကြီးဆုံးဘဲ။ ကိုယ်ဘာလုပ်ချင်တယ်၊ ကိုယ်ဘာတွေနှစ်သက်တယ်၊ ဘယ်ဟာကိုတော့ မကြိုက်ဘူး၊ ကိုယ်အခု ဘာဖြစ်နေတယ် စသည်ဖြင့် ကိုယ့်ဘာသာကိုယ် “အသိ” ဆိုတဲ့ သိမှုလေးတစ်ခုဟာ အရမ်းအရေးကြီးပါတယ်။ လူဆိုတာ သူများရဲ့ အပြစ်၊ အားနည်းချက်ကိုဘဲ အရင်ဆုံး မြင်ကြတာ၊ ကိုယ့်ရဲ့ အားနည်းချက်၊ လိုအပ်ချက်၊ အပြစ်တွေကိုကျတော့ မြင်ပေမယ့်လည်း မမြင်ချင်ယောင်ဆောင်တတ်ကြသလို အမှန်ကို မြင်နိုင်ဖို့လည်း မကြိုးစားကြဘူး။ အမကတော့ ဘာနေ ကိုယ့်ကိုယ်ကို မြင်နိုင်အောင် ကြိုးစားတဲ့အတွက် ဂုဏ်ယူမိပါတယ်။ အမလည်း ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း အမြဲမြင်နိုင်အောင် ကြိုးစားလျှက်ပါဘဲ။း)
ဟုတ်ကဲ့အမ .. ကိုယ့်ကိုယ်ကို ရိုးရှင်းနိုင်သလောက် ရိုးရှင်းအောင်နေချင်မိတာပါ .. လူ့ဘဝဆိုတာမှာ အကောင်းရော အဆိုးရော ရောနေတာမို့ ဘယ်သူမှ အမှားမကင်းနိုင်ပါဘူး .. သို့သော် .. သတိထားပြီး ပြင်ပြင်သွားမယ်ဆိုရင် ပိုကောင်းလာနိုင်တာမို့ ..ပါ .. ကျေးဇူးပါ ..
ကာတွန့်လေးတစ်ခုကိုသွားသတိရမိတယ်ဗျာ ၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတော့ဟောဒီလို ဆိုပြီး ဖြေးဖြေးလေးပေါ့ ။ သူများပေါင်ထောင်းတော့ဟောဒီလိုဆိုပြီး နာနာလေးဖိထောင်းတာလေ။
ပြုံးချင်စရာလေးပါ ။ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်တာကောင်းပါတယ် ။
အောင်ချိမ့်ကဗျာ အပိုင်းအစလေးကိုလည်း သွားသတိရမိတယ်ဗျာ။
“ရွှေတိဂုံဘုရားပေါ်ကအဆင်း ၊ လောကမြေပူကိုတန်းနင်းရတာပဲ”တဲ့ ။
အပူအအေး အကောင်းအဆိုး ဒွန်တွဲနေတာကိုက လူသဘာဝပဲမို့လား ။
ဟုတ်ကဲ့ပါ မိတ်ဆွေကြီး .. တခါတခါကြ တခြားသူတွေ အထင်နဲ့ ကိုယ်မှာရှိတာနဲ့ ကွဲလွဲတဲ့အခါ မွန်းကျပ်လာတတ်တာမို့ ဖြေသာရာ ဒီဘလော့ပေါ်မှာပဲ စိတ်ဖြေခြင်းအနေနဲ့ ရေးခြစ်မိတာပါ .. .. အမှန်တော့ လူတိုင်း ကိုယ့်အကြောင်းကို မကောင်းတာ မရှိစေချင်တာပဲလေ.. အဲ့ဒါ မကောင်းဘူးလို့ သိပေမဲ့ လုပ်နေကြတာ ဖုန်းနေကြတာချည်းပဲ .. .. .လောကဓမ္မတာပါပဲဗျာ…။
တခါခါမှာလူအများရှေ့မှာပြုံးပြ၇ယ်ပြနေ၇ပေမဲ့ ကိုယ့်ရဲ့အတွင်းစိတ်ထဲ အားငယ်စိတ်တွေ စိတ်ဓာတ်ကျမှုတွေရောဖြစ်တတ်သလား……………………..
ဖြစ်ခဲ့ဖူးပါတယ် .. နောက်ထပ်တွေ့ရင်တော့ မဖြစ်အောင် ကြိုးစားနေကြည့်မယ်လို့ ဆုံးဖြတ်ထားပါတယ် .. “နေတတ်ရင် ကျေနပ်စရာပါ” ဆိုတဲ့ အချက်ကလေးနဲ့ပေါ့ဗျာ .. 🙂
သိပ်ကောင်းတဲ. မိမိကိုယ်ကို အားမနာတမ်း ဝေဖန်ဆန်းစစ်ပြီး သတ္တိ အပြည်.နဲ.ရင်ဖွင်.ထားတဲ.စာလေးပါဘဲ။
ကျေးဇူးပါ။
လေးစားမိပါ တယ်။
တို.လည်း ဘာနေ လိုရေးနိုင်အောင် အများကြိုးစားရပါဦုးမယ်။
ဟုတ် အမ .. ကျနော်လည်း ကြိုးစားနေကြည့်နေတာပါ ရိုးရှင်းနိုင်သလောက် ရိုးရှင်းအောင်ပေါ့ ..
Fri:..
I want to know barnay….
What does mean barnay?
🙂 my fri, chozinzinaye .My name, barnay mean barnay 🙂 , it is only to call as name. the other is none . i chose this name since i was in middle school. my all friends, class mate call me major-barnay . this name came from Myanmar history text book . so they called me this name barnay after we study this story . So i chose this name as my gtalk nick. That’s all . 🙂
OK Fri: thz ………….:)
i also think u are friendly , helpful and kind. Dont think from the bad point of view . i am very glad because u are my friend .
thank you , my friend,
🙂