နှလုံးသားကြွေးကြော်သံ

ဘာကိုမှ ထည့်မတွက်ပဲ ချစ်လို့ရမယ်ဆိုရင် ဆင်ခြင်တုံ အသိတရားတွေ ဘေးထားပြီး အချစ်ချည်း သက်သက်ဖြင့် ချစ်လိုက်ချင်ပါသည် ။ ခက်သည်က ခက်သည်မို့ မလွယ်ခြင်းတွေ ရှင်သန်နေလေတော့ ခံစားမှု ချစ်ခြင်းသည်လည်း ကန့်သတ်ချက်နယ်မြေအတွင်းမှာ လိုင်စင်နဲ့သာ လှုပ်ရှားခွင့် ရှိလေတော့သည်။

တဖျတ်ဖျတ်ခါနေတဲ့ နှလုံးသားက ရံဖန်ရန်ခါ အိပ်စက်ချင်တယ်လို့ ဆိုပေမဲ့ အသိဥာဏ်ရဲ့ထိန်းချုပ်မှုအောက်မှာ စက်ရုပ်တစ်ခုဖြစ်နေခဲ့တာတော့ မကျေနပ်နိုင်စရာ  ..။ အဟောင်းကိုဖုန်သုတ် အသစ်လုပ်လို့ မရသလို .. အသစ်ကို ဖုန်ပက်ပြီး အဟောင်းကြီးပါလို့လည်း ဆိုလို့မရလေတော့ တကယ်တမ်း နှလုံးသားရဲ့ စစ်ချက်ထုတ်လိုက်မယ်ဆိုရင် ..  ချစ်သည်က ချစ်သည်ပါပဲလေ… ။ ချစ်တာကြီးကို မလိုချင်ပါဘူးဆိုပြီး အဝေးကို လွှင့်ပစ်ချင်နေပေမဲ့လည်း နှလုံးသားက အသေတပ်ဆင်ထားလေတော့ ရိုက်ချိုးမှပဲ  အဆင်ပြေမယ်ထင်ပါတယ် ..။

တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုလည်း စဉ်းစားကြည့်မိပါသေးတယ် ..။ နှလုံးသားဟာ ခံစားမှုအတွက်ဖြစ်တယ်  ဦးနှောက်ဟာ စဉ်းစားဆင်ခြင်ဖို့အတွက်ဖြစ်တယ် .. ဘဝတစ်ခုဟာ အချိန်ကာလ တစ်ခုအတွင်း အသက်ရှင် ရပ်တည်နေနိုင်ဖို့အတွက် .. ဖြစ်တယ် .. ..အဲ့ဒီလို သူ့သဘောလေးတွေ နဲ့ ရှိနေတာကို ကိုယ်က ဘာလို့ ဖီလာဆန်ချင်နေရတာလဲ .. ဆိုတဲ့ အတွေး ..။ ဘာတွေပဲ တွေးတွေး အချစ်ဆိုတာကြီးက နှလုံးသားထဲမှာ ကန့်လန့်ကြီး ဆွဲအားပြင်းပြင်းနဲ့ တည်ရှိနေတာတော့ မတတ်နိုင်ပြန်ပါဘူး  .. ။

ခုတော့ .. ဘာကိုမှ စီစဉ်မရတဲ့အချိန် နောက်ဆုံးတော့လည်း ကိုယ့်တာဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက် .. ကိုယ့်အလုပ်ကိုယ်လုပ် ဆိုပြီး နှလုံးသား တိုင်းပြည်အတွက် စိတ်ကြိုက် ဒီမိုကရေစီကို ကြေငြာလိုက်ရပါတော့တယ် ..။ နှလုံးသားရော ဦးနှောက်ရော ကျန်တဲ့ အစိတ်အပိုင်းတွေရော လုပ်ချင်တာ လုပ်ကြ ..နှစ်သက်ရာ အောင်ပွဲခံကြ .. ပျော်ကြ ပါးကြ ..  စားကြ သောက်ကြ .. …နေချင်သလို နေကြ ပါ …….. ..။းD (ဘဝနေမဝင်ခင်အချိန်ကလေးအထိပေါ့…………….)

ဘာနေ

26-8-2011

Advertisements

2 thoughts on “နှလုံးသားကြွေးကြော်သံ

  1. ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ်လမ်းကိုယ်လျှောက်ပေါ့ဟုတ်လား။ အချစ်အတွက်ဘ၀ကိုစွန့်လွှတ်ခဲ့တယ် ။ ဘ၀အတွက် အချစ်ကိုစွန့်လွှတ်ခဲ့တယ်။ နှလုံးသားနဲ့ဦးနှောက် လွန်ဆွဲတဲ့ပွဲမှာ ဘယ်အရာက ဓားစာခံလဲ။
    နှစ်လုံးသားနှစ်ခုကပေါက်ဖွါးလာတဲ့“အချစ်”ဆိုရင်တော့ရှင်သန်အောင်မွေးမြူရလိမ့်မယ်။ ကိုယ့်နှလုံးသား
    တစ်ခုထဲကနေရှင်သန်လာတဲ့“အချစ်”ဆိုရင်တော့……………………………….

    1. ဟုတ်ကဲ့ .. တခါတခါ ချစ်ခြင်းဘက်ကို ထိန်းချုပ်ပါများရင် သာမန်လူ့နှလုံးသားက သူ့အလိုမကျ ဖြစ်တတ်ပါတယ် .. . 🙂

leave a reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s