လှော်တက်ဖြင့် ပဲ့ကိုင်

အကြောင်းပါလာလို့ ဖြစ်တည်ပြီးမှ

မလိုချင်ဘူး ပြောနေလို့မရဘူး …

ဖြစ်တည်နေတာကို သေသပ်အောင်ကြိုးကိုင်နိုင်မှ

ဟန်ကျကျ အဖိုးတန်တဲ့ လူသားဘဝ ဖြစ်တည်လာမှာ…

ရတာ မလို မဖြစ်ပါနဲ့ လိုတာမရလို့လည်း မညစ်နဲ့

လူ့သဘောသဘာဝက ကိုပဲ လိုအပ်ချက်တွေနဲ့ ကြီးပြင်းဖို့ပါလာပြီးသား  ..

ခက်တယ်လို့လည်း  မညည်းနဲ့

လွယ်တာတွေချည်း ရှိနေရင်လည်း ကိုယ်ဟာ

အသက်သာ ကြီးတဲ့ ခလေးဆိုးကြီး ဖြစ်နေမှာပေါ့… …

ဟန်မကျတာကို ဟန်ကျချင်တဲ့ စိတ်နဲ့ အပိမခံနဲ့ …

ရှိနေတဲ့ဟန်နဲ့ ကိုယ့်ဇာတ်ကို နိုင်အောင်ကတတ်ဖို့လိုတယ်..

လူတွေအကြား ပါးစပ်မပါဘူးဆိုပြီး အားငယ်မနေနဲ့

စကားဖွာသူကို လူတိုင်းမကြိုက်တတ်ဘူး …

လိုအပ်တာကို ဖြည့်စွက် မလိုတာကို လောကွတ်မချော်နဲ့

လောကကြီးက တီးလိုက်တိုင်း မြည်တာကိုပဲ ကြိုက်တယ် …

ကိုယ့်လမ်း သူ့လမ်း ဘယ်သူသာတယ် မနှိုင်းယှဉ်နဲ့

သူ့လမ်းကို ကိုယ်လျှောက်တာမှ မဟုတ်တာ …

ရှေ့တည့်တည့်ကြည့် မျက်စိရှင်ရှင်ထား .

ဘဝတိုက်ပွဲအတွက် ကိုယ်ဟာ ပွဲကြည့်ပရိတ်သတ် မဟုတ်ဘူး ….

ကိုယ့်စိတ်ကိုယ်ထိန်း ကိုယ့်အတွေးကိုယ်စေ

ကိုယ်အလုပ်ကိုလုပ် ကိုယ့်လက်နဲ့ ဝေငှ

ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ ဘုရင်ဖြစ်ပါစေ ..

ရလဒ်အတွက် မတွက်ဆနဲ့

သက်ရောက်မှုတိုင်းအတွက် စိတ်ရင်းမှန်ခဲ့မယ်ဆိုရင်

တလောကလုံး သင့်ကို ကောင်းချီးပေးပါလိမ့်မယ် … ။

ဘာနေ

29-8-2011

Advertisements

7 thoughts on “လှော်တက်ဖြင့် ပဲ့ကိုင်

  1. Good ideas for travelling our lives!
    Yes,we should go straight forward and see our own way while we are walking on our journey.
    We should control our mind when we face difficulties…,
    Thanks for yr good sharing…it is encouragement to us..,

  2. ဘ၀မှာ ရှင်သန်နေထိုင်စဉ် တန်ဘိုးရှိတဲ့ အချိန်တွေကို မလေလွင့်ပဲ အကျိုးရှိရှိ အသုံးချသင့်တယ်။ မိမိရဲ့ ဘ၀ကို မိမိသာ ပုံဖော်နိုင်တယ်ဆိုတာ ကဗျာလေးဖတ်ပြီး ဆင်ခြင်မိပါတယ်။

    (အလည်လာတာ ကျေးဇူးတင်ပါတယ်ရှင်။ လင့်လည်း ချိတ်ထားလိုက်ပါတယ်)

  3. ကိုယ့်စိတ်ကိုယ်ထိန်း ကိုယ့်အတွေးကိုယ်စေ

    ကိုယ်အလုပ်ကိုလုပ် ကိုယ့်လက်နဲ့ ဝေငှ

    ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ ဘုရင်ဖြစ်ပါစေ ……

  4. ကျေးဇူးပဲဗျာ .. ခုလို စာတွေလိုက်ဖတ်ပြီး ထင်မြင်ချက်လေးတွေ ပေးတော့ ကျနော့်မှာ ရေးအားရှိသဗျာ .. ကိုယ်ရေးတဲ့စာ သူတို့တွေ ဖတ်ပေးသဟ ပေါ့ .. ကျေးဇူးပေါင်း မြောက်များစွာဖြင့် ကျေးဇူးတင်နေပါမည် ..

    ဘာနေ

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s